ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့်သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းအငယ်မှ အသင့်အတင့်ရှိပါမယ်။နောက် (၂)ရက်အတွက် ခန့်မှန်းချက် ကတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။ နေပြည်တော်နဲ့ အနီး တစ်ဝိုက် နဲ့ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျားမိုးထစ်ချုန်း ရွာပါမယ်။
MRTV-4
No comments:
Post a Comment