Monday 26 May 2014

ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို

Photo: ဟိန္ဒားသတ္တုတွင်း စီမံကိန်းကြောင့် မြောင်ပျိုကျေးရွာသားများ ပျက်စီး ဆုံးရှုံးရခြင်းတို့အတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့အား ဒေသခံများက တရားစွဲဆို
Monday, May 26, 2014

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ အကြီးဆုံး သတ္တုတွင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော (MPCL) က ၁၉၉၂ ခုနှစ်တွင် ခဲမဖြူများကို စတင်ရယူဆောင်ရွက်ချိန်မှစ၍ ချောင်းနှင့် မြစ်များကောခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ မျိုးတုံးလာခြင်း၊ စိုက်ခင်းများ၊ လူနေအိမ်များ၊ ရေတွင်းများမှာလည်း စီမံကိန်းမှ နည်းစနစ်မရှိသော စွန့်ပစ်သော ဓာတုဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် အနည်များကြောင့် ပျက်စီးခဲ့ရသည်ဟု မေ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ စာကြည့်တိုက်၌ ဒေသခံများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သိရသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် အကြီးအကျယ် ရေကြီးခဲ့ပြီး မြောင်ပြိုချောင်းတစ်လျှောက် စိုက်ခင်းများ၊ လူနေအိမ်များနှင့် ရေထွက်ပင်ရင်းများ ရေလွှမ်းပျက်စီးခဲ့ကာ မြောင်ပြိုချောင်းမှာလည်း သတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်ပစ္စည်းများ အနည်များနှင့်ပြည့်ကာ ချောင်းကောနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရွာက ရေတွင်းအချို့ကို စမ်းသပ်ကြည့်တော့ သုံးနှစ်အတွင်းမှာအာဆင်းနစ်နဲ့ ခဲဓာတ်ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအမှတ်ကို ကျော်နေပြီ။ သောက်သုံးလို့ မသင့်တော့ဘူး။ ယာတွေ ခြံတွေလည်း အကုန်ပျက်စီးနေပြီ။ အိမ်တွေ မြေမြုပ်လို့ တချို့ဆို နေလို့မရတော့ဘူး” ဟု ဒေသခံ ထားဝယ်လူမျိုး ဒေါ်တင်လှက မီဒီယာများသို့ ပြောကြားသည်။

ထိုသို့ ဒေသခံများ၏ ပျက်စီးဆုံးရှုံး နစ်နာမှုများအတွက် (MPCL) ကုမ္ပဏီနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ ဖြေရှင်းပေးရန် အသိပေး တောင်းဆိုစာများ ပေးပို့ခဲ့သော်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူရန် ငြင်းပယ်ခဲ့သဖြင့် ဒေသခံများက ထားဝယ်ရှေ့နေအဖွဲ့အား အကူညီတောင်းခံကာ ၎င်းတို့ပျက်စီးဆုံးရှုံးမှုအတွက် တရားစွဲဆိုထားကြောင်း သိရသည်။

၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေ-မြေအသုံးပြုမှု နည်းဥပဒေ (၇၃) တွင် ရေသုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု မဖြစ်စေရန် တာဝန်ယူရမည်ဟု ပါရှိကြောင်းနှင့် ဒေသခံများ အနေဖြင့်လည်း ယခင်အစိုးရနှင့် ကုမ္ပဏီအကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို တောင်းယူကြည့်ရှုခွင့်ရရန် ကြိုးစားသင့်ကြောင်း အဆိုပါ မြောင်ပျိုဒေသရှိ သတ္တုတွင်းတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသော အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးစိန်သောင်းက သုံးသပ်ပြောကြားသည်။

မြောင်ပျိုကျေးရွာတွင် အိမ်ခြေ ၁ဝ၅ လုံးခန့်ရှိပြီး နေထိုင်သူ ၄၅ဝ ဦးခန့်ရှိပြီး ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ ဒူးရင်း၊ ကွမ်းသီးနှင့် ရော်ဘာစိုက်ပျိုးရေးဖြစ်ကာ တချို့မိသားစုများက ဟင်းသီးဟင်းရွက်နှင့် တနင်္သာရီမြစ်အတွင်း တစ်နိုင်တစ်ပိုင် ခဲကျင်ကြကြောင်း သိရသည်။

Eleven Media Group 

ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
ဟိန္ဒားသတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ရှင်းလင်းပြောကြားနေစဉ်
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အထက်တနင်္သာရီ မြစ်ကမ်းပေါ်ရှိ ဟိန္ဒား သတ္တုတွင်းတူးဖော်ရေး စီမံကိန်းကြောင့် အနီးရှိ မြောင်ပျိုကျေးရွာသားများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်း ကုမ္ပဏီ တစ်ခုဖြစ်သော Myanmar Pongpiat Compay Ltd.(MPCL) တို့အား ဒေသခံများမှ ထားဝယ်ခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ဟိန္ဒားသတ္တုတွင်း စီမံကိန်းသည် မြန်မာနိုင်ငံရှိ အကြီးဆုံး သတ္တုတွင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ထိုင်းနိုင်ငံ ကုမ္ပဏီဖြစ်သော (MPCL) က ၁၉၉၂ ခုနှစ်တွင် ခဲမဖြူများကို စတင်ရယူဆောင်ရွက်ချိန်မှစ၍ ချောင်းနှင့် မြစ်များကောခြင်း၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ မျိုးတုံးလာခြင်း၊ စိုက်ခင်းများ၊ လူနေအိမ်များ၊ ရေတွင်းများမှာလည်း စီမံကိန်းမှ နည်းစနစ်မရှိသော စွန့်ပစ်သော ဓာတုဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် အနည်များကြောင့် ပျက်စီးခဲ့ရသည်ဟု မေ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ စာကြည့်တိုက်၌ ဒေသခံများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သိရသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင် အကြီးအကျယ် ရေကြီးခဲ့ပြီး မြောင်ပြိုချောင်းတစ်လျှောက် စိုက်ခင်းများ၊ လူနေ အိမ်များနှင့် ရေထွက်ပင်ရင်းများ ရေလွှမ်းပျက်စီးခဲ့ကာ မြောင်ပြိုချောင်းမှာလည်း သတ္တုတွင်း စီမံကိန်းမှ စွန့်ပစ်ပစ္စည်းများ အနည်များနှင့်ပြည့်ကာ ချောင်းကောနေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ရွာက ရေတွင်းအချို့ကို စမ်းသပ်ကြည့်တော့ သုံးနှစ်အတွင်းမှာအာဆင်းနစ်နဲ့ ခဲဓာတ်ပါဝင်မှုက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ အမြင့်ဆုံးအမှတ်ကို ကျော်နေပြီ။ သောက်သုံးလို့ မသင့်တော့ဘူး။ ယာတွေ ခြံတွေလည်း အကုန်ပျက်စီးနေပြီ။ အိမ်တွေ မြေမြုပ်လို့ တချို့ဆို နေလို့မရတော့ဘူး” ဟု ဒေသခံ ထားဝယ်လူမျိုး ဒေါ်တင်လှက မီဒီယာများသို့ ပြောကြားသည်။

ထိုသို့ ဒေသခံများ၏ ပျက်စီးဆုံးရှုံး နစ်နာမှုများအတွက် (MPCL) ကုမ္ပဏီနှင့် သက်ဆိုင်ရာ အစိုးရဌာန များသို့ ဖြေရှင်းပေးရန် အသိပေး တောင်းဆိုစာများ ပေးပို့ခဲ့သော်လည်း နှစ်ဖက်စလုံးမှ တာဝန်ယူရန် ငြင်းပယ်ခဲ့ သဖြင့် ဒေသခံများက ထားဝယ်ရှေ့နေအဖွဲ့အား အကူညီတောင်းခံကာ ၎င်းတို့ပျက်စီးဆုံးရှုံးမှု အတွက် တရားစွဲဆိုထားကြောင်း သိရသည်။

၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေ-မြေအသုံးပြုမှု နည်းဥပဒေ (၇၃) တွင် ရေသုံးစွဲမှုကြောင့် ပတ်ဝန်း ကျင် ထိခိုက်ညစ်ညမ်းမှု မဖြစ်စေရန် တာဝန်ယူရမည်ဟု ပါရှိကြောင်းနှင့် ဒေသခံများ အနေဖြင့်လည်း ယခင် အစိုးရနှင့် ကုမ္ပဏီအကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များကို တောင်းယူကြည့်ရှုခွင့်ရရန် ကြိုးစားသင့်ကြောင်း အဆိုပါ မြောင်ပျိုဒေသရှိ သတ္တုတွင်းတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသော အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးစိန်သောင်းက သုံးသပ်ပြောကြားသည်။

မြောင်ပျိုကျေးရွာတွင် အိမ်ခြေ ၁ဝ၅ လုံးခန့်ရှိပြီး နေထိုင်သူ ၄၅ဝ ဦးခန့်ရှိပြီး ဒေသခံများ၏ အဓိက အသက်မွေး ဝမ်းကြောင်းမှာ ဒူးရင်း၊ ကွမ်းသီးနှင့် ရော်ဘာစိုက်ပျိုးရေးဖြစ်ကာ တချို့မိသားစုများက ဟင်းသီးဟင်းရွက်နှင့် တနင်္သာရီမြစ်အတွင်း တစ်နိုင်တစ်ပိုင် ခဲကျင်ကြကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment