ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။
Tuesday, 2 September 2014
စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။
မဒေးကျွန်းရွာသားများ တောင်းဆိုချက် အာဏာပိုင်များ ဖြေရှင်း
ပြီးခဲ့တဲ့နှစ် ဧပြီ ၁၈ ရက်နေ့က စီအန်ပီစီ ကုမ္ပဏီကို ဒေသခံများ ဆန္ဒပြခဲ့စဉ်
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေး ကျွန်း ရွာက ဒေသခံတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်အာဏာပိုင်တွေ လာရောက်ဖြေရှင်း သွားပါတယ်။
ကဖင်းဓာတ် ပါသော အချိုရည်ကို အလွန်အကျွံ သောက်ခြင်းသည် လူကို အန္တရာယ် ဖြစ်စေနိုင်
ကဖင်းဓာတ် ပါသော အချိုရည် သောက်သုံးသည့် ကလေးများကို လေ့လာ ကြည့်ရာတွင် ယခင်က တွေ့ရှိ ရသည်ထက် ပို၍ ရှုပ်ထွေးသော အကျိုး သက်ရောက်မှု များကို တွေ့ရသည်။
အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း
Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက် တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့် အရွယ်ရောက်ပြီး မိန်းကလေးတိုင်း လုပ်သင့်သော လေ့ကျင့်ခန်း တစ် မျိုး ဖြစ်ကြော င်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကုဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင် က ပြော ကြား ခဲ့သည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေး
ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ စနစ်များ ပြင်ဆင်ပြောင်းလဲမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် သြဂုတ်လကုန် အထိ အခြေခံပညာ ကျောင်းများထံ ဝန်ကြီးဌာနက တရားဝင် စာပို့အကြောင်းထားခြင်း မရှိသေးကြောင်း အခြေခံပညာရေး ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။
ဘရက်ပစ်နှင့် ဂျိုလီတို့၏ မင်္ဂလာပွဲ ဓါတ်ပုံများ ပထမဆုံးအကြိမ် ထွက်ပေါ်လာ
ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်က ပြင်သစ်ပြည် တောင်ပိုင်းတွင် လျှို့ဝှက် လက်ထပ်ခဲ့ကြသည့် အင်ဂျလီနာ ဂျိုလီနှင့် ဘရက်ပစ်တို့၏ မင်္ဂလာပွဲဓါတ်ပုံများမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ်များ၏ မြင် ကွင်းရှေ့မှော က် သို့ ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။
KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်နှင့် ညောင်ပင်ကုန်းမှော်ကြားတွင် သြဂုတ် ၃၁ ရက်နေ့၌ KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
မြန်မာအပါအ၀င် ၃ နိုင်ငံကို အမေရိကန်ကုမ္ပဏီများ စိတ်အ၀င်စားဆုံးဟု စစ်တမ်းထုတ်
အာဆီယံဒေသတွင်းမှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ စိန်ခေါ်မှုတွေ များပေမယ့် အမေရိ ကန် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ ကို အနာဂတ်မှာ တိုးချဲ့ လုပ်ကိုင်ဖို့ အလိုလားဆုံးဖြစ်တယ် လို့ လတ် တလော ကောက်ခံတဲ့ ဒေသစစ်တမ်းမှာ တွေ့ရပါတယ်။
တယ်လီနော ဆင်းမ်ကတ်များ ယခုလအတွင်း ရောင်းချမည်ဟု အတည်ပြု အင်တာနက် အသုံးပြုခ မထုတ်ပြန်သေး
တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက် ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန် ကြားရေး တာဝန်ခံ ဦးစိုးသူထွန်း က ပြည်ထောင် စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၂၂ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးထိန်းသိမ်း
ဟောင်ကောင်မြို့ သို့လာရောက်လယ်ပတ်သော တရုတ် အဆင့်မြင့် အစိုးရအရာရှိတစ်ဦးကို လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြသော ဆန္ဒပြပွဲများမှ ဒေသခံ ဆန္ဒပြသူ အနည်းဆုံး ၂၂ ဦး ကို ဟောင်ကောင်ရဲများက ဖမ်း ဆီး ထိန်းသိမ်းခဲ့ကြောင်း အင်္ဂါနေ့ အစိုးရ အာဏာပိုင်များ၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
တိုင်းရင်းသားတွေ မကွဲကြပါနဲ့
တိုင်းရင်းသား, ငြိမ်းချမ်းရေး သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကို ရန်ကုန်မြို့ရှိ MPC တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
အီဘိုလာရောဂါပိုးကို မိနစ် ၃၀ အတွင်း စမ်းသပ်ရှာဖွေနိုင်သော နည်းလမ်းသစ် ဂျပန် သုတေသီများတွေ့ရှိ
ဂျပန်သုတေသီများသည် အီဘိုလာရောဂါပိုး ကူးစက်မှုကို မိနစ်သုံးဆယ်အတွင်း စမ်းသပ်တွေ့ရှိနိုင်သော နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့သည် ဟု အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
မက္ကဆီကိုတွင် ငါးတန်ချိန်များစွာ သေဆုံးမှု စုံစမ်း
မက္ကဆီကိုနိုင်ငံ ဒီရက်ပိုင်းအတွင်း ငါးတန်ချိန်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ကိစ္စကို စုံစမ်းနေပြီး ရေဆိုးသန့်စင် တဲ့ စက်ရုံတွေမှာ တာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။
တရုတ်ကုန်သည်များ ဈေးကစားမှုကြောင့် စစ်ကိုင်းကျောက်စိမ်းပုတီးစေ့ လုပ်ငန်းများ အခက်တွေ့
ကျောက်ပုတီး ရောင်းဝယ်နေကြသူများ (ဓာတ်ပုံ − စိုင်းသာအောင်)
တရုတ်နိုင်ငံသား ကျောက်မျက်ကုန်သည်များ၏ ဈေးကစားမှုကြောင့် စစ်ကိုင်းမြို့ ရှိ ကျောက်စိမ်း ပုတီးစေ့ ထုတ် လုပ်ရောင်းချသူများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။
အသင်းအဖွဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်သည့် လူမှုရေးအသင်းတွေရဲ့ သဘောထား အရာမထင်သေး
အသင်းအဖွဲ့စည်းမျဉ်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပရဟိတလူမှုရေးအသင်းအဖွဲ့ (၈၀၀) နီးပါးရဲ့ဘုံ သဘောထား ကို လွှတ်တော်သို့ တင်ပြထားသော်လဲ အခုချိန်ထိ အရာမထင်သေးဖူးလို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက် -
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။
မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည် ရွယ် ဘဲ မြေ၀င်တတ်သည်။
အီဘိုလာ ရောဂါမဟုတ်သဖြင့် သံသယလူနာ ဆေးရုံက ဆင်းနိုင်တော့မည်
ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကု သမှု ခံယူနေရတဲ့ လူနာ ဦးဇင်မင်းဦးမှာ အီဘိုလာရောဂါ မရှိကြောင်း ဓာတ်ခွဲခန်း အဖြေထွက်လာပြီး မကြာခင် ဆေးရုံက ဆင်းနိုင်တော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းအမျိုးသမီးထံတွင် အငှားကိုယ်ဝန်ဆောင်စေပြီး ရရှိလာသော အမွှာကလေးများကို နှိပ်စက်ညှဉ်းပမ်းမှုဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံရ
ထိုင်းအမျိုးသမီးထံတွင် ကိုယ်ဝန်ဆောင်စေပြီး ရရှိလာသည့် အမွှာကလေးနှစ်ဦး ကို ညှဉ်းပန်းနှိပ်စက်မှု ဖြင့် သြစတြေးလျ အမျိုးသားတစ်ဦး တရားစွဲခံ ခဲ့ ရကြောင်း သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABD) သတင်းဌာနက စက်တင်ဘာ ၂ ရက်တွင် ဖော်ပြလိုက်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူစီးပွားရေးဇုန်အတွင်း ရွှံ့မီးတောင်ဟောင်း တစ် လုံး ပေါက် ကွဲခဲ့သဖြင့် လယ်မြေဧကတစ်ရာနီးပါး ပျက်စီး
ရွှံ့မီးတောင်ဟောင်းပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ် ရှောက်ချောင်းကျေးရွာ အနီး ရွှံ့ချော်ရည်များ စီးဝင်ခဲ့သည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရဲမင်းနိုင်)
ကျောက်ဖြူစီးပွားရေးဇုန်မြေနေရာအတွင်း ရွှံမီးတောင်ဟောင်းတစ်လုံးပေါက်ကွဲမှု သြဂုတ် ၃၁ ရက်က ဖြစ် ပွား ခဲ့ကြောင်းနှင့် အဆိုပါမီးတောင်ပေါက်ကွဲ မှုမှချော်ရည်များ စီးဆင်းခဲ့မှုကြောင့် စပါးစိုက်ခင်းများ ဧက ၁၀၀ နီးပါးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။
ချစ်သူနဲ့ပြတ်သွားတဲ့အခါ ဒီလို အကြောင်းအရာလေးတွေကြောင့် တစ်ကိုယ်တည်းဘ၀က ပိုကောင်းတယ်လို့ တွေးထင်မိစေမှာ
သင့်ချစ်သူနဲ့ ပြတ်သွားလို့ စိတ်တွေညစ်နေရတယ် ဆိုပါတော့။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လမ်းခွဲ လိုက်ရတယ်ပဲထား၊ အဆိုးထဲက အကောင်းတွေ တွေးကြည့်လိုက်ပါ။ သူက ဖြတ်သွားတယ်ထားဦး၊ ဒါက လည်း ငါ့ကို တစ်ကယ်ချစ်မယ့် နောက်ထပ် ချစ်သူတစ်ယောက် ထပ်တွေ့ဖို့ အခွင့်အရေးလို့တောင် သင်တွေးနိုင်တာပဲ။ ဒါ့အပြင် ဒီလိုအချက်ကလေးတွေကလည်း သင့်ချစ်သူနဲ့ ပြတ်သွားတာမှ ခပ်ကောင်းကောင်းရယ်လို့ တွေးမိစေမှာနော်။
တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော
မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ် ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါ တယ်။
ရောင်းသူ သုံးသူ ပြစ်ဒဏ်တူနေသည့် မူးယစ်ဆေးဝါးဥပဒေ ပြန်ပြင်တော့မည်
ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ ဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ ကို ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁) လုံခြုံရေး တပ်ရင်းတွင် ပြုလုပ်ခဲ့ပြီး မူး ယစ်ဆေးများ ဖျက်ဆီးနေသည်ကို တွေ့ရစဉ် ဓာတ်ပုံ - အီးပီအေ
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် မူးယစ်သားကောင် ဘ၀ရောက်ရသူ အား တန်းတူပြစ် ဒဏ် ပြဋ္ဌာန်းထားသည့် တည်ဆဲ မူးယစ်ဆေးဝါးဥပဒေကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည် ဟု မြန် မာနိုင်ငံ ရဲတပ်ဖွဲ့အရာရှိကြီး တစ်ဦးက ပြောသည်။
ဝယ်လိုအားများနေသည့် MPT ဆင်းမ်ကတ် လေးလအတွင်း ငါးသန်းကျော် ရောင်း ချမည်
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ်၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ် ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့ပေါင်း ၂၄၀ ခန့်ရှိ မိုဘိုင်းဆိုင်များတွင် စက်တင်ဘာ ၁ ရက်မှ စတင်၍ ကျပ် ၁,၅၀၀ ဖြင့် အလွယ်တကူ ၀ယ်ယူနိုင်သည့် MPT ဆင်းမ်ကတ်များ တန်းစီစောင့်ဆိုင်း ၀ယ်ယူ သည်အထိ ၀ယ်လိုအားများနေပြီး ၂၀၁၄ ခုနှစ်ကုန်အထိ လေးလအတွင်း ကတ်အရေအတွက် ငါးသန်းကျော် ရောင်းချရန် ပြင်ဆင်ထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေးတာဝန်ခံတစ်
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့ပေါင်း ၂၄၀ ခန့်ရှိ မိုဘိုင်းဆိုင်များတွင် စက်တင်ဘာ ၁ ရက်မှ စတင်၍ ကျပ် ၁,၅၀၀ ဖြင့် အလွယ်တကူ ၀ယ်ယူနိုင်သည့် MPT ဆင်းမ်ကတ်များ တန်းစီစောင့်ဆိုင်း ၀ယ်ယူ သည်အထိ ၀ယ်လိုအားများနေပြီး ၂၀၁၄ ခုနှစ်ကုန်အထိ လေးလအတွင်း ကတ်အရေအတွက် ငါးသန်းကျော် ရောင်းချရန် ပြင်ဆင်ထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေးတာဝန်ခံတစ်
ဦးက မဇ်္ဈိမကို ပြောသည်။
ဘင်္ဂလီ ၄၀၀ ကျော်ကို နိုင်ငံသားပြုခွင့်ရသူအဖြစ် မြို့နယ်အဆင့် မှတ်ချက်ပြု
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည် စခန်းတွင် နိုင်ငံသား စိစစ်မှု တစ်လကြာပြီးနောက် နိုင်ငံသားပြု ခွင့် ရသူအဖြစ် သဘောထားမှတ်ချက်ပြုသူ ၄၀၀ ကျော်ရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးကော် မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
အမေရိကန် အမျိုးသမီး အနုပညာရှင်များ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပေါက်ကြား မှုကို FBI စုံစမ်းနေ
Apple ၏ iCloud အင်တာနက် သိုလှောင်မှုစနစ်မှ နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပေါက်ကြားမှုကို အမေရိကန် ထောက် လှမ်းရေးဌာန FBI က တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။
တရုတ်၌ လူတစ်ဦး မူလတန်းကျောင်းအတွင်း ဓားဖြင့် ဝင်ခုတ်၊ ကျောင်းသား သုံးဦး သေဆုံး
ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသော တရုတ်နိုင်ငံတွင် လူတစ်ဦးက မူလတန်းကျောင်း တစ်ခုအတွင်း ဝင်ရောက်၍ ကျောင်းသားရှစ်ဦးနှင့် ဆရာတစ်ဦးကို ဓားဖြင့်ထိုးခဲ့ရာ ကျောင်းသားသုံးဦး သေ ဆုံး ခဲ့ သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
မျိုးစောင့်ဟောပြောပွဲ စီစဉ်သူကို တရားစွဲထားသည့်အမှု မြို့နယ်တရားရုံး စတင်ကြားနာ
ပွင့်ဖြူမြို့တွင် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေများ ဆိုင် ရာဟောပြော ပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်သူအားတရားစွဲဆိုထားသည့်အမှုကိုပွင့်ဖြူမြို့နယ်တရားရုံးက စက်တင် ဘာ ၁ ရက် က စတင်ကြားနာခဲ့သည်။
UNFC နဲ့ KNU အကွဲအပြဲ တိုင်းရင်းသားတွေကို အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲစေမလား
KNU ဥက္ကဋ္ဌနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးပွဲမြင်ကွင်း |
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီလာခံမှာ ကရင် အမျိုးသားအစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။
ဂျပန်အပြာကားမင်းသမီး ၉ ဦးရဲ့ ပရဟိတအလှူ
အပြာကားမင်းသမီးတွေကို အပြာကားထဲမှာပဲ တွေ့ရမယ်လို့ ထင်ထားခဲ့ကြမှာပါ။
ဂျပန်က အပြာမင်းသမီး ၉ ဦးက AIDS ကာကွယ်တားဆီးရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် တိုကျိုမြို့တော် မှာ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုတဲ့နည်းနဲ့ အလှူခံတာ ရန်ပုံငွေ အများအပြား ရရှိပါတယ်တဲ့။
အင်ဒိုနီးရှား ဒရာမာဇာတ်လမ်းမှာပါဝင်မယ့် ကေပေါ့ပ်အဆိုတော် Eru
တောင်ကိုရီးယားအဆို တော် Eru သည် အင်ဒိုနီးရှား နိုင်ငံ၏နာမည်ကျော် ဒရာမာ ဇာတ်လမ်းအစီ အစဉ်ဖြစ်သော Bioskop Indonesia Premier အစီအစဉ်တွင် ပါဝင်မည်ဟု အ တည်ပြုပြောသည်။
တောင်ကြီးသားများစုစည်းထားသည့် ချယ်ရီနွေဦးတွင် အယ်ဖြူ၏ သီချင်းသစ်တစ်ပုဒ်ပါဝင်
တောင်ကြီးသားများစု စည်းထားသည့် ‘‘ချယ်ရီနွေဦး’’စီး ရီးတွင် ကွယ်လွန်သူ အယ်ဖြူရေး သားထားသော သီချင်းအသစ် တစ်ပုဒ်ပါဝင်ကြောင်း အဆိုတော် လှိုင်ဦးမော်က ပြောသည်။
မျိုးစောင့်ဟောပြောပွဲ စီစဉ်သူကို တရားစွဲထားသည့်အမှု မြို့နယ်တရားရုံး စတင်ကြားနာ
ပွင့်ဖြူမြို့တွင် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေများ ဆိုင်ရာဟောပြောပွဲနှင့်ပတ်သက်၍ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်သူအားတရားစွဲဆိုထားသည့်အမှုကိုပွင့်ဖြူမြို့နယ်တရားရုံးက စက်တင်ဘာ ၁ ရက်က စတင်ကြားနာခဲ့သည်။
နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာ စတင်ဖွင့်လှစ်သင်ကြားမည်
လာမည့် ဒီဇင်ဘာတွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေး သိပ္ပံဘာသာရပ် ဘွဲ့လွန်ဒီပလိုမာ သင်တန်း စတင် ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း နိုင်ငံ တကာဆက်ဆံရေးပညာဌာနမှ သတင်းရရှိသည်။
နေအိမ်ရှိ တူမီးသေနတ်ပေါက်ထွက်ပြီး ကလေးငယ်နှစ်ဦး ထိမှန်
ကျပ်ခိုးစင်ပေါ်တွင် ထိုးထားသည့် တူမီးသေနတ်အပူလွန်ကဲပြီး ပေါက်ထွက်သဖြင့် သေနတ်ပိုင်ရှင်၏ သမီးငယ် နှစ်ဦးသေနတ်ကျည်စများ ထိမှန်ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။
ကုမ္ပဏီထောင်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးရောင်းနေသည့် လုပ်ငန်းရှင်ကို ဖမ်းမိ
ကုမ္ပဏီထောင်ထားပြီး မူးယစ်ဆေးအရောင်းအ၀ယ်ပြု လုပ်နေသောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလို ရှိနေ သည့် စီးပွား ရေးလုပ်ငန်းရှင်ကို မြောက်ဦးမြို့ နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများစုစည်းပြီး အမျိုးသားပညာရေးဥပဒေကြမ်း ကို ကန့်ကွက်ဆန္ဒပြမည်
ကျောင်းသားများစုစည်းဆန္ဒပြရန် စီစဉ်ထားသည့် ဒဂုံတက္ကသိုလ်အတွင်းရှိ တ.က.သရုံး
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ယနေ့နေ့လယ်တွင် ပြု လုပ်မည့် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များ အမျိုးသား ပညာရေးဥပဒေမူ ကြမ်းကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ နှင့်ပတ်သက်ပြီး တက္ကသိုလ်များ လုံခြုံရေးတိုးမြှင့် ထားကြောင်း သတင်းရရှိသည်။
ယနေ့နေ့လယ်တွင် ပြု လုပ်မည့် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များ အမျိုးသား ပညာရေးဥပဒေမူ ကြမ်းကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ နှင့်ပတ်သက်ပြီး တက္ကသိုလ်များ လုံခြုံရေးတိုးမြှင့် ထားကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်ခေါ်ရေး နှစ်လအတွင်းစတင်မည်
သြဂုတ်၃၁ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်ခဲ့သော (၈)ကြိမ်မြော က် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲ (ဓာတ်ပုံ− bdnews24.com)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော စာရင်းဝင်မြန် မာနိုင်ငံသားများအား လာမည့် နှစ်လအတွင်း စတင်ခေါ်ယူသွားရန် မြန်မာအစိုးရက သြဂုတ် ၃၁ ရက်တွင် သဘောတူညီလိုက် သည်။
Subscribe to:
Posts (Atom)