Monday 25 August 2014

ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း

Photo: ဖားကန့်မြို့ ၅ ရပ်ကွက် မိုးကြီးလို့ ရေလွှမ်း
Monday, August 25, 2014

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ်ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေ ပါတယ်။

ဖားကန့်မြို့နယ် ငှက်ပျောတော၊ မြို့မ၊ မရှီကထောင် စတဲ့မြို့ပေါ် ၅ ရပ်ကွက် မှာ ရေလွှမ်းနေတာလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့် က ပြောပါတယ်။

"နောက်ဆုံးအခြေအနေနဲ့ကတော့ မနက်က ၃ နာရီခွဲက စတက်တဲ့ရေပဲလေ၊ ဖားကန့်မှာ အနှစ် ၃၀ အတွင်း ဒီရေဟာ အကြီးဆုံးလို့ပြောရမှာပဲလေ၊ ခုဟာက ကြိုးတံတားတော့မြုပ်သွားပြီ၊ ဘုန်းကြီးကျောင်းတို့ မြေမြင့်တဲ့ နေရာလေးတွေလိုက်နေ အဲ့လောက်ပဲနေနေရတာပဲ၊ ခုချိန် ကတော့ ကယ်ဆယ်ရေး လုပ်နေကြတာပဲ၊ အိမ်တွေကတော့ မြုပ်တာပေါ့၊ မိုးရွာတာကြောင့် ရေကြီးတာလို့ ပြောလို့တော့ရတယ်"

အခုသီတင်းပတ်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရေလည်း မြင့်တက် လာပြီး ဒီနှစ်အတွင်း ရေလွှမ်းမှုအများဆုံးဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြို့ရွာ အတော်များများ မှာ ရေကြီး၊ ရေလျှံခဲ့ပါတယ်။

RFA Burmese

ဖားကန့်မြို့။ ဓါတ်ပုံ - အင်တာနက်
ဖားကန့်မြို့။ ဓါတ်ပုံ - အင်တာနက် 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် ဖားကန့်မြို့ပေါ်မှာ ရပ် ကွက် ၅ ရပ်ကွက်လောက် ရေနစ်မြုပ်နေ ပါတယ်။

ဖားကန့်မြို့နယ် ငှက်ပျောတော၊ မြို့မ၊ မရှီကထောင် စတဲ့မြို့ပေါ် ၅ ရပ်ကွက် မှာ ရေလွှမ်းနေတာလို့ ဖားကန့်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်မြင့် က ပြောပါတယ်။

"နောက်ဆုံးအခြေအနေနဲ့ကတော့ မနက်က ၃ နာရီခွဲက စတက်တဲ့ရေပဲလေ၊ ဖားကန့်မှာ အနှစ် ၃၀ အတွင်း ဒီရေဟာ အကြီးဆုံးလို့ပြောရမှာပဲလေ၊ ခုဟာက ကြိုးတံတားတော့မြုပ်သွားပြီ၊ ဘုန်းကြီးကျောင်းတို့ မြေမြင့် တဲ့ နေရာလေးတွေလိုက်နေ အဲ့လောက်ပဲနေနေရတာပဲ၊ ခုချိန် ကတော့ ကယ်ဆယ်ရေး လုပ်နေကြတာပဲ၊ အိမ်တွေကတော့ မြုပ်တာပေါ့၊ မိုးရွာတာကြောင့် ရေကြီးတာလို့ ပြောလို့တော့ရတယ်"

အခုသီတင်းပတ်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရေလည်း မြင့်တက် လာပြီး ဒီနှစ်အတွင်း ရေလွှမ်းမှုအများဆုံးဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြို့ရွာ အတော်များများ မှာ ရေကြီး၊ ရေလျှံခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment