အမေရိကန် ကာကွယ်ရေး လက်ထောက် ၀န်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအ၀င် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုလိုက်သည်။
Friday, 19 October 2012
အရပ်သားထိန်းချုပ်သည့် စစ်တပ် ဖြစ်ရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး
အမေရိကန် ကာကွယ်ရေး လက်ထောက် ၀န်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအ၀င် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုလိုက်သည်။
အမေရိကန် ရခိုင်ကို ကန်ဒေါ်လာ ၂သန်းကျော် အလှူငွေကို UNHCR နှင့် UNICEF တို့ တာဝန်ခံ လှူဒါန်းမည်
လူသားချင်းစာနာထောက်ထားသောအနေဖြ င့်
အမေရိကန်နိုင်ငံက ရခိုင်ပြည်နယ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃ သန်း ထပ်မံ
လှူဒါန်းမှုကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ
ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က တာဝန်ယူလှူဒါန်းသွားမည်ဖြစ်ကြော င်း အမေရိကန်သံရုံးက တရားဝင်ထုတ်ပြန်သည်။
KIA လူသစ်များအတွင်း သူလျှိုများနှင့် စစ်တပ်ထောက်လှမ်းရေးအဖွဲ့များ ပါဝင်လျက်ရှိ
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၉ ရက်
KIA
နဲ့ ဗမာစစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း KIA မှ အရာရှိအဆင့်
၂၆၀ ကျော်အပါအ၀င် စုစုပေါင်း ၂၀၀၀ လောက်သေဆုံးခဲ့တယ်။ သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့
အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲဒီထိခိုက်ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော်လောက်ဟာ
ကိုယ်လက် အင်္ဂါတွေဆုံးရှုံးခဲ့ပြီး ပြန်လည်တာဝန်ထမ်းဆောင်လို့ မရတော့သူတွေဖြစ်တယ်လို့
လိုင်ဇာသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ KIA စစ်ဘက်ခေါင်းဆောင် တစ်ဦးကတော့ “စစ်ပညာအခြေခံနည်းလို့ဖြစ်တာပါ။ ငြိမ်းချမ်းနေတုန်းက
စစ်ပညာဟုတ်တိပတ်တိ မသင်ခဲ့ဘူး။ တကယ်စစ်တပ်နဲ့တိုက်ပွဲဖြစ်တော့ ထိခိုက်ကျဆုံးမှုများတယ်။
သူတို့ စစ်တပ်နဲ့တော့ ဘယ်တူမလဲဗျာ။ တစ်ချို့ကိုလည်း အလွယ်တကူခေါ်သုံးထားရတာ။ သေနတ်ပစ်တတ်တယ် ဆိုရုံပဲရှိတယ်။
စစ်နည်းဗျူဟာပိုင်း ဆိုတာကတော့ ဝေးရော”လို့ ပြောပါတယ်။
Model Physique and Fitness Physiqueပြိုင်ပွဲတွင် အေးအေးစိုး တတိယဆုရရှိခဲ့
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၄၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကြံ့ခိုင်မှုအား ကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားသုံးဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အမျိုးသားကာယဗလပြိုင်ပွဲမှာ မြန် မာနိုင်ငံဟာ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မြန်မာ အမျိုးသမီးတွေကတော့ဒီနှစ်မှ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။
လက်ပံတောင်းတောင် ရဲတပ်ဖွဲ့ ဝင်တွေ အစစ်ဆေးခံနေရ
မုံရွာခရိုင်
ဆားလင်းကြီးမြို့နယ်က လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တ န်
့ပေးဖို့ တောင်း ဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပနေစဉ်မှာပဲ စီမံကိန်း
လုံခြုံရေးတာဝန်ကျနေတဲ့ ရဲအရာ ရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။
လုံခြုံရေးတာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ်
အောင်ဝင်းထွန်းတို့နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်း မှာ ဖမ်းဆီး
စစ်ဆေးခံနေရတာပါ။
မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက်အထင်ကြီးမိဟု အမေရိကန် ပြောကြား
မြန်မာနိုင်ငံ၌
ယနေ့ထိ ဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က အောက်တိုဘာလ ၁၈ ရက်နေ့က
ပြောကြားခဲ့ သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က
နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်သော သတင်း ထုတ်ပြန်ချက် တွင် ယင်းကဲ့သို့
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုင်းပြည်အတွက်
ကြွယ်ဝချမ်းသာပြီး ပြည့်ဝသော ဒီမိုကရေစီအနာဂတ်ဖြစ်ပေါ်ရေးအတွက်
ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေးကြောင်း သတိပြုမိပါသည်ဟုလည်း ၎င်းင်းက
သတင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
တရားဥပဒေစိုးမိုးရေး၊
လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့်
သယံဇာတတူးဖော်ရေး လုပ်ငန်းများတွင်ပွင့်လင်းမြင်သာမှုရှိရေးနှင့်စစ်မှန်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင် တိုး တက် မှုများ
မြင်တွေ့ရန် မျှော်လင့်ပါသည် ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအတွက် မိမိတို့ ကြိုဆိုပြီး
က်န္ရွိေ နေသးေ သာ ႏိုင္ငံေ ရးအ ကျဉ်းသားများကို လွှတ်ပေးရန်၊ ကျန်ရှိနေသေးသော
မသဲကွဲသေးသည့် အမှုတွဲများကိုလည်း ပွင့် လင်းမြင်သာသော
လုပ်ငန်းစဉ်ကျင့်သုံးကာ ပြန်လည်သုံးသပ်ရန်နှင့် လွတ်မြောက်ပြီးဖြစ်သော
အကျဉ်း သားေ ဟာင်းများအပေါ် ထားရှိသည့် >ခင်းချက်များကို အဆုံးသတ်ရန်
အရေးကြီးသည်ဟု မိမိတို့အေ လးအ နက်ထားပါသည်ဟု သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး
ဝီလျံဘန်းစ်သည် ၎င်းင်း၏နေပြည်တော်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ အမျိုး သား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်း
သားလွှတ်တော် ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှုများနှင့်ပတ်သက်၍ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး
ဝီလျံဘန်းစ်က ''အတိုင်း ထက် အ လွန်ကောင်းမွန်ပြီး
အကျိုးဖြစ်ထွန်းသောဆွေးနွေးပွဲများ'' ဟု ပြောကြား ခဲ့ပြီး
နှစ်ဖက် ပုဂ္ဂိုလ်များသည် နှစ်ဦးနှစ်ဖက်၏တူညီသော အကျိုးစီးပွားနှင့်
စတင်ဆောင်ရွက် လျက်ရှိသော နိုင်ငံရေးနှင့်
စီးပွားရေးပြုပြင်ပြောင်းလဲရေးများတွင် ရှေ့ဆက်ကာတိုးပွားလာသော မိတ်ဖက်
ဆက်ဆံရေး အခြေအေ နများ ကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
အမေရိကန်
ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်သည် နေပြည်တော်တွင် အောက်တိုဘာလ ၁၆၊
၁၇ ရက်များက ကျင်းပခဲ့သော ပထမအကြိမ် မြန်မာ-အမေရိကန်
နှစ်နိုင်ငံလူ့အခွင့်အရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာကို အမေရိကန် ဖိတ်ခေါ်
စစ်အင်အားကြီး
အမေရိကန် အပါအ၀င် အာရှနိုင်ငံအချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’
စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန်ပြည်ထောင်စုက
ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဆီးရီးယားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံး
ဆီးရီးယား အစိုးရ လေတပ်၏ ဗုံးကြဲ
တိုက်ခိုက်မှုများကြောင့် ယခုသီတင်းပတ်အတွင်း လူ(၄၀)ထက် မနည်း
သေဆုံးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံမြောက်ပိုင်း ဒေသများတွင်
ဗုံးကြဲမှုများကြောင့် ကလေးများ အပါအဝင်(၄၃)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း
ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူများ က ပြောကြား သွားခဲ့သည်။ နိုင်ငံတကာ
ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟီမီက အစိုးရ အနေဖြင့်
သူပုန်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေမှုကို ယာယီဖြစ်စေ ဆိုင်းငံ့ပါရန်
တိုက်တွန်း ပြောကြားထားသော်လည်း ယခုလို တိုက်ခိုက်မှုများ ဆက်လက်
ဖြစ်ပွားနေခြင်းဟု သိရသည်။ ဘရာဟီမီသည် ဒမတ်စကတ် မြို့တော် သို့
သောကြာနေ့တွင် ဆိုက်ရောက်လာမည် ဖြစ်သည်။
Volkswagen ကုမ္မဏီမှ ခရီးသည် ၇ဦးစီး SUV ထုတ်လုပ်မည်
ဂျာမနီအခြေဆိုက် Volkswagen ကုမ္မဏီအနေဖြင့် ၂၀၁၃ အတွက် လူ ၇ ဦးစီး SUV ကားကြီးများ ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
Crossover (SUV) ကား သစ်လေးမျိုးခန့်ကိုလည်း ပဲရစ်မော်တော်ယာဉ်ပြပွဲ တွင် ဝင်ရောက်ပြ သခဲ့ပြီး ဖြစ်ရာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ သို့သော် လက်ရှိ ကမ္ဘာ့ SUV ဈေးကွက်ကို လွမ်းမိုးထား သူမှာ အမေရိကန် General Motor နှင့် ဂျပန်- တိုယိုတာတို့ ဖြစ်သည်။
Crossover (SUV) ကား သစ်လေးမျိုးခန့်ကိုလည်း ပဲရစ်မော်တော်ယာဉ်ပြပွဲ တွင် ဝင်ရောက်ပြ သခဲ့ပြီး ဖြစ်ရာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ သို့သော် လက်ရှိ ကမ္ဘာ့ SUV ဈေးကွက်ကို လွမ်းမိုးထား သူမှာ အမေရိကန် General Motor နှင့် ဂျပန်- တိုယိုတာတို့ ဖြစ်သည်။
တရုတ်စစ်သင်္ဘောများကို ဂျပန်ကမျက်ခြည်မပြတ်စောင့်ကြည့်နေ
တရုတ်ရေတပ်စစ်သင်္ဘော
(၇)စီးသည်အရှေ့တရုတ်ပင်လယ် အတွင်းဂျပန်နိုင်ငံနှင့် အငြင်းပွား နေသည့်
ကျွန်းများ အနီးကင်းလှည့် နေသည်။ ဂျပန်နိုင်ငံကာကွယ်ရေး
ဝန်ကြီးဌာနပြောခွင့်ရပုဂ်္ဂိုလ်က အောက်တို ဘာ
၁၆ ရက်ကပြောသည်။
အဆိုပါသင်္ဘောအုပ်စုတွင် ဖျက် သင်္ဘောနှစ်စီး၊ ရေငုပ်သင်္ဘောအကူ
အညီပေးစစ်ရေယာဉ်တစ်စီးနှင့် ဂျပန်ကျွန်းများအထိ ပစ်ခတ်နိုင် သည့်
ဒုံးကျည်တင်စစ်သင်္ဘောတစ် စီးပါဝင်သည်ဟု ဂျပန်ကပြောကြား လျက်ရှိ သည်။
ယခုကိစ္စကြောင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတင်းမာ
လာနိုင်သည်ဟုလည်း ထောက်ပြ ထား သည်။ တရုတ်တို့အနေဖြင့် ယင်းသို့လုပ်နေပါက
ဂျပန်အစိုးရ အနေဖြင့်လည်း အလားတူ လုပ်ရ တော့ မည်ဟု ရှင်းရှင်းလင်းလင်း
ပြောထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော တပ်မတော် သားများနှင့် မိသားစုဝင်များ စစ်တကောင်းမြိ့နယ်ရှိ သံဃာတော်များအား ပေးပို့လှူဒါန်း
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အမှူးပြုသော တပ်မတော် သားများနှင့် မိသားစုဝင်များ ပေးပို့လှူဒါန်းသော
လှူဖွယ် ၀တ္တုပစ္စည်း များအား ဘင်္ဂ လား ဒေ့ရှ်နိုင် ငံ ကော့ဘဇားခရိုင်
ရာမူးမြို့နယ်၊ တက္ကနပ်ဖ်မြို့နယ်၊ အူခီးယားမြို့နယ်နှင့် စစ်တကောင်း ခရိုင်
ပတ်တီး ယား မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံး
တော်မူကြသည့် ဆရာတော်၊ သံဃာတော် ၁၀၈ ပါး၊ ရှင်သာမဏေ ၃၈ ပါး စုစုပေါင်း ၁၄၆
ပါးတို့ အား ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင်
ရာမူး မြို့နယ် ရွာကြီးဘတ် ဘုန်းတော်ကြီး ကျောင်းနှင့် သိမ်ကျောင်း
ဘုန်းတော် ကြီး ကျောင်း များ၌ ကျင်းပ ပြုလုပ် ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်အရ နိုင်ငံခြား ငွေစက္ကူများလဲလှယ်မှုနှင့်ပတ်သက်ပြီး ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်အရ
၂၂-၁၀-၂၀၁၂ (တနင်္လာနေ့)မှ စတင်ပြီး AGD bank ၏ ငွေလဲကောင် တာများတွင်
အောက်ပါအခြေအနေရှိသော နိုင်ငံခြား ငွေစက္ကူများမှလွဲပြီး ကျန်
နိုင်ငံခြားေ ငွ စက္ကူများကို စက်ဖြင့်သာ ငွေတုငွေစစ်ခွဲခြားပြီး
လက်ခံပေးတော့မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား
တရုတ်နိုင်ငံအစိုးရအနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင် ဆန်းစုကြည်အား တရုတ်နိုင်ငံသို့
လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအ စဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက
အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
ဘဏ္ဍာငွေပြတ်လပ်မှုကြောင့် တာလီဘန်များ လက်နက်ဝယ်ရန် အခက်တွေ့လာ
တာလီဘန် စစ်သွေးကြွများ အနေဖြင့် ဘဏ္ဍာငွေ
ပြတ်လပ်မှုကြောင့် လက်နက် ကိရိယာများ ဝယ်ယူရန် အခက်တွေ့လာကြောင်း သိရှိရသည်။
တာလီဘန်တို့သည် အမေရိကန်၏ ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်မှု များကြောင့်
ငွေကြေးအရင်းအမြစ် ပြတ်လပ်လာသလို ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း
ဗုံးများ ဝယ်ယူရန်ပင် မတတ်နိုင်ဘဲ ဖြစ်လာကြောင်း The Sunသတင်းစာက
ဖော်ပြခဲ့သည်။ အသေအပျောက်နှု န်း မြင့်မားေ စနိုင်သည့် ထောင်ဗုံးတစ်လုံးလျှင်
ပေါင်စတာလင် (၅၀၀)မျှ ကုန်ကျလာခြင်းကြောင့် တာလီဘန်တို့ အတွက်
အခက်ကြုံလာနေကြောင်း သိရသည်။ ယင်းပမာဏသည် (၂၀၁၁)ခုနှစ်ကနှင့်
နှိုင်းယှဉ် လျှင် ငွေ(၃၇၅)ပေါင် ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
ဘူတန်နိုင်ငံ၏ အမျိုးသား တရားဥပဒေ
Butonee32လူဦးရေ
၇ သိန်းကျော်ကျော်သာရှိတဲ့ သေးငယ်တဲ့ ဘူတန် နိုင်ငံက သူတို့ လူမျိုး
ဗုဒ္ဓဘာသာ ကို ပျောက်မှာ စိုးသည့်အတွက် လွန်ခဲ့နှစ်က ဥပဒေသစ်ကို
ချမှတ်ခဲ့တယ်။ သူတို့ လူမျိုးတွေကို နိုင်ငံခြား သားအထူးသဖြင့်
ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မရှိပါဘူး။
လူ့အခွင့်အရေး သမားတွေ လည်း ခနပဲ အော်နိုင်တာပါ။ အခုတော့ ဘူတန်ဟာ အနာဂါတ်တွက်
မြန်မာထက် ပိုစိတ်ချရတဲ့ နိုင်ငံဖြစ်နေ
ပြီ။
ကရင်ပြည်၏ ပထမဦးဆုံး ထဘာကော် ခရီးသွားလာရေး ကုမ္ပဏီဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရတနာဒီပအမှတ်(၉)ရပ်ကွက်၊ ကားကွင်းကြီးအနီးတွင် ကရင်ပြည်နယ်၏ ပထမဦး ဆုံးသော “ထဘာကော်”ခရီးသွားလာရေး ကုမ္ပဏီလီမိတက်ကို ယမန်နေ့က စတင်ဖွင့် လှစ်ခဲ့ သည်။
ကရင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းပစ္စည်းများ၊ယဉ်ကျေးမှုအမွေအနှစ်များ၊တောတောင်သဘာဝအလှများကို ပြည်တွင်း နှင့် နိုင်ငံတကာမှ လာရောက်ကြည့်ရှုပြီး နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံရပ်ခြားသို့ သွားချင်သည့် ကရင်လူမျိုးများ အလွယ် တကူ သွားလာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ကြောင်း ထဘကော် ကုမ္ပဏီလီမိတက်၏ အကြံပေး ပုဂ္ဂိုလ်နော်ယုဇန ၀ါက ပြောသည်။
"Nokia ရဲ့ ၂၀၁၂ တတိယနှစ်ဝက်စာရင်း ထွက်ရှိလာ"
Nokia
ရဲ့ ၂၀၁၂ခုနှစ် တတိယနှစ်ဝက် စာရင်းများထွက်ပေါ်လာရာ Noka ကုမ္ပနီအနေနှင့်
