Monday 26 May 2014

တစ်နှစ်တာအတွင်း တောဆင်ရိုင်း ၃၄ ကောင် သတ်ဖြတ်ခံခဲ့ရ

 ပြီးခဲ့သော တစ်နှစ်တာ ကာလအတွင်း  တော ဆင်ရိုင်း ၃၄ ကောင်ဖမ်း ဆီးသတ်ဖြတ် ခံခဲ့ ရကြောင်း သစ်တောဦးစီးဌာနမှ  သတင်းရရှိသည်။

၂၀၁၃ ဧပြီမှ ၂၀၁၄ ဧပြီလ အထိ တောရိုင်းတိရစ္ဆာန်များ တရားမ၀င် ဖမ်းဆီးသတ်ဖြတ် ခြင်းကို ဖမ်းဆီး အရေး ယူခဲ့သည့် စာရင်းဇယားများအရ တော ဆင်ရိုင်းကောင်ရေ ၃၄ ကောင် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

တောဆင်ရိုင်းများကို ဆင်စွယ်နှင့် ဆင်သားရေရယူလိုမှုနှင့် သတ်ဖြတ်ခြင်းဖြစ်ပြီး လူနှင့်ဆင် ပဋိပက္ခကြောင့် လက်စား ချေလိုသဖြင့် သတ်ဖြတ်ခြင်းများ လည်းရှိကြောင်း သစ်တောဦးစီး ဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဆင်ထွက်ပစ္စည်းဈေးကွက် သည် ပြည်ပတွင် သာမက ပြည်တွင်း၌ပါ ဈေးကွက်ရှိရာ ယင်းအတွက် ဆင်များကို ဂိုဏ်း ဖွဲ့၍ သတ်ဖြတ်မှုဖြစ်စဉ်များပြား လာကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘ထိန်းသိမ်းရေး လုပ်ငန်း တွေကို အရင်ကထက်ပိုလုပ်နေ တာပဲ။ ဒါပေမဲ့လည်း ဆင်စွယ် ရော သားရေရောကဈေးကောင်း ရလေတော့ ပြည်တွင်းမှာပါ ဈေး ကွက်ဖြစ်နေတယ်’’ဟု ၎င်းကဆို သည်။ ဧရာဝတီတိုင်းအတွင်းမှ တောဆင်ရိုင်းများ အများဆုံး သတ်ဖြတ်ခံရပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ သစ်တောကြိုးဝိုင်းများအတွင်းမှ တောဆင် ရိုင်းများသတ်ဖြတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆင်များကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အလောင်းတော်ကဿပ အမျိုး သားဥယျာဉ်၊ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးမဆင်ဘေးမဲ့တော၊ မန္တလေးတိုင်းဒေသကြီးတွင် ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေး မဲ့တော၊ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် မြောက်ဇာမရီ ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေတို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။

ထိုသို့ဆင်ဘေးမဲ့တောများ သတ်မှတ်၍ ဆင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်နေသော် လည်း သဘာဝမြေများအား အသုံးချမှု ပြောင်းလဲခြင်းကြောင့် ၎င်းတို့အတွက် စားကျက်နေရာ ကျဉ်းမြောင်း လာခြင်း၊ တောဆင် ရိုင်းများကို တရားမ၀င် သတ် ဖြတ်ခြင်းတို့ကလည်း ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အခက်အခဲ တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ဆင်စွယ်များကို နယ်စပ်ဂိတ်များမှတစ်ဆင့် တရားမ၀င် ရောင်းဝယ်မှုများရှိနေပြီး ယင်းသို့ ဆင်စွယ်ကုန်သွယ်မှုမရှိ ပါက ဆင်များ သေဆုံးမှုလျော့ နည်းလာမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဒေါက် တာ သိန်းအောင်ကပြောသည်။

7 Day News daily

No comments:

Post a Comment