မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား အသက် (၂၉) နှစ် အရွယ်ကိုကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
‘‘အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပဲ။ ဘယ်သူကပစ်တာလဲ ဆိုတာမသိဘူး။ သူသေ နေတာတွေ့မှ သေနတ်နဲ့ အပစ်ခံ ရတာဆိုတာ သိတာ။ ရခိုင်မြေပုံ မြို့နယ် ကုက္ကို ကျေးရွာ ကပါ’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်းတွင် နေထိုင်သော ကိုသက် ဇော်မင်းက ပြောသည်။
ကိုကြည်ထွန်းအား သေနတ် ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက် ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အ လုပ်သမားရေးရာ သံမှူးဦးသိန်း လွင်သို့ ဆက်သွယ်မေးမြန်းရာဖြေကြားခြင်းမရှိပေ။
သေဆုံးသူ ကိုကြည်ထွန်း အား မေလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘုပုဘုန်းတော်ကြီးကျောင်း၌ မီးသဂြုင်္ိဟ် မည်ဖြစ် သည်။
ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံလုံး ည ၁၀ နာရီမှ နံနက် ၅ နာရီထိ မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်သောကြောင့် ညပိုင်းအချိန် အလုပ်ဆင်းရမည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများမှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်တစ်ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေကျွန်း၌ အလုပ်မှပြန် လာသော မြန်မာအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။
7 Day News Daily
No comments:
Post a Comment