$754 million အရှုံးပေါ်ကြောင်း သိရပါတယ်။ သို့ သော်ယမန် နှစ်ဝက်များနှင့်
စာရင်တော့ အရှုံးပမာဏ မှာ လျှော့နည်းသွားကြောင်း တွေ့ ရပါတယ်။ လွန်ခဲ့တဲ့
နှစ်ဝက်စာရင်း ၃ခုတွင် Nokia အနေနှင့် $1 billion အရှုံးပေါ်ခဲ့ခြင်း
ဖြစ်သည်။ ထို့ ကြောင့် Nokia မှ အလုပ်သမားဦးရေများ လျှော့ချချင်းများ နှင့်
အခြားအသုံး စရိတ်များ လျှော့ချခြင်းများ ပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ 
အရှုံးပမာဏ လျှော့နည်းသွားခြင်းဖြစ်သည်။
"ကိုယ်စားလှယ်တို့၏မေးခွန်းများ စာဖြင့်ဖြေကြားခြင်းကို မလိုလားဟုဆို"
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းကို အစိုးရ၀န်ကြီးဌာ နများမှ ကိုယ်တိုင်လာေ ရာက်ြေ ဖကြားခြင်းမ ရှိဘဲ စာဖြင့်ပေးပို့ ဖြေကြားခြင်းကို ကိုယ်စားလှယ် အချို့ ကြုံတွေ့နေရကြောင်းသိရသည်။"
ကျနော်တို့မေးတဲ့ မေးခွန်းဟာကိုယ့်အတွက် မေးနေတာမဟုတ်ပါဘူး၊ဒေသခံ ပြည်သူတွေအတွက် လိုအပ် လို့ မေးတာပါ ၊အကျယ်တ၀င့် မဖြေဘဲ စာနဲ့ ရေးဖြေလာတာကို မလိုလားပါဘူး၊ ရုပ်သံတွေ မီဒီယာတွေ ကတဆင့် ကြည့်နိုင်ဖတ်နိုင်မှ အဆင်ပြေမှာပါ၊ခုဆိုရင်စိုက်ပျိုးရာသီပြန်ရောက်နေလို့ အရေးကြီးလို့မေး ရတာပါ"ဟု ဒိုက်ဦးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ယနေ့တွင်ပြောသည်။
ကျနော်တို့မေးတဲ့ မေးခွန်းဟာကိုယ့်အတွက် မေးနေတာမဟုတ်ပါဘူး၊ဒေသခံ ပြည်သူတွေအတွက် လိုအပ် လို့ မေးတာပါ ၊အကျယ်တ၀င့် မဖြေဘဲ စာနဲ့ ရေးဖြေလာတာကို မလိုလားပါဘူး၊ ရုပ်သံတွေ မီဒီယာတွေ ကတဆင့် ကြည့်နိုင်ဖတ်နိုင်မှ အဆင်ပြေမှာပါ၊ခုဆိုရင်စိုက်ပျို
နိုင်ငံတော်သမ္မတကြီး ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံမည့် အစီအစဉ် ထပ်မံပြောင်းလဲခြင်း
ပြန်ကြားရေး
ဒုဝန်ကြီးနှင့် နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးတို့၏
ညှိနှိုင်းဆောင်ရွက်ချက် အရ နိုင်ငံတော်သမ္မတကြီးနှင့် သတင်းမီဒီယာများတွေ့ဆုံမည့်အစီအစဉ်ကိုအောက်ပါအ တိုင်း ပြောင်းလဲ လိုက်ကြောင်း နိုင်ငံတော်
သမ္မတရုံး ညွှန်ကြားရေးမှူး က စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေး မှူး
ဦးကျော်မင်းဆွေထံ လွန်ခဲ့ သော မိနစ်ပိုင်း အတွင်းက အကြောင်းကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတကြီး နှင့် သတင်း မီဒီယာများ တွေ့ဆုံပွဲ ကို အောက်တိုဘာလ ၂၀ ရက်နေ့သို့ ပြောင်းလဲ
နိုင်ငံတော်
သမ္မတကြီး နှင့် သတင်း မီဒီယာများ တွေ့ဆုံပွဲ ကို အောက်တိုဘာလ ၂၁ အစား
အောက်တိုဘာလ ၂၀ရက်( မနက်ဖြန်) သို့ ပြောင်းလဲသွားပါကြောင်း လိုက်ပါမည့်
သတင်းမီဒီယာ သမားများ အား လေးစားစွာ အသိပေးအပ်ပါသည်။
အသေးစိတ် အစီအစဉ်များအား The Voice Weekly Facebook စာမျက်နှာတွင် ဆက်လက်ဖော်ပြပေးသွားပါမည်။
မစ်(စ်) မြန်မာ ရှမ်းပအို့တိုင်းရင်းသူလေး နန်းခင်ဇေယျာရဲ့ နိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင် သဘောထား
(နန်းခင်ဇေယျာနှင့်အမေးအဖြေ
နန်းခင်ဇေယျာ = ပထမ စရောက်စ ... စစချင်း ဆိုရင် မြန်မာဆိုတာ ဘာမှန်းတောင် ရှိမှန်းမသိဘူး၊ အခုက မြန်မာနိုင်ငံက လူတွေက အင်တာနက်မှာ Vote လုပ်ပေးတဲ့သူတွေကများတော့ သူများတွေက
မြန်မာနိုင်ငံဆိုတာကို စိတ်ဝင်စားလာတယ်။ မြန်မာအ၀တ်အစားက အစ စိတ်ဝင်စားလာတယ်။ အဲဒါတွေကတော့နော် ... ကိုယ့်ရဲ့ မြန်မာအတွက်က ဂုဏ်ယူစရာပေါ့။
မြန်မာနိုင်ငံဆိုတာကို စိတ်ဝင်စားလာတယ်။ မြန်မာအ၀တ်အစားက အစ စိတ်ဝင်စားလာတယ်။ အဲဒါတွေကတော့နော် ... ကိုယ့်ရဲ့ မြန်မာအတွက်က ဂုဏ်ယူစရာပေါ့။
Tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple က Samsung ကိုရှုံးနိမ့် Friday, October 19, 2012
ပြိုင်ဘက် Samsung ကုမ္ပဏီ၏ Galaxy tablet သည် iPad ၏ဒီဇိုင်းကို
ကူးချထားခြင်းမဟုတ်ကြောင်း ဗြိတိန်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သဖြင့်
tablet မူပိုင်ခွင့် တရားစီရင်မှုတွင် Apple Inc က ရှုံးနိမ့်ခဲ့
ကြောင်းသိရသည်။
နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် လွှတ်တော်ရေးရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေး
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီ များမှ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝီလျံ ဂျိုးဇက်ဘန်းအား နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
သြစီက လောင်စာ ကုမ္ပဏီ Woodside မြန်မာပြည် လာမည်
သြစတြေးလျ နိုင်ငံက Woodside Petroleum လို့ ခေါ်တဲ့ လောင်စာကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေကိုတောင်ကိုရီယား ဒေ၀ူး အပြည်ပြည်ဆိုင် ရာ ကော်ပိုရေးရှင်းကြီးနဲ့ တွဲပြီး လုပ်ဖို့ ရှိပါတယ်။
အမေရိကန်နိုင်ငံမှ အပတ်စဉ်ထုတ် Newsweek မဂ္ဂဇင်းကြီး ပုံနှိပ်ထုတ်ဝေမှု ရပ်နားတော့မည်
အမေရိကန်နိုင်ငံမှ အပတ်စဉ်ထုတ် Newsweek မဂ္ဂဇင်းကြီးအား ဒီဇင်ဘာ ၃၁ အထိသာ ပုံနှိပ်ထုတ်ဝေေ တာ့မည်ဖြစ်ပြီး ၂၀၁၃ မှစ၍ အွန်လိုင်းမဂ္ဂဇင်းအဖြစ်သာ ဆက်လက်ရပ်တည်တော့မည်ဖြစ်ကြောင်း သိရသည်။
Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ
ဒုတိယ ကမ္ဘာဘာစစ် အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထား ခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှ လူမျိုး တိုက်လေယာဉ် ဝါသနာအိုး တဦးနဲ့ မြန်မာ အစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ် စက်စက် လေယာဉ်တွေ ဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေတွ ထဲမှာပဲ
ကြိုတင်ပြင်ဆင်သင့်သော အမျိုးသားရေးဆိုင်ရာလုံခြုံရေး
ရခိုင်ပြည်နယ်မှာ ဒီနှစ် မေ၊ ဇွန်လများအတွင်း ဖြစ်ပွားခဲ့သော
အကြမ်းဖက်ပဋိပက္ခများနှင့် ပတ်သက် ၍ ဆွေးနွေးမှုတွေ၊ ငြင်းခုံမှုတွေ၊
ဝေဖန်ပြစ်တင်မှုတွေဟာ ပြည်တွင်း၊ ပြည်ပမှာ ယခုအချိန်အထိ
အဆုံး မသတ်နိုင်သေးပါဘူး။ အချိန်တိုတိုအတွင်း ဒီပြဿနာ
အေးငြိမ်းသွားဖို့ဆိုတာလည်း မဖြစ်နိုင်သေး ပါဘူး။ေ ဆွးနွေးငြင်းခုံမှုတွေဟာ
ရှေ့လျှောက် ပိုမိုကျယ်လောင် ရှုပ်ထွေးလာမယ့် အလားအလာတွေေ တာင်
တွေ့ လာနေရပါတယ်။ အခုထိကို ဆန္ဒပြပုံရိပ်သတင်းတွေက စာနယ်ဇင်းတွေမှာ
တက်လာနေ ဆဲပါ။ နိုင်ငံတော်ကလည်း ဒီကိစ္စ ပိုပြီးအရှိန်မြင့်တက်မလာဖို့
ကြိုးစားအားထုတ်နေပါတယ်။ ကမ္ဘာ့အစ္စ လာမ်နိုင်ငံ အသီးသီးမှာ ဒီကိစ္စဟာ
ပြောဆိုဆွေးနွေးစရာ ဖြစ်လာနေပြီး အစွန်းရောက် အစ္စလာမ်ဘာ သာရေး အဖွဲ့အစည်း
အချို့ကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်
ခြိမ်းခြောက်မှုေ တွ ပြုလာတာတောင်ရှိပါတယ်။
ရန်ကုန် ကားဈေးကွက် အေး၊ စလစ်ဈေး ဆက်မာ
ရန်ကုန် ကားဈေးကွက်အတွင်း အောက်တိုဘာလလယ်တွင် ဈေးကွက် အေးလျက်ရှိသော်
လည်း စလစ်ဈေး မှာ မာလျက် ဆက်ရှိကြောင်း ဝယ်/ရောင်း လက်ကြီးသမားများထံမှ
သိရှိရသည်။
“စက်တင်ဘာလကုန်ပိုင်းက အရောင်းအဝယ်ရှိခဲ့တဲ့ အင်ဂျင်ပါဝါကြီးကားတွေလည်း အခုရက်ပိုင်းမှာ အရောင်း အဝယ် ပါး သွားပါတယ်။ အင်ဂျင်ပါဝါသေး ကားတွေတော့ ခပ်ပါးပါး အရောင်းအဝယ်ရှိ တယ်။ ဈေးကွက်ကြီး တခုလုံးကိုခြုံပြောရင် အေးသွားတယ်။ မကြာခင်ပြုလုပ်မယ့် ကားအေ ရာင်း ပြပွဲေ တွကြောင့် ဈေးကွက်ဆက်အေးသွားနိုင် ပါတယ်။ အများစုရဲ့ အာရုံက ကားအရောင်းပြပွဲ ကို ရောက် သွားနိုင်ပါတယ်” ဟု ဝါရင့် ကား ဝယ်/ရောင်း ဦးစန်းဌေး က ပြောသည်။
“စက်တင်ဘာလကုန်ပိုင်းက အရောင်းအဝယ်ရှိခဲ့တဲ့ အင်ဂျင်ပါဝါကြီးကားတွေလည်း အခုရက်ပိုင်းမှာ အရောင်း အဝယ် ပါး သွားပါတယ်။ အင်ဂျင်ပါဝါသေး ကားတွေတော့ ခပ်ပါးပါး အရောင်းအဝယ်ရှိ တယ်။ ဈေးကွက်ကြီး တခုလုံးကိုခြုံပြောရင် အေးသွားတယ်။ မကြာခင်ပြုလုပ်မယ့် ကားအေ ရာင်း ပြပွဲေ တွကြောင့် ဈေးကွက်ဆက်အေးသွားနိုင် ပါတယ်။ အများစုရဲ့ အာရုံက ကားအရောင်းပြပွဲ ကို ရောက် သွားနိုင်ပါတယ်” ဟု ဝါရင့် ကား ဝယ်/ရောင်း ဦးစန်းဌေး က ပြောသည်။
ကြက်ဘဲဈေးအနီး မီးလောင်မှု ဖြစ်ပွား
အောက်တိုဘာလ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့် ရပ်ကွက်၊ သမိန်ဗရမ်းလမ်း ပေါ်ရှိ ဦးစောမောင် အုတ်သဲကျောက် ရောင်းဝယ်ရေးဆိုင်ရှိ စားပွဲတင် လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
Subscribe to:
Posts (Atom)