Tuesday 13 January 2015

သိက္ခာရှိတဲ့ နိုင်ငံရေး

Photo: သိက္ခာရှိတဲ့ နိုင်ငံရေး
Tuesday, January 13, 2015

နိုင်ငံတော်သမ္မတကြီး ကလေးချီထားတဲ့ ဓါတ်ပုံကလေးတစ်ပုံကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တင်ထားတာကို ဆန့်ကျင်ဘက် အတိုက်အခံတစ်ဦးက Freedom Of All Burma အမည်ရှိ Facebook Group မှာ တင်ထားတာ ရှိတယ်ဆိုပြီး မိတ်ဆွေ အတော်များများက အသိပေးလာခဲ့ပါတယ်။

မြန်မာ့ လူမှုကွန်ရက်အသိုင်းအ၀ိုင်းမှာ “ငါနဲ့မတူ ငါ့ရန်သူ၊ ဘုံရန်သူရှာကြ၊ ချေမှုန်းကြ” ဆိုတဲ့ ရက်ဒီကယ်ရေစီးကြောင်း ရှိနေတာသိရတဲ့အတွက်လည်း ထူးပြီး မအံ့သြမိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာရင် ဒါမျိုးတွေ ပိုပိုပြီး ဆိုရွားလာလိမ့်မယ် ဆိုတာတွေလည်း ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်တဲ့အတွက် ဖြစ်တတ်တဲ့ကိစ္စပဲ ဆိုပြီး တွေးတောမိခဲ့ပါတယ်။

ဒါပေမယ့်-

Freedom Of All Burma Group ကို ၀င်ကြည့်လိုက်တော့မှ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၁၉ မိနစ်မှာ တင်ထားတဲ့ မှတ်ချက်ကို တွေ့လိုက်ရပါတယ်။ NLD ပါတီဗဟိုရဲ့ သုတေသနလမ်းညွှန်အဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန် ယူထားသူတစ်ဦးက ဒီလိုမျိုး ပြုမူ ဆောင်ရွက်တာ တွေ့လိုက်ရတဲ့အတွက် အံ့သြမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ သင်ကြားနေတဲ့ ဗေဒါ အင်စတီကျုက သင်ကြားမှုတွေအပေါ်မှာလည်း စိုးရိမ်ပူပန်မိပါတယ်။

အဓိကအချက်ကတော့ သူရဲ့ ပါတီဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သိက္ခာရှိတဲ့ နိုင်ငံရေး” ဆိုတဲ့ စကားကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “နိုင်ငံရေးက မညစ်ပတ်ဘူး။ နိုင်ငံရေးသမားတွေက နိုင်ငံရေးကို ညစ်ပတ်အောင်လုပ်နေတာ” ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာ ဖြစ်မှာပါ။

သိက္ခာ ရှိတဲ့ နိုင်ငံရေး ( ဒေါ်အောင်ဆန်းစုကြည်)

“ဟိုဘက်က နိုင်လို့နိုင်တဲ့သူ ကို ချော်လဲအောင် လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင်လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာ ရှိတဲ့ နိုင်ငံရေး မဟုတ်ဘူး။သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာတွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။”

[ဒေါ်အောင်ဆန်းစုကြည်၊ ၁၉-၃-၂၀၁၄ ၊ နေပြည်တော်
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်]

Hmuu Zaw
[ဒေါ်အောင်ဆန်းစုကြည်၊ ၁၉-၃-၂၀၁၄ ၊ နေပြည်တော် 
ကော့မှုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ်]
နိုင်ငံတော်သမ္မတကြီး ကလေးချီထားတဲ့ ဓါတ်ပုံကလေးတစ်ပုံကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တင်ထား တာကို ဆန့်ကျင်ဘက် အတိုက်အခံတစ်ဦးက Freedom Of All Burma အမည်ရှိ Facebook Group မှာ တင်ထားတာ ရှိတယ်ဆိုပြီး မိတ်ဆွေ အတော်များများက အသိပေးလာခဲ့ပါတယ်။

မြန်မာ့ လူမှုကွန်ရက်အသိုင်းအ၀ိုင်းမှာ “ငါနဲ့မတူ ငါ့ရန်သူ၊ ဘုံရန်သူရှာကြ၊ ချေမှုန်းကြ” ဆိုတဲ့ ရက်ဒီကယ် ရေစီးကြောင်း ရှိနေတာသိရတဲ့အတွက်လည်း ထူးပြီး မအံ့သြမိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာရင် ဒါမျိုးတွေ ပိုပိုပြီး ဆိုရွားလာလိမ့်မယ် ဆိုတာတွေလည်း ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်တဲ့အတွက် ဖြစ်တတ်တဲ့ကိစ္စပဲ ဆိုပြီး တွေးတောမိခဲ့ပါတယ်။

ဒါပေမယ့်-
Freedom Of All Burma Group ကို ၀င်ကြည့်လိုက်တော့မှ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၁၉ မိနစ်မှာ တင်ထားတဲ့ မှတ်ချက်ကို တွေ့လိုက်ရပါတယ်။ NLD ပါတီဗဟိုရဲ့ သုတေသနလမ်းညွှန်အဖွဲ့ရဲ့ အတွင်းရေးမှူး တာဝန် ယူထားသူတစ်ဦးက ဒီလိုမျိုး ပြုမူ ဆောင်ရွက်တာ တွေ့လိုက်ရတဲ့အတွက် အံ့သြမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ သင်ကြားနေတဲ့ ဗေဒါ အင်စတီကျုက သင်ကြားမှုတွေအပေါ်မှာလည်း စိုးရိမ် ပူပန်မိပါတယ်။

အဓိကအချက်ကတော့ သူရဲ့ ပါတီဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သိက္ခာရှိတဲ့ နိုင်ငံရေး” ဆိုတဲ့ စကားကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “နိုင်ငံရေးက မညစ်ပတ်ဘူး။ နိုင်ငံရေးသမားတွေက နိုင်ငံရေးကို ညစ်ပတ်အောင်လုပ်နေတာ” ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာ ဖြစ်မှာပါ။

သိက္ခာ ရှိတဲ့ နိုင်ငံရေး ( ဒေါ်အောင်ဆန်းစုကြည်)
“ဟိုဘက်က နိုင်လို့နိုင်တဲ့သူ ကို ချော်လဲအောင် လုပ်မယ်လို့ သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင် လုပ်မယ်လို့။ ဒါမျိုးတွေဟာ မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာ ရှိတဲ့ နိုင်ငံရေး မဟုတ်ဘူး။သိက္ခာရှိတဲ့ နိုင်ငံရေး မလုပ်နိုင်လို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ အမြင်ချင်း မတူတာ တွေရှိတယ်။ ဒါကတော့ ရှိမှာပဲ။ လူပဲ အမြင်ချင်း တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။” 

Hmuu Zaw

No comments:

Post a Comment