အမေရိကန်နိုင်ငံတွင် ကာလအတန်ကြာနေထိုင်ခဲ့ပြီး ပရိသတ်များနှင့် အလှမ်းဝေးနေ သည့် ရတနာဦးက ၎င်း၏ ပထမဆုံး မြန်မာသံ တစ်ကိုယ်တော်ခွေကို အောက်တိုဘာလဆန်းတွင် စတင်ဖြန့်ချိပေးမည်ဖြ စ်ကြောင်း ပြောသည်။
တေးစီးရီးအခွေအမည်ကို ချစ်သူဟု အမည်ပေးထားပြီး အရင်ခေတ်က နာမည်ကြီးခဲ့သော မြန်မာ သံခေတ်ဟောင်းတေးသီ ချင်း စုစုပေါင်း ၁၂ ပုဒ် ပါဝင်မည် ဖြစ်သည်။ ယင်းအခွေကို အောက်တိုဘာ ဒုတိယပတ်အတွင်းတွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ဗီစီဒီကိုလည်း မကြာမီလပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဟု ရတနာဦးက ပြောသည်။
တစ်ကိုယ်တော်ခွေ မထွက် သည်မှာ ဆယ်နှစ်ခန့် ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ၎င်း၏ ပရိသတ်များအ တွက် ကိုယ်ပိုင်သံစဉ်သီချင်းခွေ တစ်ခွေထုတ်ရန် စတင်စီစဉ် လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပလိုသော်လည်း မြန်မာနိုင်ငံတွင် အချိန်ပေးနေနိုင် မှသာ စီစဉ်ဖြစ် မည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိ သည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် အ မေရိကန်နိုင်ငံ သို့ ပြန်မည်ဖြစ် ကြောင်း ရတနာဦးက ပြောသည်။
7Day DAILY
No comments:
Post a Comment