Wednesday, 21 January 2015

ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ

Photo: ဘန်ကောက်တွင် ဆောက်လုပ်ရေးငြမ်းစင်ပြိုကျ မြန်မာ ၈ ဦး ဒဏ်ရာရ
Wednesday, January 21, 2015

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက်ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ချာနယ် ၃ တီဗွီသတင်းမှာ သံငြမ်းစင်ပြိုကျမှုကြောင့် အပေါ်က ပြုတ်ကျလာသူရော၊ အောက်ကနေ အပိခံရသူတွေပါ စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပြီး အဲဒီထဲမှာ မြန်မာ ၈ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ကျောရိုး၊ ခြေထောက်နဲ့ လက်တွေ ထိခိုက် ဒဏ်ရာရကြတာဖြစ်ပြီး မုံးကွတ်ဝပ်ထနဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ၃ ဦး ဒဏ်ရာပြင်းထန်ပြီး ထိုင်းလူမျိုး ၁ ဦး ကျောရိုးကျိုးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ရှေးဦးသူနာပြုဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

လတ်ဆီရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်းနလုန်းကျုံးကျဲမ်ဖက အဲဒီနေရာဟာ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတဲ့ ကောင်းကင်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး အပေါ်က ကွန်ကရစ်တွေသွန်းလောင်းရာမှာ အလေးချိန်မမျှတဲ့အတွက် သံတိုင်တွေရော၊ ငြိမ်းစင်တွေပါ ပြိုကျသွားတာလို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ရဲစခန်းက ဆက်လက်လုပ်စုံစမ်း တွက်ချက်နေပြီး ပေါ့ဆမှုဆိုရင် ကန်ထရိုက်မှာ တာဝန်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ဘန်းခင်နယ်မြေ လတ်ဆီရပ်ကွက် လိုကယ်လို့ဒ်လမ်း အိုင်တီစကွဲယား ကုန်တိုက် ရှေ့မှာ မနေ့ညနေ ၅ နာရီလောက်က ဆောက်လက်စ ကောင်း ကင်ရထားလမ်း ငြမ်းစင်နဲ့တိုင် ပြိုကျပြီး အလုပ်သမားတွေ ဒဏ်ရာရခဲ့ပါတယ်။

ချာနယ် ၃ တီဗွီသတင်းမှာ သံငြမ်းစင်ပြိုကျမှုကြောင့် အပေါ်က ပြုတ်ကျလာသူရော၊ အောက်ကနေ အပိခံရသူတွေပါ စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပြီး အဲဒီထဲမှာ မြန်မာ ၈ ဦး နဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ပါဝင်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ကျောရိုး၊ ခြေထောက်နဲ့ လက်တွေ ထိခိုက် ဒဏ်ရာရကြတာဖြစ်ပြီး မုံးကွတ်ဝပ်ထန ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ၃ ဦး ဒဏ်ရာပြင်းထန်ပြီး ထိုင်းလူမျိုး ၁ ဦး ကျောရိုးကျိုးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ရှေးဦးသူနာပြုဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

လတ်ဆီရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်းနလုန်းကျုံးကျဲမ်ဖက အဲဒီနေရာဟာ အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေတဲ့ ကောင်းကင်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး အပေါ်က ကွန်ကရစ်တွေ သွန်းလောင်းရာမှာ အလေးချိန်မမျှတဲ့အတွက် သံတိုင်တွေရော၊ ငြိမ်းစင်တွေပါ ပြိုကျသွား တာ လို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ရဲစခန်းက ဆက်လက်လုပ်စုံစမ်း တွက်ချက်နေပြီး ပေါ့ဆမှု ဆိုရင် ကန်ထရိုက်မှာ တာဝန်ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောသွား ပါတယ်။

DVB 

No comments:

Post a Comment