Sunday, 12 August 2012
“စည်းစိမ်တို့ကို လေးပုံ ခွဲဝေရာ၏”
သီလနှင့် ပြည့်စုံသော ပညာရှိသည် ဆီမီးကဲ့သို့ တင့်တယ် ထွန်းပ၏၊
ပျားသည် ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်
ပျားလပို့ကို အားထုတ် ဆောက်လုပ် သကဲ့သို့ မိမိကို လည်းကောင်း၊
သူတစ်ပါးကို လည်းကောင်း မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့်
ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည်
ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။
ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။
အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီ ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြား
အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီသည် ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြားလိုက်ကြောင်း CNN သတင်းက ပြောကြားသည်။
၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်
လာမည့်
၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း
ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့
စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန်
စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ်
ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။
ပညာသင်နိုင်ရေး လုံခြုံရေးပေးရန် ဘူးသီးတောင်၊ မောင်တော ဒေသခံများ သမ္မတထံစာတင်မည်
ဆူပူ
အကြမ်းဖက်မှုများ ပြန်လည် တည်ငြိမ်နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့မှ တရားဝင်
ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသများတွင် အခြေခံ
ကျောင်းများ ပြန်လည် မဖွင့်လှစ် နိုင်သည့် အတွက် ပညာသင်ယူခွင့် ဆုံးရှုံး
နေသည့်ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး လုံခြုံရေး ချပေးရန်
အဆိုပါ ဒေသမှရပ်မိရပ်ဖများ စုပေါင်းကာ နိုင်ငံတော် သမ္မထံ စာတင်သွား မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေးကျင်းပမည်'
ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေး ၁/၁၂ ကို ယခုလ ၁၅ ရက်နေ့မှစတင်ကာ ၃ ရက်တာ ကျင်းပမည်ဖြစ်ပြီး ရေးရာကော်မတီ ၈ ခုနှင့် အမြဲတမ်းကော်မတီ ၃ ခုတို့၏ အစီရင်ခံစာ ကိုဖတ်ကြားမည်ဟု လွှတ်တော် ပြန်ကြာျးရးဌာနက ဦးအောင်ဟိန်းက ပြောသည်။
တွေ့မရှောင်နှင့် စိုးလင်းဦးတို့ သရေကျ
မြန်မာ့ရိုးရာလက်ဝှေ့သမိုင်းတွင်
တစ်ဦးလျှင် ထိုးကြေး ကျပ်သိန်း ၃၀ ရရှိကာ အမြင့်ဆုံး စံချိန်တင်ခဲ့သည့်
တွေ့မရှောင်နှင့် စိုးလင်းဦးတို့၏ ပွဲစဉ်မှ မှတ်တမ်းဓာတ်ပုံများသြဂုတ်လ ၁၂
ရက်က သိမ်ဖြူအားကစားခန်းမတွင် ကျင်းပခဲ့သည့် ၄င်းတို့၏ ၅ ချီ
အထူးစိန်ခေါ်ပွဲတွင် အကြိတ်အနယ်ယှဉ်ပြိုင်ကာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး
ပူးတွဲသရေကျခဲ့သည်။ ယခုပွဲစဉ်သည် ၄င်းတို့နှစ်ဦး၏ ဒုတိယ အကြိမ်မြောက်
တွေ့ဆုံမြှုဖစ်ပြီး ပထမအကြိမ်ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အနိုင်အရှုံးအဖြေမပေါ်ခဲ့ပေ။
လေဖိအားနည်းဆဲလ် 93W သည် အနည်ငယ် ပိုမိုအားကောင်းလာ
သြဂုတ်လ ၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၃၃၀ နာရီတွင် ရရှိသည့် MTSAT ဂြိုလ်တုဓါတ်ပုံနှင့် NRL data များအရ လေဖိအားနည်းဆဲလ် 93W သည် အနည်ငယ် ပိုမိုအားကောင်းလာပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားရှိရာ ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၏ အရှေ့ဘက် မိုင် ၆၂၀ ခန့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
93W - 12 Aug 2012 0600Z
Location: 16.5 130.2
Winds: 20 knots
Central Pressure: 1007 hPa
မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် (၁၃း၀၀) နာရီအချိန် ထုတ်ပြန်ချက်)
သံလွင်မြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ ဘားအံမြို့ တွင် (၈၇၁) စင်တီမီတာသို့  ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၂၁) စင်တီ မီတာ (၄ - ပေခန့်) ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိ နိုင်ပါသည်။
နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် တို့သည်
နေပြည်တော်၌ ယနေ့နံနက် ၉ နာရီခန့်က တွေ့ဆုံခဲ့ပြီး တစ်နာရီခန့်ကြာ
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး
အရာရှိဒေါက်တာတင်မာအောင်က အတည်ပြု ပြောကြားသည်။
ဖိလစ်ပိုင်ပင်လယ်ပြင် အရှေ့ပိုင်းမှ လေဖိအားနည်းဆဲလ် 93W
သြဂုတ်လ
၁၂ ရက် မြန်မာစံတော်ချိန် ၀၀၃၀ နာရီတွင် ရရှိသည့် NRL data များအရ
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အရှေ့ဘက် ၈၂၅ မိုင်ခန့်တွင် ဇူလိုင်လ ၂၂
ရက်နေ့က စတင်၍ဖြစ်ပေါ်နေခဲ့ သည့် လေဖိအားနည်းဆဲလ် LPC-93W သည် ပိုမို၍
အားကောင်းလာနေပြီး၊ အနောက်ဘက် (ဖိလစ်ပိုင်နိုင်ငံဘက် သို့)
ရွေ့လျားလျှက်ရှိပါသည်။ ယင်း လေဖိအားနည်းဆဲလ်သည် ဆက်လက် အားကောင်းလာကာ
လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ MEDIUM အဆင့်
သတ်မှတ်ထားကြောင်း JTWC ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
Subscribe to:
Posts (Atom)