ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေကို ရုရှားနယ်စပ် နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။
ယူကရိန်းအစိုးရကတော့ ဒီတိုက်ပွဲတွေမှာ ရုရှားစစ်တပ်ကိုယ်တိုင် တိုက်ရိုက် စွက်ဖက်ခဲ့တယ်လို့ ပြောပြီး ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။
အနောက်နိုင်ငံတွေကတော့ မငြင်းနိုင်တဲ့သက်သေအဖြစ် ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ သမ္မတ ပိုရိုရှန်ကိုရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအရ သူအမြောက်နဲ့ လက်နက်ကြီးတပ်တွေကို ခွဲထွက်ရေးသမားတွေ နဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ပြန်ဆုတ်ခွာခဲ့ပါပြီ။ ပဋိပက္ခအတွင်း လူအယောက် ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။
DVB TV News
No comments:
Post a Comment