Thursday 25 September 2014

တစ်လခန့် အနားယူရမည့် ဂျွန်နီအီဗန်စ်ကြောင့် ယူနိုက်တက် အခက်ကြုံနေ

Photo: တစ်လခန့် အနားယူရမည့် ဂျွန်နီအီဗန်စ်ကြောင့် ယူနိုက်တက် အခက်ကြုံနေ
Thursday, September 25, 2014

လက်ဆက်စတာကို ၅-၃ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဂျွန်နီအီဗန်စ်သည် တစ်လခန့် အနားယူရဖွယ်ရှိသည်။
 
ယခင်ကတည်းက ခြေချင်းဝတ် ဒဏ်ရာဖြင့် ရုန်းကန်နေခဲ့ရသည့် အီဗန်စ်သည် ကင်းပါဝါကွင်းတွင် ပထမပိုင်း၌ လူစားလဲခဲ့ရသည်။ မြောက်အိုင်ယာလန် နောက်ခံ ကစားသမား၏ ဒဏ်ရာကို တနင်္လာနေ့က scan ဖတ်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ကစားသမားအနေဖြင့် လေးပတ်ခန့် အနားယူရမည်ဟု ယူနိုက်တက် ဆေးအဖွဲ့မှ ပြောကြားခဲ့သည်။
 
တံကောက်ကြော ဒဏ်ရာရရှိထားသည့် ဖီးလ်ဂျုံးစ်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း လက်ဆက်စတာနှင့် ပွဲတွင် တိုင်လာ ဘလက်ကတ် အနီကတ်ထိခဲ့သောကြောင့် ယူနိုက်တက် အနေဖြင့် စနေနေ့တွင် အိုးထရတ်ဖို့ဒ်၌ ကစားရမည့် ဝက်စ်ဟမ်းနှင့် ပွဲစဉ်အတွက် ခံစစ်ပိုင်းအတွက် အခက်ကြုံနေရသည်။ သို့ရာတွင် ဝက်စ်ဟမ်းနှင့် ပွဲစဉ်တွင် အင်္ဂလန် ဘယ်နောက်ခံ ကစားသမား လုခ်ရှောကို ပွဲထွက် ကစားစေဖွယ်ရှိကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သောကြောင့် ယူနိုက်တက်၏ ဗဟိုခံစစ်ပိုင်း၌ မာကို့စ်ရိုဟိုနှင့် ခရစ္စစမောလင်းတို့ တွဲဖက် ကစားရဖွယ်ရှိသည်။
 
မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က “ရှောအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေလိမ့်မယ်လို့ ထင်ပါတယ်။ ရိုဟိုနဲ့ စမောလင်းတို့က ခံစစ်ပိုင်းမှာ ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ အများကြီး မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Soccer Myanmar
လက်ဆက်စတာကို ၅-၃ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဂျွန်နီအီဗန်စ်သည် တစ်လခန့် အနားယူရဖွယ်ရှိသည်။
ယခင်ကတည်းက ခြေချင်းဝတ် ဒဏ်ရာဖြင့် ရုန်းကန်နေခဲ့ရသည့် အီဗန်စ်သည် ကင်းပါဝါကွင်းတွင် ပထမ ပိုင်း၌ လူစားလဲခဲ့ရသည်။ မြောက်အိုင်ယာလန် နောက်ခံ ကစားသမား၏ ဒဏ်ရာကို တနင်္လာနေ့က scan ဖတ်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ကစားသမားအနေဖြင့် လေးပတ်ခန့် အနားယူရမည်ဟု ယူနိုက် တက် ဆေးအဖွဲ့မှ ပြောကြားခဲ့သည်။

တံကောက်ကြော ဒဏ်ရာရရှိထားသည့် ဖီးလ်ဂျုံးစ်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော် လည်း လက်ဆက်စတာနှင့် ပွဲတွင် တိုင်လာ ဘလက်ကတ် အနီကတ်ထိခဲ့သောကြောင့် ယူနိုက်တက် အနေဖြင့် စနေနေ့တွင် အိုးထရတ်ဖို့ဒ်၌ ကစားရမည့် ဝက်စ်ဟမ်းနှင့် ပွဲစဉ်အတွက် ခံစစ်ပိုင်းအတွက် အခက်ကြုံနေရသည်။ သို့ရာတွင် ဝက်စ်ဟမ်းနှင့် ပွဲစဉ်တွင် အင်္ဂလန် ဘယ်နောက်ခံ ကစားသမား လုခ်ရှောကို ပွဲထွက် ကစားစေဖွယ်ရှိကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သောကြောင့် ယူနိုက်တက်၏ ဗဟိုခံစစ်ပိုင်း၌ မာကို့စ်ရိုဟိုနှင့် ခရစ္စစမောလင်းတို့ တွဲဖက် ကစားရဖွယ်ရှိသည်။

မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က “ရှောအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေလိမ့်မယ်လို့ ထင်ပါ တယ်။ ရိုဟိုနဲ့ စမောလင်းတို့က ခံစစ်ပိုင်းမှာ ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ အများကြီး မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment