Monday 25 August 2014

အမေရိကန် ဂျာနယ်လစ်တစ်ဦးကို ဆီးရီးယားစစ်သွေးကြွများက လွှတ်ပေး


၂၀၁၂ ခုနှစ်မှစ၍ ဖမ်းဆီးခြင်းခံခဲ့ရသူ အမေရိကန်ဂျာနယ်လစ် သီအိုကားတစ်အား ဆီးရီးယားနိုင်ငံမှ နူ ဆရာ စစ်သွေးကြွများက လွှတ်ပေး လိုက်ကြောင်း သိရသည်။

၎င်းလွတ်မြောက်လာမှုအတွက် အလွန်ဝမ်းမြောက်ကြောင်းနှင့် ကူညီဆောင်ရွက်ပေးသူ အားလုံး ကို ကျေး ဇူး တင်ကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး အမေရိကန်အစိုးရဟာ ဆီးရီးယားမှာ ဖမ်းဆီးခံထားရတဲ့ သီအိုအပါအ၀င် အခြား အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံပေါင်း ၂၀ ကျော်က အစိုးရတွေနဲ့ ပူးပေါင်း အကူ အညီတောင်းခဲ့ပါတယ်” ဟု ကယ်ရီက ပြောကြားသည်။

သီအိုသည် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်မှဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက ဆီးရီးယား နိုင်ငံသို့ အသွား တူရကီတွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

၎င်းလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထုတ်ပြန်ထား သည်။ နူဆရာစစ်သွေးကြွများက သီအို အား ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များထံ ဂိုလန်ကုန်းမြင့် တွင် လွှဲပြောင်းပေးလိုက်သည်။၎င်းအားကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးပါက အမေရိကန်အာ ဏာပိုင်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်သူ အသက် ၄၀ နှစ်အရွယ် ဂျိမ်းစ်ဖိုလေကို IS စစ်သွေး ကြွများက ဆီးရီးယား တွင် သတ်ပစ်ခဲ့သည်။

BBC

No comments:

Post a Comment