ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ ဆရာမများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ အထက်တန်းပြဆရာနေရာ အပြောင်း အရွှေ့နှင့် လစ်လပ်နေ သည့် အထက်တန်းပြဆရာနေရာ ၄၈၀ ကျော်အတွက် ရာထူးတိုးစာ ရင်းများကို ယနေ့ထုတ်ပြန်ကြေ ညာမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အမှတ်(၃) အခြေခံပညာဦးစီးဌာနသို့ အထက်တန်းပြ အပြောင်းအရွှေ့လျှောက်ထားသူ ၇၅၅ ဦးအနက် ၃၈၂ ဦးအား ပြောင်းရွှေ့လိုသည့်ကျောင်းများသို့ ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး အထက်တန်းပြ ရာထူး တိုးလျှောက် ထားမှုတွင်လုပ်သက်တစ်နှစ်နှင့် အထက်ရှိသည့် အလယ်တန်းပြ ဆရာပေါင်း ၃၉၁ ဦးနှင့် လုပ် သက်တစ်နှစ်အောက် လျှောက်ထားသည့် အလယ်တန်းပြဆရာ ပေါင်း၁၂၄ ဦးအထိရှိခဲ့သည်။ ၎င်းတို့ အထဲမှ လုပ်သက်တစ်နှစ်နှင့် အထက်ရှိသည့် အလယ်တန်းပြ ဆရာ ၂၅၆ ဦးနှင့် လုပ်သက် တစ် နှစ်အောက်အလယ်တန်းပြဆရာ ၁၀၀ ဦးအား ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လစ်လပ်နေသည့် အထက်တန်းပြနေရာများတွင် ရာထူးတိုးခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လုပ်သက်တစ်နှစ် မပြည့် သေးသည့် အလယ်တန်းပြဆရာ၊ ဆရာမများအား ကျောထောက် နောက် ခံပြု အထက်တန်းပြဆရာ၊ ဆရာမအဖြစ် ခန့်ထားမည်ဖြစ် သော်လည်း အလယ်တန်းပြလစာ သာရရှိမည်ဖြစ်ပြီး လုပ်သက်တစ်နှစ်ပြည့်မှသာ အထက်တန်းပြဆရာလစာ ပေးအပ်မည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း၊ ခနောင်တို၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ထန်းတပင်၊ လှည်းကူး၊ တိုက်ကြီးမြို့နယ်များမှ အခြေခံပညာ ကျောင်းများ တွင် လျှောက်ထားမှုမရှိသောကြောင့် လစ်လပ်နေ သေးသည့် အထက်တန်းပြဆရာ ရာထူး နေရာများ အတွက် လုပ် သက်ပြည့်၍ ပင်စင်ယူသွားသည့် အငြိမ်းစားအထက်တန်းပြဆရာ၊ ဆရာမကြီးများအား ပြန် လည် ခန့် အပ်ထားရှိရန် စီစဉ်သွားမည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
နေရာအပြောင်းအရွှေ့နှင့် ရာထူးတိုးလျှောက်ထားမှုများကို လျှောက်ထားသူများ၏ လုပ်သက် အလိုက် အစဉ်လိုက် တန်းစီ ဇယားဖြင့် ရွေးချယ်ခဲ့ပြီး ပြောင်းရွှေ့ခွင့်မရှိခဲ့သည့် ဆရာများ အနေဖြင့် ပြောင်းရွှေ့ လိုသည့် ကျောင်းများတွင် ဘာသာရပ်ကိုက်ညီမှုမရှိခြင်း၊လစ်လပ်နေရာမရှိခြင်း၊ လုပ်သက်တစ်နှစ် မပြည့်ခြင်း၊ ပြစ်မှုရှိခြင်း၊ ငြင်းပယ်ပြစ်ဒဏ်ရှိခြင်းနှင့် သင်တန်း တက်ရောက်နေခြင်းတို့ကြောင့် ပြောင်းရွှေ့ ခွင့် မရရှိခဲ့ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
အထက်တန်းပြရာထူးတိုး သို့ ပြောင်းရွှေ့သွားသည့် အလယ် တန်းပြဆရာနေရာများအတွက် မူလတန်းပြ ဆရာများအား ပြောင်း ရွှေ့ခန့်ထားရန် စီစဉ်ထားပြီး ၎င်းတို့နေရာအတွက် နေ့စားလပေးမူလတန်းပြ ဆရာများ အစားထိုးပြန်လည်ခန့်သွားရန် စီစဉ်ထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဦးစိုးသိုက်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်း ပေါင်း နှစ်ထောင့်ခုနစ်ရာကျော်ရှိပြီး ဆရာဦးရေ သုံးသောင်းခွဲကျော် ဖြင့် ကျောင်းသူ၊ ကျောင်းသား ပေါင်း တစ်သန်းကျော်ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
7Day DAILY
No comments:
Post a Comment