ဆာဟင်သည် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်တွင် အထူးအောင်မြင်မှုများ
ရရှိခဲ့သည့်နောက် ရီးယဲလ် သို့ ပြောင်းရွှေ့ခဲ့သော်လည်း ဒဏ်ရာ
ပြဿနာများကြောင့် ရုန်းကန်နေခဲ့ရသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည်
အမ်းမရိတ်စ်တွင် ဆာဟင်အနေဖြင့် ပေါ်လွင်စွာ ခြေစွမ်းပြနိုင်ပါက ရာသီကုန်တွင် ပါင်စ တာလင် (၁၄)သန်းဖြင့် အပြတ်ဝယ်ယူရန် ဆန္ဒရှိနေသည်။ အာဆင်နယ်သည်
ဘာစီလိုနာသို့ ကင်မရွန်း ကွင်းလယ်လူ အဲလက်စ်ဆောင်းအား ပြောင်းရွှေ့ခွင့်
ပေးခဲ့သည့်နောက် ဆာဟင်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်
အသင်းကလည်း ဆာဟင်ကို ချိတ်ဆက်ခဲ့သေးသည့်တိုင် အာဆင်နယ် က ကစားသမားကို
လက်ဦးမှုယူ စာချုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဟု သိရှိရသည်။
Wednesday, 22 August 2012
နျူရီဆာဟင်ကို အငှားခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment