Tuesday 13 January 2015

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ယာဉ်များ အပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ယာဉ်များ အပါအ၀င် အမြန်ရောက်ရန်လိုအပ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ယာဉ်များအား အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေ 
Tuesday, January 13, 2015

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား စတင်ဖွင့်လှစ်သည့်အချိန်မှ စတင်၍ လက်ရှိကာလအထိ လူစီးယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ကုန်များကို သယ်ဆောင်ရန် ယာဉ်အမျိုးအစား သတ်မှတ်မည်ဖြစ်ပြီး သတ်မှတ်ယာဉ်ဖြင့် အထက်ပါကုန်စည်များ သယ်ယူပို့ဆောင်လိုသည့် လုပ်ငန်းရှင်များသည် မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမြန်ရောက်ရန်လိုအပ်သည့် ကုန်စည်များသယ်ယူပို့ဆောင်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအတွက် ဖြတ်သန်းခွင့် မှတ်ပုံတင်ပြုလုပ်ရန်နှင့် စည်းကမ်းချက်များရှင်းလင်းရန် ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်တွင် ရန်ကုန်- နေပြည်တော်လမ်းပိုင်း၊ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်- စကားအင်းလမ်းပိုင်းအား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် စကားအင်း - တံခွန်တိုင် မန္တလေးလမ်းပိုင်းအား  ဖွင့်လှစ်ခဲ့ပြီး အမြန်လမ်းမကြီးသည် ၃၃၆ မိုင် ၃ ဖာလုံ အရှည်ရှိကာ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား လမ်းနယ်အကျယ် ပေ ၄ဝဝ သတ်မှတ်နိုင်ရန် လမ်းနယ်အတွင်း ပါဝင်သည့် အများပြည်သူများ ပိုင်ဆိုင်သော လယ်/ယာ မြေများ၊ သစ်တောမြေဧရိယာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် မြို့နယ်များ၌ နယ်မြေအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ မြေအမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းသတ်မှတ်မှုအတိုင်း ကျပ်သိန်းပေါင်း ၁၅ဝဝဝ ခန့်ပေးလျော်ထားပြီး ကျန်ရှိသည့် လယ်ယာမြေနှင့် အခြားမြေ ၉၄၁၉ ဧက ကျော်အတွက် ယခုဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်ပေးလျော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လူစီးယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့သည်ဆိုသော်လည်း  ပုဂ္ဂလိကသတင်းစာတိုက်များမှ သတင်းစာဖြန့်ဝေသည့်ယာဉ်များ အပါအဝင် ယာဉ်အချို့အား သီးခြားခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုမှာ ၂ဝ၁၃ ခုနှစ် မေ ၂၇ ရက်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုများ ရှိခဲ့ကြောင်းသိရသည်။ ထိုသို့ ခွင့်ပြုမှုများရှိသဖြင့်  Eleven Media Group  မှ ထုတ်ဝေသော The Daily Eleven သတင်းစာကို ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှတစ်ဆင့် နေ့စဉ်နေပြည်တော်နှင့် ဝန်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂ဝ၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြ၍ ခွင့်ပြုချက်အရ ဖြတ်သန်းပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်နေစဉ် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော လူ ၁၁ ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ် အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြသည့် အယ်ဒီတာ့အာဘော်အား ၂ဝ၁၃ ခုနှစ် မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်း အယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီး ဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်း မေ ၂၇ ရက် ညပိုင်းတွင် The Daily Eleven  သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတစ်ဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမမှ ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် သတင်းစာတင်ယာဉ်များအား ဖြတ်သန်းခွင့်မပြုတော့ရာမှ လက်ရှိအချိန်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်းတင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များ စသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေဖြင့် ဖြတ်သန်းခွင့်ပြုရန် ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် သွားလာနေ သည့် ယာဉ်များအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် သွားလာနေ သည့် ယာဉ်များအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်) 
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန်လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေနှင့် ဖြတ်သန်းခွင့်ပြုရန်ရှိကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား စတင်ဖွင့်လှစ်သည့်အချိန်မှ စတင်၍ လက်ရှိကာလအထိ လူစီး ယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်း တင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များစသည့် အမြန်ရောက်ရန် လိုအပ်သည့် ကုန်များကို သယ်ဆောင်ရန် ယာဉ်အမျိုးအစား သတ်မှတ်မည်ဖြစ်ပြီး သတ်မှတ်ယာဉ်ဖြင့် အထက်ပါ ကုန်စည်များ သယ်ယူပို့ဆောင်လိုသည့် လုပ်ငန်းရှင်များသည် မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမြန်ရောက်ရန်လိုအပ်သည့် ကုန်စည်များသယ်ယူပို့ဆောင်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ အတွက် ဖြတ်သန်းခွင့် မှတ်ပုံတင်ပြုလုပ်ရန်နှင့် စည်းကမ်းချက်များရှင်းလင်းရန် ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိ  ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးကို ၂ဝဝ၉ ခုနှစ် မတ် ၂၅ ရက်တွင် ရန်ကုန်- နေပြည်တော်လမ်းပိုင်း၊ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်- စကားအင်းလမ်းပိုင်းအား ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် စကားအင်း - တံခွန်တိုင် မန္တလေးလမ်းပိုင်းအား  ဖွင့်လှစ်ခဲ့ပြီး အမြန်လမ်းမကြီးသည် ၃၃၆ မိုင် ၃ ဖာလုံ အရှည်ရှိကာ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးအား လမ်းနယ်အကျယ် ပေ ၄ဝဝ သတ်မှတ်နိုင်ရန် လမ်းနယ်အတွင်း ပါဝင်သည့် အများပြည်သူများ ပိုင်ဆိုင်သော လယ်/ယာ မြေများ၊ သစ်တောမြေဧရိယာများအား သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များ၌ နယ်မြေအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေး၍ မြေအမျိုး အစားပေါ် မူတည်ကာ ဈေးနှုန်းသတ်မှတ်မှုအတိုင်း ကျပ်သိန်းပေါင်း ၁၅ဝဝဝ ခန့်ပေးလျော်ထားပြီး ကျန်ရှိ သည့် လယ်ယာမြေနှင့် အခြားမြေ ၉၄၁၉ ဧက ကျော်အတွက် ယခုဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ် များတွင် ဆက်လက်ပေးလျော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လူစီးယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုထားခဲ့သည်ဆိုသော်လည်း  ပုဂ္ဂလိက သတင်းစာတိုက်များမှ သတင်းစာဖြန့်ဝေသည့်ယာဉ်များ အပါအဝင် ယာဉ်အချို့အား သီးခြားခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုမှာ ၂ဝ၁၃ ခုနှစ် မေ ၂၇ ရက်အထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖြတ်သန်းခွင့်ပြုမှုများ ရှိခဲ့ကြောင်းသိရသည်။ ထိုသို့ ခွင့်ပြုမှုများရှိသဖြင့်  Eleven Media Group  မှ ထုတ်ဝေ သော The Daily Eleven သတင်းစာကို ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှတစ်ဆင့် နေ့စဉ် နေပြည်တော်နှင့် ဝန်းကျင်ဒေသများသို့ ပေးပို့နိုင်ရန် ကားဖြတ်သန်းခွင့်အား ၂ဝ၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးများသို့ တရားဝင်တင်ပြ၍ ခွင့်ပြုချက်အရ ဖြတ်သန်းပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်နေစဉ် မေ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော လူ ၁၁ ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုအပေါ် အခြေခံကာ အမြန်လမ်းမ၏ လိုအပ်ချက်များအား ဝေဖန်ထောက်ပြသည့် အယ်ဒီတာ့အာဘော်အား ၂ဝ၁၃ ခုနှစ် မေ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်း အယ်ဒီတာ့အာဘော်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပြီး ဖေ့ဘွတ်တွင် ထင်မြင်ချက်မှတ်ချက်ပေးသူများနှင့်လည်း အပြန်အလှန် ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်း မေ ၂၇ ရက် ညပိုင်းတွင် The Daily Eleven  သတင်းစာပို့သည့်ကားများ အမြန်လမ်းမှတစ်ဆင့် နေပြည်တော်သို့ သတင်းစာပို့ဆောင်ရန် ထွက်ခွာစဉ် ယနေ့သည် နောက်ဆုံးဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း နောက်ရက်များမှစ၍ The Daily Eleven သတင်းစာပို့သည့်ကားများကို အမြန်လမ်းမမှ ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန် Toll Gate မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် သတင်းစာတင်ယာဉ်များအား ဖြတ်သန်းခွင့် မပြုတော့ရာမှ လက်ရှိအချိန်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်တင်ပို့ယာဉ်များ၊ သား၊ ငါး၊ ကဏန်းတင်ပို့ယာဉ်များနှင့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းတင်ပို့ယာဉ်များ စသည့် အမြန်ရောက်ရန် လိုအပ်သည့် ယာဉ်များအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင်  အထူးအခွင့်အရေးအနေဖြင့် ဖြတ် သန်းခွင့် ပြုရန် ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment