ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာ ကားဟောင်းစလစ် ဈေးက ကျပ်ငါးသိန်းလောက် အထိပြုတ်ကျခဲ့ရာက လက်ရှိ မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င် ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။
ကားဈေးကွက်ဟာစက်တင်ဘာလဆန်းက စပြီးပြန်သွက်လာရာမှာမကြာမီပွင့်လင်းရာသီကာလမှာလည်း ဆက်တိုက်ကောင်းမွန်မယ်လို့ ကားဝယ်ရောင်းသမားတွေကခန့်မှန်း ထားပါတယ်။ လက်ရှိမှာတော့မြန် မာနိုင်ငံ အတွင်း စလစ်ဈေးကွက်ကောင်းလာတာနဲ့ အ မျှစလစ်ကပ်ဝယ်ယူရတဲ့တစ်ပတ်ရစ် ဂျပန်ကားတွေ ကိုလည်း လေလံဆွဲတင်သွင်းမှုများပြားလာတယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံမှာတော့တစ်နိုင်ငံလုံး အတိုင်းအတာအရလူကြိုက်များတဲ့ ကားတွေအနေနဲ့ ပရိုဘောက်၊အေဒီ ဗင်၊ ဖီဒါဗန်၊ ဟွန်ဒဖစ်၊ မတ်တူးရွှေငါး၊ ခရောင်း၊ ကလူဂျာ စတဲ့ဈေးနှုန်းသင့် ကားတွေ အ၀ယ်လိုက်လာတယ်လို့လည်း သိရပါတယ်။သက်တမ်းနှစ် ၂၀ ပြည့်မော် တော်ယာဉ်တွေကို စက်တင် ဘာလ ၁ ရက်ကအအပ်လက်ခံခဲ့ရပြီး ကညနခွန် ၂၀ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မတ်လ အထိလျှော့ချပေး ထားတာဖြစ်သလို ဒီလို အခွန်လျှော့ချမှုတွေကြောင့်လည်း ကားဈေးကွက်ကောင်းလာတာလို့ဆိုပါတယ်။
ဒါပေမယ့်နောက်ပိုင်းမှာတော့ ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် လက်ရှိကားဈေးကွက်အနေအထားပေါ် ရိုက်ခတ်လာနိုင်မယ်လို့လည်း ကားဝယ်ရောင်းသူတွေက ခန့်မှန်းထားပါတယ်။
MRTV-4
No comments:
Post a Comment