Wednesday 21 January 2015

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်များအား အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်းလက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ် ပင်တားဆီးရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်သို့ အတည်ပြု ဝင်ရောက်နိုင်ရေးကို လွှတ်တော်က သဘောတူအတည်ပြု

မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်များအား အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်း လက်နက်များဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ်ပင်တားဆီးရေးနှင့် ဖျက်သိမ်း ရေးဆိုင်ရာ သဘောတူ စာချုပ်သို့ အတည် ပြုဝင်ရောက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒုတိယ နေ့ အစည်းအဝေးတွင် တင်ပြခဲ့သည်။

ယင်းတင်ပြချက်တွင် ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုပြသနိုင်ရန်အတွက် မြန်မာ နိုင်ငံဧ။် အကျိုးစီးပွား ကိုဖော်ဆောင်နိုင်သော နိုင်ငံတကာစာချုပ်များတွင် ပါဝင်လက်မှတ်ရေး ထိုးခြင်း အတည်ပြုဝင်ရောက်ခြင်းများကို ဆောင်ရွက် လျက် ရှိရာ ကမ္ဘာ့လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် ဓာတုလက်နက်များအား အ ဆင့်မြှင့်ခြင်း၊ ထုတ် လုပ်ခြင်း၊ စုပုံသို လှောင်ခြင်း နှင့် ယင်းလက်နက်များ ဖြင့် အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ပိတ်ပင် တားဆီးရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူစာချုပ်သို့ အတည်ပြုဝင်ရောက်ရန် ကျန်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ သည် ယင်းစာ ချုပ်ကို ၁၉၉၃ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ယင်းစာချုပ်တွင် နိုင်ငံပေါင်း ၁၉ဝက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေး ထိုးထားပြီး လက်မှတ်ရေးထိုးပြီး အတည်ပြုဝင်ရောက်ခြင်းမရှိသေး သောနိုင်ငံများမှာ အစ္စရေးနိုင်ငံနှင့် မြန်မာ နိုင်ငံတို့ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုဝင်ရောက်ခြင်း မရှိသေးသောနိုင်ငံများမှာ အင် ဂိုလာ၊ အီဂျစ်၊ တောင်ဆူဒန်နှင့် ကိုရီး ယားပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲပြည် တွင်းဥပဒေလုပ်ထုံးလုပ်နည်း များကို စာချုပ်နှင့်လျော် ညီအောင် ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့် စာချုပ်ဆိုင်ရာ အမျိုးသားအဖွဲ့အ စည်းဖွဲ့ စည်းခြင်း တို့ကို ဆောင်ရွက် ရမည်ဖြစ်ပြီး စာချုပ်ကိုအကောင်အ ထည်ဖော်မှုအား ကြီးကြပ်နိုင်ရန် ဖွဲ့စည်းတည်ထောင်ထားသော ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ အစည်း၏ အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျ စရိတ်များနှင့် စာချုပ်ကို လိုက်နာမှုရှိ၊ မရှိ စစ်ဆေးကြီးကြပ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်များကို ကနဦးလက်မှတ်ရေးထိုး ထားသည့် နိုင်ငံများအပါ အဝင် စာချုပ်ဝင်နိုင်ငံများက United Nations Seale of assessment အရလည်းကောင်း၊ စာချုပ်ဝင်နိုင်ငံအရေအတွက်အရ လည်းကောင်း ညှိနှိုင်းလျက် အချိုးကျထည့်ဝင်ရမည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာ ကွယ်ရေး ဥပဒေကို ၂၀၁၃ခုနှစ် ဩဂုတ် ၂၆ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းခြင်းလုပ်ငန်းလိုင်စင်နှင့် အရေးယူခြင်းစသည့် ပြဋ္ဌာန်း ချက်များပါဝင်ကြောင်း ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ(မူကြမ်း)တွင်လည်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ လိုက် နာဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထားကြောင်း၊ ယင်းအချက်များသည် ယခုအတည်ပြု ဝင်ရောက် မည့် စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်လည်း ညီညွတ်မှုရှိပါကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

အတည်ပြုဝင်ရောက်မည့် စာချုပ်ဧ။်ရည်ရွယ်ချက်မှာ ဓာတုဗေဒပစ္စည်းများကို သတ်မှတ်ချက်ဘောင်အ တွင်း ငြိမ်းချမ်းစွာ ထုတ်လုပ်အသုံး ပြုနိုင်ရန်ဖြစ်ပြီး ယင်းစာချုပ်သို့ အတည်ပြုဝင်ရောက်ခြင်းဖြင့် လက် နက်ဖျက်သိမ်းရေး နယ်ပယ်တွင် တက်ကြွစွာ ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြယုဂ် ကို မြှင့်တင်ရာရောက်ခြင်း၊ မြန်မာနိုင်ငံ အပေါ် မလိုလားအပ်သော စွပ်စွဲ ပြောဆိုချက်များကို ပပျောက်စေ နိုင်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုတွင် နိုင်ငံတကာစာချုပ်များ၊ ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက် လျက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအကျိုး စီးပွားကို အပြုသဘောဖော်ဆောင်ပေး ရာရောက်ခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းကလွှတ်တော်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

MO
Democracytoday‬

No comments:

Post a Comment