Wednesday 21 January 2015

ပုဂ္ဂလိကသို့ အမှိုက်သိမ်း စနစ် လွှဲပေးပါက ဈေးနှုန်း မြင့်တက်မည်

ရန်ကုန် မြို့တော်၏ အမှိုက်သိမ်း စနစ်အား ပုဂ္ဂလိက လုပ်ငန်းရှင်များ ထံသို့ လွှဲပြောင်း ပေးရန် စီစဉ် လျက်ရှိ နေပြီး၊ယင်းကဲ့သို့ လွှဲပြောင်းပေး ပြီးနောက် အမှိုက်ခွန် ဈေးနှုန်းမှာ အဆမတန်  မြင့်တက်မည် ဖြစ်ကြောင်း  ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။

ပုဂ္ဂလိက ကတော့ ပိုများ တာပေါ့။ အရင်က စည်ပင်က လုပ်တဲ့ အခါမှာ ကားတွေ လုံလောက်မှု မရှိဘူး။ ၀န်ထမ်း အင်အားလည်း လုံလောက်မှု မရှိဘူး။ အဲဒီအခါ ကျတော့ အမှိုက်သိမ်း တာလည်း ပုံမှန် မရှိဘူး။ အချို့နေရာ တွေလည်း  အပြည့် မလုပ်နိုင်ဘူး ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အရှေ့ပိုင်း ခရိုင် တတ်သိ ပညာရှင် ဒေါက်တာ စိုးထွန်း က ပြောသည်။

ယခင်က ရန်ကုန်မြို့တွင် အမှိုက်သိမ်းရန် အတွက် မြို့တော်စည်ပင်မှ အောက်ခြေ လူတန်း စားအိမ် တစ်အိမ် အတွက် တစ်လလျှင် (၂၀၀) ကျပ်၊ အထက်တန်းစား အိမ်တစ်အိမ်လျှင် (၃၀၀) ကျပ်ဖြင့် ခွဲခြား ကောက်ခံလျက် ရှိရာ ပုဂ္ဂလိကသို့ လွှဲပြောင်း ပြီးပါက အိမ်တစ်အိမ် တစ်လလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

အခုတော့ ကုမ္ပဏီတွေ  တင်ဒါခေါ် ထားတယ်။ စည်ပင်က ရွေးပြီးရင် တိုင်းဒေသကြီး အစိုးရဆီက ခွင့်ပြုချက်ယူ ရမယ်။ အခုတော့ ရှေ့ပြေး အနေနဲ့ မြို့နယ် တွေကို စမ်းလုပ်ဖို့ စီစဉ် ထားတယ်။ ရှေ့ပြေး လုပ်ကြည့်မှ အဆင်ပြေ မပြေ သိရမယ် ဟု ဒေါက်တာ စိုးထွန်း က ပြောသည်။ လက်ရှိတွင် ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရန် တင်ဒါ ခေါ်ယူ ထားရာ ကုမ္ပဏီ (၁၂) ခုမှလာရောက် လျှောက်ထားပြီး ထိုအထဲမှ ကုမ္ပဏီ သုံးခုအား စဉ်းစား ထားကြောင်း၊   ထို့အပြင် နောက်ပိုင်းတွင် အမှိုက်မှ လျှပ်စစ် ဓာတ်အား ထုတ်ယူရန်လည်း စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment