ညီညွတ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)သည် လွှတ်တော်ပြင်ပ နိုင် ငံရေး ကို ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝ တီတိုင်း တို့၌ စည်းရုံးရေးအဖွဲ့များ ကို အောက်တိုဘာ ၂၃ ရက်က စတင် ဖွဲ့စည်းလိုက်သည်။
ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ် လှမြင့်က ''ရန်ကုန်နဲ့နီးစပ်တဲ့ တိုင်းဒေ သကြီးတွေမှာ အရင်ဆုံးဖွဲ့စည်းခဲ့တာ ပါ။ ရှေ့လမှာ မြန်မာပြည်အထက် ပိုင်းကိုလည်း သွားရောက်ဖွဲ့စည်း သွားမှာပါ''ဟု ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်နိုင်ငံ ရေးအင်အားစုများဖြင့် ဖွဲ့စည်းထား သည့် အဖွဲ့တစ်ခုဖြစ်ပြီး တိုင်းဒေသ ကြီးစည်းရုံးရေးအဖွဲ့များကို အဖွဲ့ဝင် ၂၁ ဦးစီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စည်းရုံးရေးအ ဖွဲ့များကို နိုဝင်ဘာလအတွင်း သွား ရောက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
''လွှတ်တော်ပြင်ပနိုင်ငံရေး လုပ် တဲ့အခါမှာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ အတွက် တိုင်းဒေသကြီးအဆင့်ကနေ ရပ်ကျေးအဆင့်အထိ အဆင့်ဆင့်ဖွဲ့ စည်းသွားမှာ ဖြစ်ပါတယ်''ဟု ဦးဒေး ဗစ်လှမြင့်က ဆက်လက်ပြော သည်။
ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ကို စက်တင်ဘာလ ၂၇ ရက်က ယုဒသန်ခန်းမတွင် ဖွဲ့စည်း ခဲ့ ခြင်းဖြစ်ပြီး အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ၄၅ ဦးဖြင့်ဖွဲ့စည်းထား သည်။
အမျိုးသားရေး တန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုကြီးကို တိုင်း ရင်း သား ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်မျိုးသားလုံး ကိုယ် စားပြုသော ပြည်ထောင်စုညီလာခံ ဖြစ်မြောက်ရေး စသည့် လုပ်ငန်းစဉ်များကိုလည်း ကြိုး ပမ်းဆောင်ရွက် သွားရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ညီညွတ်သော အမျိုးသားဒီမို ကရေစီအဖွဲ့သည် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လုပ် ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါ တီအဖြစ် တည်ထောင်သွားမည်မ ဟုတ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment