လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဗဟိုစံပြငါးဈေးရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများ အား အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီ တွင် ရွှေပိတောက်ဈေးသစ် သို့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ခရိုင်စည်ပင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဗဟိုစံပြငါးဈေးအတွင်း အသိပေးအကြောင်းကြားစာ လာရောက်ကပ်ခဲ့ပြီး အောက် တိုဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားကာ ပျံကျဈေးဆိုင်ခန်းများအား နေရာ ချခင်းခြင်းမပြုရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ပြောင်းရွှေ့ပေးရန် အကြောင်းကြားစာလာရောက်ကပ်မှုကြောင့် ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးရှိ ပျံကျဈေးသည်များမှာ အခက်အခဲဖြစ်ပေါ်လာရှိပြီး စံပြဈေးသစ်သို့ ပြောင်းရွှေ့ရာတွင် ဆိုင်ခန်းဈေးခများမြင့် မားခြင်း၊ ဖောက်သည်များများမရှိတော့ခြင်း၊ ချက်ချင်းပြောင်းရွှေ့ရန် မဖြစ်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဗဟိုစံပြငါးဈေးမှပျံကျဈေးသည်များ၏ ပြောပြချက်များအရ သိရသည်။
"ဒီဈေးမှာပဲဆက်ပြီးဈေးရောင်းချင်တယ်။ ဈေးသစ်ကိုပြောင်းရင် ဒီကဖောက်သည်တွေနဲ့လည်း မိတ်ပျက်ကုန် မယ်။ ဈေးသစ်ကဆိုင်းခန်းငှားခတွေကလည်း တော်တော်မြင့်တယ်။ ဘယ်လိုမှမတတ်နိုင်ဘူး။ ညီမတို့မှာ မိသားစုစားဝတ်နေရေးလည်းရှိတယ်။ ဒီညချက်ချင်းကြီးပြောင်းရွှေ့ပေးရမယ်တဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ မပြောင်းပေးရင် စည်ပင်က အင်အားသုံးဖယ်ရှားပစ်မယ်လို့လည်း ပြောသွားတယ်" ဟု ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးအတွင်း ဈေးရောင်းလျက်ရှိသည့် မအေးမွန်ကပြောပြသည်။
"ကျွန်တော်တို့ငါးဖယ်ခြစ်လုပ်သားတွေအနေနဲ့ တစ်နေ့လုပ်မှ ၃၅၀၀ ရတာ။ အဲဒါကို ဟိုဈေးပြောင်း ဒီဈေးပြောင်း ဆိုတော့ ကားခနဲ့လည်းမကာမိဘူး။ ဗဟိုစံပြငါးဈေးမှာက လုပ်နေကျဆိုတော့ အစစအရာ အဆင်ပြေတယ်။ ဈေးသစ်မှာဆို အဆင်မပြေဘူး" ဟု ငါးဖယ်ခြစ်လုပ်သားတစ်ဦးကဆိုသည်။
ယင်းဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများမှာ ဆိုင်ခန်းပေါင်းတစ်ရာကျော်ရှိပြီး ၎င်းတို့ဆိုင်ခန်း များ အား အင်အားသုံးဖယ်ရှားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment