Thursday, 25 September 2014

မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား

Photo: မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား
Thursday, September 25, 2014

မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက် မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။ 

ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ  ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့  တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။ 

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်း ဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သောရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။ 

ထိုလျှောက်လွှာများကို မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနရုံးချုပ်အဆင့် ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၆၇ အရဖွဲ့ခဲ့ သည့်ဗဟိုအဖွဲ့တို့က စစ်ဆေးပြီး ယင်း ထဲမှ ဘင်္ဂါလီ ၄ဝ ကိုနိုင်ငံသားအဖြစ် ဖြစ်ခွင့်ပေးလိုက်ကြောင်း ဝန်ကြီးဦးခင် ရီကပြောသည်။
”၁၆၉ ယောက်ကတော့ နိုင်ငံ သားပြုခွင့်ရသွားပြီး၊ နောက် သူတို့ မွေး တဲ့ကလေးတွေက ၃၈၃ ယောက် ရှိတယ်။ အဲ့ဒါတွေပါ ဖြစ်သွားမှာပါ”ဟု ၄င်းကပြောသည်။ 

အဆင့်ဆင့် စစ်ဆေးမှုတိုင်းတွင်ရခိုင်ကိုယ်စားလှယ်နှစ်ဦးနှင့် ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦးပါဝင်ပြီး အားလုံး ၏ထောက်ခံချက်ဥပဒေအရပြဋ္ဌာန်း     ချက်များဖြင့်ဆောင် ရွက်ပေးခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနမှသိရ သည်။
စမ်းသပ်မြေပုံမြို့နယ်တွင်လူဦး ရေစုစုပေါင်း ၁၁၉၂ဝ၅ ဦးရှိပြီး ထိုထဲ တွင် ဘင်္ဂါလီလူမျိုး ၃၈၁၉ ဦးရှိနေပြီးဘင်္ဂါလီလူမျိုးအဖြစ်စာရင်းကောက်ခံသူ ၁၅၇၉ ဦး၊ လူမျိုးအမည် မရေးသွင်းဘဲ သန်းခေါင်စာရင်းကောက်ခံသူ ၁၄၆၃ ဦး ရှိကြောင်းစာရင်း များအရသိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နိုင်ငံသားဖြစ်ခွင့်ရ ပြုခွင့်ရသူများသည် နိုင်ငံ၏ဥပဒေ၊ ဒေသန္တရဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပြီး ၄င်းတို့ ကိုတိုင်းရင်းသား တစ်ခုအဖြစ်အသိ အမှတ်ပြုသွားမည်မဟုတ်ဟု ဆိုသည်။ 

Popular Journal 

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက်မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ

Photo: အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ
Thursday, September 25, 2014

လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့်အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက်ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေ နဲ့ ဆံနွယ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

၁။ ပိုးသား၊ ဖဲသားလို ခေါင်းအုံးစွပ်မျိုးတွေရှာပြီး အိပ်ပါ။
ဖိုင်ဘာသားလို ခေါင်းအုံးမျိုးတွေက သင့်အသားအရေကို ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုခေါင်းအုံးမျိုးတွေ အုံးတဲ့အခါ သင်နိုးလာတဲ့အခါ ပါးရေတွန့်တာမျိုး၊ အရေးအကြောင်းဖြစ်ပေါ်တာမျိုးတွေ ခံစားရပါလိမ့်မယ်။ ရေရှည်အတွက်လည်း မကောင်းတာကြောင့် ပိုးသား၊ ဖဲသားလို့ ခေါင်းအုံးမျိုးတွေသာ ရွေးချယ်ပါ။

၂။ဘေးတစ်စောင်းအိပ်တာထက် ပက်လက်အိပ်ပါ။
ဘေးတစ်စောင်းအိပ်ခြင်းကလည်း သင့်မျက်နှာအသားအရေအတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ဘက်တည်းကို စောင်းအိပ်တာ ပိုဆိုးပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် ပက်လက်အိပ်ပါ။

၃။မအိပ်ခင် moisturizer လိမ်းအိပ်နိုင်ရင် ကောင်းပါတယ်။
မျက်နှာအသားအရေအတွက်၊ မျက်လုံးအတွက် စသဖြင့် ညဘက်လိမ်းအိပ်သင့်တဲ့ moisturizer လိမ်းအိပ်မယ်ဆိုရင်လည်း ဒါကောင်းတာပါပဲ။ ဒီလိုလိမ်းအိပ်ထားလိုက်ရင် မနက်ရောက်တဲ့အခါ သင်မျက်နှာလေး ကြည့်ကောင်းနေပါလိမ့်မယ်။

၎။ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ် လဲပေးပါ။
မျက်နှာအသားအရေအတွက် သတိထားလုပ်ပေးရမယ့် အရာကတော့ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ်လဲပေးဖို့ပါပဲ။ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေဟာ ခေါင်းအုံးစွပ်ကနေ သင့်မျက်နှာအသားအရေကို ဒုက္ခပေးနိုင်တာကြောင့် ခေါင်းအုံးကို ညတိုင်း ဟိုဘက်ဒီဘက် လှည့်အိပ်ပေးဖို့လည်း လိုအပ်ပါတယ်။

၅။မအိပ်ခင် ငန်တဲ့အစားအစာတွေစားခြင်း၊ အရက်သောက်ခြင်းဟာ အသားအရေအတွက် မကောင်းပါ။
ငန်တဲ့အစားအသောက်နဲ့ အရက်သောက်ပြီး အိပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ရှိသမျှအရည်တွေကို ယူလိုက်ရတဲ့အတွက် မျက်လုံးတစ်ဝိုက်က အရည်တွေကို စုပ်ယူသွားတာကြောင့် သင့်မျက်လုံးအစ်ဖောင်းတာတွေ ဖြစ်လာတာပါ။

၆။အိပ်စက်တဲ့အခါ မျက်နှာနဲ့ ဆံပင် မထိတွေ့တာ အကောင်းဆုံးပါပဲ။
အိပ်တော့မယ်ဆို ဆံပင်ကို စည်းထားတာ အကောင်းဆုံးပါပဲ။ အတင်းကြီး စုစည်းထားတာမျိုး မဟုတ်ပဲ ဖြေလျော့ပြီး စည်းအိပ်ပါ။ ဒါဆိုရင် ဆံပင်နဲ့မျက်နှာတစ်ချိန်လုံး မထိတော့တာမို့ မျက်နှာအသားအရေအတွက် ဘက်တီးရီးယားဝင်ခြင်းက ကာကွယ်ရာရောက်ပါတယ်။

၇။အိပ်တော့မယ်ဆို လိမ်းထားသမျှ မိတ်ကပ်တွေ ဖျက်ပြီးမှ အိပ်ပါ။
အပြင်က ပြန်လာပြီး အိပ်ယာမြင်တာနဲ့ တန်းအိပ်ပစ်လိုက်တာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ မျက်နှာပေါ်မှာ တစ်နေ့လုံးရှိနေတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖျက်၊ မျက်နှာသစ်ပြီးမှ အိပ်ယာဝင်တာ မျက်နှာ အသားအရေအတွက် အကောင်းဆုံးပါပဲ။

Ref:cosmopolitan
Trend Myanmar
လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့် အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက် ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေနဲ့ ဆံနွယ်တွေအတွက် သတိထား သင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း

Photo: ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း
Thursday, September 25, 2014 

ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေ ကို ရုရှားနယ်စပ်နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။

ဒေသတွင်းပြန့်ကျဲနေတဲ့ မီးကျွမ်းစစ်သုံးယာဉ်တွေဟာ စက်တင်ဘာအစောပိုင်း တိုက်ပွဲတွေရဲ့လက်ကျန်တွေပါ။

Ukraine ရွာထဲက တချို့အိမ်တွေကတော့ မပေါက်ကွဲသေးတဲ့ ကျည်တွေ အပျက်အစီးတွေကြားမှာ ရှိနေပါတယ်။

သူပုန်တွေက လမ်းတွေနဲ့ လူနေဒေသတွေက မီးကျွမ်းအစအနတွေကို ဖယ်ရှားဖို့ ကုန်ကားတွေနဲ့ ကရိန်းကားတွေကို စေလွှတ်ခဲ့တာပါ။

တိုက်ပွဲရှုံးအပြီး စက်တင်ဘာ ၅ ရက်နေ့က အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဆော်သြခဲ့ရပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီတိုက်ပွဲတွေမှာ ရုရှားစစ်တပ်ကိုယ်တိုင် တိုက်ရိုက် စွက်ဖက်ခဲ့တယ်လို့ ပြောပြီး ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။

အနောက်နိုင်ငံတွေကတော့ မငြင်းနိုင်တဲ့သက်သေအဖြစ် ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ သမ္မတပိုရိုရှန်ကိုရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအရ သူအမြောက်နဲ့ လက်နက်ကြီးတပ်တွေကို ခွဲထွက်ရေးသမားတွေနဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ပြန်ဆုတ်ခွာခဲ့ပါပြီ။ ပဋိပက္ခအတွင်း လူအယောက် ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

DVB TV News
ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေကို ရုရှားနယ်စပ် နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။

UN မှာ မိန်းမ၀ါဒ အကြောင်း မိန့်ခွန်းပြောပြီးတဲ့နောက် အဖော်အချွတ် ဓါတ်ပုံဖြန့်သူတွေရဲ့ နောက်ဆုံး ပစ်မှတ် ဖြစ်လာတဲ့ Emma Watson

Photo: UN မှာ မိန်းမ၀ါဒ အကြောင်း မိန့်ခွန်းပြောပြီးတဲ့နောက် အဖော်အချွတ် ဓါတ်ပုံဖြန့်သူတွေရဲ့ နောက်ဆုံး ပစ်မှတ် ဖြစ်လာတဲ့ Emma Watson
Thursday, September 25, 2014

Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေတဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က “Emma You Are Next” လို့အမည်ရတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ပြီး ထို Hacker က သတိပေးခဲ့တာဖြစ်ပါတယ်။ ထို ၀က်ဘ်ဆိုက်မှာ Emma Watson ရဲ့ ပွဲတက်နေတဲ့ ဓါတ်ပုံတစ်ပုံကို ၀ါးထားပြီး အချိန်ရေတွက်တဲ့ နာရီတစ်လုံးကို ဖော်ပြထားပါတယ်။ လေးရက်အတွင်း ဓါတ်ပုံတွေ ဖြန့်မယ်လို့ လည်း ရေးထားပါတယ်။

Emma Watson ဟာ UN က ပြုလုပ်တဲ့ HeForShe အစီအစဉ်မှာ မိန်းမ၀ါဒကို မိန့်ခွန်းအဖြစ် ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ယခုလို ခြိမ်းခြောက်ခံ ရတာဖြစ်တယ်လို့ London’s Telegraph သတင်းဋ္ဌာနရဲ့ပြောကြားချက်အရ သိရပါတယ်။

Ref:starpulse.com
Trend Myanmar
Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေ တဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။

ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ

Photo: ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ
Thursday, September 25, 2014

ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာကားဟောင်းစလစ် ဈေးကကျပ်ငါးသိန်းလောက်အထိပြုတ်ကျခဲ့ရာကလက်ရှိ
မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င်ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။ 
 
သက်တမ်းနှစ် (၂၀) အထိယာဉ်တွေနဲ့ ၁/က---- တန်းတွေကိုအိုဟောင်းယာဉ်အဖြစ် ပြန်အပ်ဖို့လက်ခံလိုက်တာနဲ့ ကားစလစ်ဈေးတွေကျဆင်းလာတယ်ဆိုပေမယ့် လက်ရှိမှာတော့စလစ်ဈေးဟာ ပျမ်းမျှကျပ်သိန်း ၄၀ ၀န်းကျင်လောက်နဲ့ငြိမ်နေပြီးကားအရောင်း အ၀ယ်ဈေးကွက် သိသိသာသာကောင်းလာတယ်လို့ ရန်ကုန်မြို့၊လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ကားဈေးကွက်ကသိရပါတယ်။
 
ကားဈေးကွက်ဟာစက်တင်ဘာလဆန်းက စပြီးပြန်သွက်လာရာမှာမကြာမီပွင့်လင်းရာသီကာလမှာလည်း ဆက်တိုက်ကောင်းမွန်မယ်လို့ ကားဝယ်ရောင်းသမားတွေကခန့်မှန်း ထားပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံအတွင်း စလစ်ဈေးကွက်ကောင်းလာတာနဲ့ အ မျှစလစ်ကပ်ဝယ်ယူရတဲ့တစ်ပတ်ရစ်ဂျပန်ကားတွေကိုလည်း လေလံဆွဲတင်သွင်းမှုများပြားလာတယ်လို့လည်းသိရပါတယ်။
 
မြန်မာနိုင်ငံမှာတော့တစ်နိုင်ငံလုံး အတိုင်းအတာအရလူကြိုက်များတဲ့ ကားတွေအနေနဲ့ ပရိုဘောက်၊အေဒီဗင်၊ဖီဒါဗန်၊ဟွန်ဒဖစ်၊မတ်တူးရွှေငါး၊ခရောင်း၊ကလူဂျာ စတဲ့ဈေးနှုန်းသင့်ကားတွေအ၀ယ်လိုက်လာတယ်လို့လည်းသိရပါတယ်။သက်တမ်းနှစ် ၂၀ ပြည့်မော် တော်ယာဉ်တွေကို စက်တင်ဘာလ ၁ ရက်ကအအပ်လက်ခံခဲ့ရပြီး ကညနခွန် ၂၀ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မတ်လအထိလျှော့ချပေးထားတာဖြစ်သလို ဒီလို အခွန်လျှော့ချမှုတွေကြောင့်လည်း ကားဈေးကွက်ကောင်းလာတာလို့ဆိုပါတယ်။
 
ဒါပေမယ့်နောက်ပိုင်းမှာတော့ ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် လက်ရှိကားဈေးကွက်အနေအထားပေါ် ရိုက်ခတ်လာနိုင်မယ်လို့လည်း ကားဝယ်ရောင်းသူတွေကခန့်မှန်းထားပါတယ်။

MRTV-4
ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာ ကားဟောင်းစလစ် ဈေးက ကျပ်ငါးသိန်းလောက် အထိပြုတ်ကျခဲ့ရာက လက်ရှိ မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င် ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။

တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို

Photo: တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို
Thursday, September 25, 2014

တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းကနေ ဆန်တင်ပို့နိုင်ရေး ပထမခြေလှမ်းအဖြစ် နှစ်နိုင်ငံ ၀န်ကြီးတွေဟာ ဆန်စပါးအရည်သွေးအပိုင်းနဲ့ စစ်ဆေးရေးပိုင်းဆိုင်ရာ စာချုပ် (AQSIQ) နဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

riceမြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက “မနေ့က နေ့လယ် က နှစ်နိုင်ငံ တရုတ်နဲ့ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနှစ်ယောက် လက်မှတ်ထိုးကြပါတယ်။ AQSIQ ဆိုတာကတော့ နှစ်နိုင်ငံ အရည်အသွေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ပေါ့။ ဆန်စပါးအရည်အသွေး စစ်ဆေးတာနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီချက်ရတာပေါ့နော်။ ဘာတွေစစ်ဆေးရမယ်။ ဘာတွေကိုတော့ ရှောင်ရမယ်။ ဘာတွေလိုက်နာရမယ်ဆိုတာတွေ” လို့ ပြောပါတယ်။

AQSIQ အတွက် လက်မှတ်ထိုးပြီးပေမယ့် မြန်မာ့ဆန်ကို တရားဝင်တင်ပို့မှုကို တရုတ်က ချက်ချင်းလက်ခံဦးမှာ မဟုတ်သေးဘဲ ဒုတိယအဆင့်အနေနဲ့ အစိုးရ ချင်းလက်မှတ်ထိုးတဲ့အဆင့်ကို ဖြတ်သန်းရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနက ရေးထိုးရမယ်လို့ သူက ရှင်းပြပါတယ်။

အစိုးရချင်း ဆောင်ရွက်ကြရမှာဖြစ်လို့ ရက်အတိအကျ မပြောနိုင်ပေမယ့် လပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

AQSIQ – Adminstration of QualitySupervisi on Inpection and Quarantine ဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့က တင်သွင်းကုန်တွေအပေါ် အရည်အသွေး ချမှတ်ခွင့်ပြုတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို ဦးစားပေးမှာဖြစ်ကြောင်း နဲ့ ယူနန်ပြည်နယ်ဈေးကွက်ကို မြန်မာ့ပို့ကုန်ဈေးကွက်အဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးထွန်းက “ယူနန်ပြည်နယ်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တခြားနေရာက သင်္ဘောတင်ရင် ဈေးပိုကြီးပါတယ်။ ကျနော်တို့ရဲ့ မူဆယ်လမ်းကြောင်းကို သုံးခြင်းအားဖြင့် သူတို့အတွက် ပိုအကျိုးရှိတာပေါ့နော်။ အဲဒီတော့ ဒီလမ်းကြောင်းကို ဆက်ပြီးတော့မှ ၀ယ်ယူဖို့အတွက် သဘောတူညီတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

လက်ရှိကာလမှာ တရုတ်နိုင်ငံမှာ စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက တရုတ်လယ်သမားတွေကို အကာအကွယ်ပေးရေးမူဝါဒအရ ပြည်ပက တရားမ၀င်တင်သွင်းတဲ့ ဆန်တွေကို ဖမ်းဆီးနေတာကြောင့် မြန်မာဆန်တွေ မူဆယ်မှာ တင်ပို့နိုင်ခြင်းမရှိဘဲ အခက်တွေ့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးပြည်ပတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး မြန်မာဘက်က တရားဝင်တင်ပို့ခွင့်ပြုပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင်တင်သွင်းခွင့်လက်ခံတာ မဟုတ်ပါဘူး။

မြန်မာရဲ့အဓိက ဆန်တင်ပို့တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ တရားဝင်ဆန်တင်ပို့ခွင့်ရရှိရေး ခြေလှမ်းတွေ တိုးမြင့်လာနေချိန်မှာ နိုင်ငံတွင်း လယ်ယာမြေသိမ်းဆည်းမှုပြဿ နာ။ ငွေအရင်းနှီးနဲ့ နည်းပညာချို့တဲ့မှု လယ်ယာလုပ်သားရှားပါးမှု အခက်အခဲတွေရှိသလို ရင်းနှီးမြှုပ်နှံသူတွေကလည်း လယ်ယာကဏ္ဍမှာ မြှုပ်နှံဖို့ တွန့်ဆုတ်နေဆဲဖြစ်ပါတယ်။

DVB
တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းကနေ ဆန်တင်ပို့နိုင်ရေး ပထမခြေလှမ်း အဖြစ် နှစ်နိုင်ငံ ၀န်ကြီးတွေဟာ ဆန်စပါးအရည်သွေးအပိုင်းနဲ့ စစ်ဆေးရေးပိုင်းဆိုင်ရာ စာချုပ် (AQSIQ) နဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

Photo: အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ
Thursday, September 25, 2014

IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယားအမျိုးသမီးတစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယိုတစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏အသက်အန္တရာယ်နှင့်အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက် ထွက်နေရကြောင်း တွေ့ရသည်။

လျို့ဝှက်ဗီဒီယိုကိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ အစ္စလာမ်ဥပဒေအရ၀တ်ဆင် ရသည့် မျက်နှာထိဖုံးအုပ်ထားရသည့်အ၀တ်အစား 'နီကတ်' ကိုဝတ်ဆင်ကာ လျို့ဝှက် ကင်မရာ သယ်ဆောင်ပြီး မြို့အတွင်းရှိ အခြေအနေများကိုရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ သူမရိုက်ကူးခဲ့သော ဗီဒီယို၏ဖော်ပြချက်အရ မြို့အတွင်းရှိ လမ်းများမှာ သေနတ်ကိုင် ဆောင်ထားသော အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်နှက်လျက်ရှိပြီး အချို့အမျိုးသမီးများမှာ ' နီကတ်' ၀တ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောတွင်လည်း ရိုင်ဖယ်သေနတ်များကို ချိတ်ဆွဲထားကြသည်။ 

ဗီဒီယိုပြကွက် တစ်ခုတွင် 'နီကတ် ' ၀တ်စုံဝတ်ဆင်ထားပြီး AK 47 မောင်းပြန် သေနတ်ကို ကျောသိုင်းလွယ်ထားသော အမျိုးသမီးတစ်ဦးမှာ သူမ၏ သားဖြစ်သူကိုလက်ဆွဲလျက် ကလေးကစားကွင်းအတွင်းသို့ဝင်ရောက်သွား ခဲ့သည်။

သူမ ဗီဒီယို ရိုက်ကူးနေစဉ်အတွင်းမှာပင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ကားဖြင့် သူမအနားသို့ရောက်ရှိလာပြီး " ' နီကတ် ' ၀တ်စုံကို သေချာ ၀တ်ဆင်ရန်၊ သူမ၀တ်ဆင်ထားသော ၀တ်စုံမှာ မျက်နှာ အနည်းငယ်ပေါ်နေသောကြောင့် သေချာဝတ်ဆင်ရန်၊ အရှင်က မျက်နှာကို ဖုံးထားသော အမျိုးသမီးကိုသာ ချစ်တယ်" ဟုပြောဆိုကာ ဆူပူကြိမ်းမောင်း သွားခဲ့သည်။ 

လျှို့ဝှက်စွာရိုက်ကူးခဲ့သည့် ၎င်းဗီဒီယိုကို ပြင်သစ်သတင်းရုပ်သံလိုင်း "France 2" တွင်ထုတ်လွှင့်ပြသသွားခြင်းဖြစ်ပြီး၊ ဖျော်ဖြေရေး၊ ပညာရေးနှင့် အစစ အရာရာကို ခံစားခွင့်မရှိသော အစ္စလာမ်မစ် ဥပဒေအောက်မှ ဆီးရီးယားအမျိုး သမီးများ၏ဘ၀အခြေအနေများကို ဖော်ပြသွားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယားအမျိုးသမီး တစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာမြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယို တစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏ အသက် အန္တရာယ်နှင့်အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက် ထွက်နေရကြောင်း တွေ့ရသည်။

လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်

Photo: လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်
Thursday, September 25, 2014

 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့ စည်ပင်သာ ယာဈေးရှိ ရွှေဆိုင် တစ်ဆိုင် တွင် ဆိုင်ရှင်ကို သေနတ်ဖြင့် ထောက်ကာ ကျပ်သိန်း တစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ အမှတ်(၃) ရပ် ကွက် လမ်းမတော်လမ်းမပေါ်ရှိ လားရှိုးစည်ပင်သာယာမြို့မဈေး၊ ချယ်ရီဈေးရုံတွင် ဖွင့်ထား သော ဝေဟင်ရွှေဆိုင်သို့ မွန်းလွဲ ပိုင်းက အမျိုးသားတစ်ဦး ရောက်လာပြီး ဆိုင်ရှင်အား နောက်ကျောဘက်မှ သေနတ်ဖြင့် ထောက်ကာ ရွှေများကို ကောင်တာပေါ်   တင်ခိုင်းခဲ့ သည်။ထိုအချိန်တွင် ဆိုင်ရှင်နှင့်အ တူ ပန်းထိမ်ဆရာ ဦးပြည်အောင် တို့ရှိနေပြီး ဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေးက ရွှေလက်စွပ်များ ထည့် ထားသော ရွှေလင်ဗန်းတစ်ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက် ရာ လုယက်သူက အသင့်ပါလာ သော ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ထွက်ပြေးသွားခြင်းဖြစ် သည်။

ထို့နောက် သေနတ်သမား သည် ရွှေဆိုင်နှင့် ၂၅ ပေခန့်ကွာ သော အောင်သီရိရုပ်ရှင်ရုံ နောက်ဖေးလမ်းကြား၌ အသင့်ရပ်စောင့် နေသော ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားကြကြောင်း ဒေသခံဦးသောင်းလွင်က ပြောသည်။

 ‘‘ရွှေထည်ပစ္စည်းတန်ဖိုး သိန်းတစ်ရာဖိုးလောက်ပါသွား တယ်လို့သိရပါတယ်။ ဈေးလုံခြုံ ရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီဆိုင်ဘက်ရောက်လာဖို့ ၁၅မိနစ် အလိုမှာ ခုလိုဖြစ်သွားတာပါ။ ရွှေ ထည်တွေလုသွားတဲ့လူ ဈေးအ ပြင်လမ်းပေါ်ကိုရောက်သွားပြီးမှ သိကြတာပါ’’ဟု လားရှိုးရွှေကုန် သည်များအသင်းဥက္ကဋ္ဌ  ကိုညီ ထွေးကပြောသည်။

သေနတ်ကိုင်လုယက်သွား သူသည် ရွှေထည်များရယူပြီးချိန် တွင် အသင့်ရပ်ထားသောဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ခြင်းကို CC-TV မှတ်တမ်းအရသိရကြောင်းလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါလုယက်မှုနှင့်ပတ် သက်၍ တရားခံကိုဖမ်းဆီးဖော် ထုတ်နိုင်ရန် သက်ဆိုင်ရာရဲတပ် ဖွဲ့ဝင်များက မြို့အ၀င်၊ အထွက် လမ်းဟူသမျှကို  ပိတ်ဆို့လျက်ရှာ ဖွေစစ်ဆေးမှုများ   ပြုလုပ်နေ ကြောင်းသိရသည်။

 လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၃ ခုနှစ်ကလည်း အထက်ပါ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည့် လားရှိုးစည်ပင်သာယာမြို့မဈေး အပြင်ဘက်တန်းမှ   လပ်ကီးရွှေဆိုင် လုယက်မှုမှ တရားခံများကို နှစ်လကျော်ကြာမှ ဖမ်းမိခဲ့ပြီး ယင်းမှုခင်းကို ၁၂ နာရီ ၁၃ မိနစ် အမည်ဖြင့် ဇာတ်လမ်းရိုက်ကူးခဲ့သည်။

7Day DAILY 

လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့စည်ပင်သာယာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်ကို သေ နတ်ဖြင့် ထောက်ကာ ကျပ်သိန်းတစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ငြိမ်းချမ်းရေးကြိုးပမ်းချိန်တွင် ပစ်ခတ်မှုများ အမြန်ဆုံးရပ်ဆိုင်းပေးရန် အရေးကြီးအဆို တပ်မတော်ထောက်ခံ

Photo: ငြိမ်းချမ်းရေးကြိုးပမ်းချိန်တွင် ပစ်ခတ်မှုများ အမြန်ဆုံးရပ်ဆိုင်းပေးရန် အရေးကြီးအဆို တပ်မတော်ထောက်ခံ
Thursday, September 25, 2014 

ပြည်တွင်းပဋိပက္ခ လက်နက်ကိုင် တိုက်ခိုက်မှုများကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက အမြန်ဆုံးရပ်ဆိုင်းပေး ရန် အရေးကြီးအဆိုကို တပ်မတော်ကလက်ခံ၍ အတည်ဖြစ်ခဲ့သည်။
အဆိုရှင် ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပြည်တွင်းငြိမ်းချမ်းရေး မရရှိခြင်းကြောင့် ပြည်သူများသေကြခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခ ရောက်နေသည့်အတွက် အရေးကြီးအဆို နှင့် စစ်ဆင်ရေးအထောက်အကူပြု ၀န်ထမ်းအဖြစ် တပ်မတော်သားများနှင့် အတူလိုက်ပါဆောင်ရွက်စဉ် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများ မနစ်နာစေရေးအတွက် ထိုက်သင့်သော အသိအမှတ်ပြု၊ ဂုဏ်ပြုလက်မှတ် ဂုဏ်ပြုလွှာတို့ကို စိစစ်ထုတ်ပေးရန် နှင့် ၎င်းတို့၏ဘ၀ အဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရန် အဆိုတင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ရန် အပစ်ရပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့ ယခုလ ၂၂ ရက်မှ စတင်၍ ဆွေးနွေးနေချိန် တွင် အရေးကြီးအဆိုတင်သွင်းခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူများ သေစေခြင်း၊ ကိုယ်ခန္ဓာစွန့် လွှတ်ရခြင်း၊ ပစ္စည်းဥစ္စာနှင့် ဆင်းရဲဒုက္ခရောက်နေရခြင်းတို့သည် လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာရသဖြင့် ပြည်သူများ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုကို သက်ဆိုင်သူများက အမြန်ဆုံးရပ်ရန် အရေးကြီးအဆိုကို တပ်မတော်က လှိုက်လှဲစွာ ထောက်ခံ သည်ဟု ပြောသည်။

၎င်းက “တပ်မတော်အနေနဲ့ မိမိတို့ နဲ့လိုက်ပါတဲ့ စစ်ဆင်ရေးဝန်ထမ်းများကို တတ်အားသရွေ့ကူညီမှုများ၊ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုပဲဖြစ်ကြောင်း တင်ပြလို တယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏ သဘောထားကို မေးမြန်းရာ ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။
mizzima
ပြည်တွင်းပဋိပက္ခ လက်နက်ကိုင် တိုက်ခိုက်မှုများကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ယနေ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားဆောင်ရွက်နေချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများကို သက်ဆိုင်သူများက အမြန်ဆုံး ရပ်ဆိုင်းပေး ရန် အရေးကြီးအဆိုကို တပ်မတော်ကလက်ခံ၍ အတည်ဖြစ်ခဲ့သည်။

ဘတ်ဂျက်ငွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်းမရှိသည့်အတွက် ဆေး(၂) စီမံဘဏ္ဍာဌာနမှူးအား ဒုသမ္မတထံ တိုင်ကြားထားဟုဆို

 Photo: ဘတ်ဂျက်ငွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်းမရှိသည့်အတွက် ဆေး(၂) 
စီမံဘဏ္ဍာဌာနမှူးအား ဒုသမ္မတထံ တိုင်ကြားထားဟုဆို
Thursday, September 25, 2014

ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရှိ ဌာနတချို့ကို ဖျောက် ဖျက်ထားပြီး ဘတ်ဂျက်များကို ထုတ်ယူသုံးစွဲနေခြင်းနှင့် ပတ်သက်၍ စီမံဘဏ္ဍာဌာနမှူးအား ဆေးတက္ကသိုလ် (၂)ရှိ ဝန်ထမ်းတချို့က စုပေါင်းကာ ဒုတိယသမ္မတထံ တိုင်ကြားမှု ပြုလုပ်ထားကြောင်း သိရသည်။

ဆေးတက္ကသိုလ်(၂)ရှိ ၁၉၆၃ ခုနှစ် ဖွဲ့စည်းပုံအရ တည်ရှိခဲ့သော အလုပ်ရုံဌာနအား အသစ်ပြင်ဆင်ရေး ဆွဲသည့် ၂ဝဝ၂ ခုနှစ် ဖွဲ့စည်းပုံတွင် ပါဝင်ထည့်သွင်းခြင်း မရှိဘဲ ချန်လှပ်ထားခဲ့သည်။ အဆိုပါဌာနမှ လုပ်ဆောင် ရမည့် လုပ်ငန်းဆောင်တာများကို စီမံ/ဘဏ္ဍာအဖွဲ့မှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဘတ်ဂျက်ငွေများကို ပွင့်လင်း မြင်သာစွာ သုံးစွဲခဲ့ခြင်းမရှိသဖြင့် နိုင်ငံတော် ဒုသမ္မတထံ တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါဆေးတက္ကသိုလ်ရှိ အင်ဂျင်နီယာတစ်ဦးကပြောသည်။

''အလုပ်ရုံဌာနက ၂ဝဝ၂ ဖွဲ့စည်းပုံအရ မရှိတော့တာပါ။ အလုပ်ရုံဌာနက လုပ်ရမယ့် လုပ်ငန်းတချို့ကို အပြင်လူတွေပဲ တင်ဒါခေါ်ပြီးလုပ်တယ်။ ဆေး(၂)ရဲ့ ပါချုပ်မသိဘဲ ဘယ်လုပ်ငန်းမှလုပ်တာမရှိဘူး။ အကုန်လုံး ပါချုပ်ခွင့်ပြုချက်နဲ့ အဖွဲ့တွေဖွဲ့ပြီး လုပ်တာပါ'' ဟု အတိုင်ကြားခံထားရသူ ဆေးတက္ကသိုလ်(၂) စီမံ/ ဘဏ္ဍာဌာနမှူး ဒေါ်ခင်သန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။

တိုင်ကြားစာအား စက်တင်ဘာလအတွင်း ဒုသမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

''သမ္မတတောင်မှ ဝန်ကြီးဌာနတွေမှာ ပျောက်ကွယ်နေတဲ့ ဌာနတွေကို ပြန် လည်ဖော်ထုတ်ဖို့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားခဲ့ပေမယ့် အခု ဆေး(၂)မှာ ဖြစ်နေတာက ပြောင်းပြန်ဖြစ်နေတယ်။ ရှိရင်းစွဲဌာနတောင် ပျောက်သွားတဲ့ အပြင် ဘတ်ဂျက်သုံးစွဲတာတွေကလဲ ပွင့်လင်းမှုမရှိဘူး။ အလုပ်ရုံဌာနဆိုတာ တ ကယ်လိုအပ်တဲ့ဌာနတစ်ခုပါ'' ဟု ဆေး(၂)မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုကျော် ခိုင်ဝင်းက ပြောသည်။

အဆိုပါ ဆေးတက္ကသိုလ်(၂) စီမံရေးရာဌာနမှ BC ဒေါ်မြင့်မြင့်ကြည်က ''အလုပ်ရုံဌာနက ဆေး(၂)ရဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ရတာပါ။ အခု အလုပ်ရုံဌာနမရှိတော့ လုပ်ငန်းမှန်သမျှကို အပြင်က တင်ဒါခေါ်လုပ်တယ်။ ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။

Yangon Media Group
ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရှိ ဌာနတချို့ကို ဖျောက်ဖျက်ထားပြီး ဘတ်ဂျက်များကို ထုတ်ယူသုံးစွဲနေခြင်းနှင့် ပတ်သက်၍ စီမံဘဏ္ဍာဌာနမှူးအား ဆေးတက္ကသိုလ် (၂)ရှိ ဝန်ထမ်းတချို့က စုပေါင်းကာ ဒုတိယသမ္မတထံ တိုင်ကြားမှု ပြုလုပ်ထားကြောင်း သိရသည်။

အဖြေလွှာပျောက်ဆုံးသွားသည့်ကျောင်းသားများအား ဂုဏ်ထူး မှတ်ဖြင့် အောင်မြင် မှုပေးသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဒုဝန်ကြီးပြော

ရန်ကုန်၊ ကလေးမြို့နယ် နည်းပညာတက္က သိုလ်မှ အဖြေလွှာပျောက်ဆုံးသွားသည့် ကျောင်းသားများအား ဂုဏ်ထူးမှတ်ဖြင့် အောင်မြင်မှုပေးသည်ဆိုခြင်းမှာ မမှန်ကန်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေ က ပြောကြားလိုက်သည်။

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်

Photo: တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ် 
Thursday, September 25, 2014

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

(၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။

(၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။ 

(၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။ 

(၅) နွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။ 

(၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသည်။ 

(၇) ထောပတ်သီး၏ အစေ့ကို နေရိပ်တွင် အခြောက်ခံ၍ ရေအေးနှင့်သွေးကာ သနပ်ခါးလိမ်းသကဲ့ ညစဉ်လိမ်းအိပ်နိုင်ပါသည်။

(၈) အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ အနည်းငယ် စပ်သော်လည်း သည်းခံ၍ တစ်လခန့် ညစဉ်လိမ်းပေးလျှင် တင်းတိပ်လုံးဝအရှင်း ပျောက်ကင်းပါမည်။ 

(၉) ဖရဲသီးအောက်ခံအဖြူသားကို ပါးပါးလှီး၍ မျက်နှာစင်ကြယ်အောင် ဆေးကျောပြီးလျှင် နာရီဝက်ခန့် မျက်နှာပေါ်မှာ တင်ထားပေးပါ။ ဖရီးသီးမှ သဘာဝဓါတ်က တင်းတိပ်ရောဂါကို စုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။

(၁၀) ကျောက်ချဉ်ကို မုန်ညှင်းစေ့တစ်စေ့ခန့် သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ တင်းတိပ်ပျောက်၍ မျက်နှာအရေပြားချောမွတ်ကာ ၀င်းပလာပါလိမ့်မည်။ မြင်သူ တကာ ငေးယူလောက်တဲ့ မျက်နှာအလှပိုင်ရှင်လေး များ ဖြစ်နိုင်ကြပါစေ။

ဆောင်းပါးရှင် - စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာတိုင်းရင်းဆေး၊ ကျော်တင့်ဆွေ

ရိုးရာလေး
အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်း များဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။

ရှယ်ယာသစ်ရင်းနှီးမြှုပ်နှံလိုသူများ အာမခံချက်ရှိရန် သတိပေး

Photo: ရှယ်ယာသစ်ရင်းနှီးမြှုပ်နှံလိုသူများ အာမခံချက်ရှိရန် သတိပေး
Thursday, September 25, 2014

အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချမယ့် အစုရှယ်ယာသစ်တွေကို ၀ယ်ယူမယ့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ယင်းကုမ္ပဏီတွေရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ရုံးမှာ တင်သွင်းထားခြင်း ရှိ၊ မရှိ စုံစမ်းပြီးမှ ၀ယ်ယူကြဖို့ စတော့ရှယ်ယာ ဈေးကွက်ကျွမ်းကျင်သူတွေက သတိပေးပြောဆိုလိုက်ပါတယ်။

မြန်မာက လာမယ့် ၂၀၁၅ ခုနှစ်ကျရင် စတော့ရှယ်ယာဈေးကွက်ပေါ်ပေါက်လာဖို့အတွက် အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီ့အတွက် မြန်မာအစိုးရက ပြည်တွင်းမှာ ရန်ကုန်စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာဖို့ ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနဲ့ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ ဖက်စပ်ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။

stock exchangeဒါကြောင့် ၂၀၁၅ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် ရန်ကုန်စတော့ရှယ်ယာဈေးကွက်ကို ၀င်ရောက်နိုင်ဖို့အတွက် လက်ရှိမှာဆိုရင် ပြည်တွင်းမှာ မှတ်ပုံတင်ထားရှိတဲ့ အများပိုင်ကုမ္ပဏီ အရေအတွက်ကလည်း ၂၀၀ကျော် အထိရှိလာပြီ ဖြစ်ပါတယ်။

ဒီအတွက် အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချလာမယ့် အစုရှယ်ယာတွေကို ၀ယ်ယူတဲ့ နေရာမှာ မမှားဖို့အတွက် သတိထားဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံ လက်မှတ်ရပြည့်သူ့စာရင်းကိုင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်က ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ကုမ္ပဏီအနေနဲ့က ရှယ်ယာသစ်ကို ပြည်သူတွေကို ထုတ်ရောင်းတော့မယ်ဆိုရင် လက်ရှိ ကုမ္ပဏီဥပဒေအရ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းတွေ ဘယ်လိုမျိုးပါရမယ်၊ ဘယ်အချက်တွေ ပါရမယ်ဆိုတာ အလွန်လွယ်ကူအောင် ရေးထားတယ်။ အဲဒါတွေကို မှတ်ပုံတင်ရုံးကို တင်သွင်းပြီးရင် အပြင် အများပြည်သူကို ရောင်းချလို့ရတယ်။ မသိပဲနဲ့ ၀ယ်တာမျိုးမဖြစ်အောင်လို့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို သေသေချာချာ လေ့လာဖတ်ပြီးတော့မှ ၀ယ်ပါလို့ ကျနော်က အကြံဥာဏ်ပြုချင်ပါတယ်။”

ဒါကြောင့် လက်တလောမှာဆိုရင် အစုရှယ်ယာတွေ ရောင်းချမှု ရှိခဲ့တဲ့ အများပိုင်ကုမ္ပဏီ တွေဟာ အစုရှယ်ယာရောင်းဝယ်ရေးစည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတဲ့အပေါ် သူက အခုလို သုံးသပ်ပြော ပါတယ်။

“မြန်မာပြည်မှာ ဘာဖြစ်လဲဆိုတော့ တခါတလေ မြင်တတ်တာက ဒီအများပြည်သူတွေက အစုရှယ်ယာ ၀ယ်ချင်လို့ မင်းတို့ရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြပါလို့ ဆိုရင် သူတို့က ငါတို့ ၀ယ်ပြီးတော့မှပဲ ပြမယ်တို့ဘာတို့ ဖြစ်တယ် ဒါတွေက စည်းကမ်းနဲ့ မညီညွတ်ဘူး။ တချို့ အစုရှယ်ယာရှင်တွေက ဒီအတိုင်းပဲ ၀ယ်မှာပဲ။ သူတို့ကို လုပ်ငန်းလမ်းညွှန်ရှင်းတမ်း ပြောလည်းပဲ သူတို့က စိတ်ဝင်စားချင်မှလည်း စိတ်ဝင်စားမယ်။ ဒါကတော့ သူတို့ သဘောပေါ့နော်။”

အလားတူ စတော့ရှယ်ယာဈေးကွက်ကျွမ်းကျင်သူ စီးပွားရေးပညာရှင် ဒေါက်တာ အောင်သူရ (သူရဆွစ်) ကတော့ လာမယ့် ၂၀၁၅ ခုနှစ်ကျရင် အကောင်အထည် ပေါ်လာမယ် ရန်ကုန်စတော့ဈေးကွက်က မြန်မာနိုင်ငံအဖို့ ဖြတ်ကျော်ရမယ့် ဆူးငြောင့်ခလုတ်တွေ များစွာရှိတဲ့အကြောင်း ပြောပါတယ်။

လာမယ့် ၂၀၁၅ ကျရင် ရန်ကုန်စတော့ဈေးကွက် ပေါ်ပေါက်လာဖို့အတွက် အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ စတင်သွားဖို့ရှိတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ်ကုမ္ပဏီတွေ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါဘူး။

ဒီနောက် မြန်မာအစိုးရက အကောင်အထည်ဖော်နေတဲ့ ရန်ကုန်စတော့ဈေးကွက်မှာ မြန်မာက ၅၁ ရာခိုင်နှုန်းနဲ့ ဂျပန်ဒိုင်ဝါကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး မြန်မာနဲ့ ဂျပန်အကြားမှာ သဘောတူထားရှိပါတယ်။

DVB
အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချမယ့် အစုရှယ်ယာသစ်တွေကို ၀ယ်ယူမယ့် ရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ ယင်းကုမ္ပဏီတွေရဲ့ လုပ်ငန်းလမ်းညွှန်ရှင်းတမ်းကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ရုံးမှာ တင် သွင်းထားခြင်းရှိ၊ မရှိ စုံစမ်းပြီးမှ ၀ယ်ယူကြဖို့ စတော့ရှယ်ယာ ဈေးကွက်ကျွမ်းကျင်သူတွေက သတိပေးပြောဆို လိုက်ပါတယ်။

တန်အောင်ပေးပါ တန်အောင်ခိုင်းပါ

ဝန်ထမ်းများရဲ့ စွမ်း ဆောင်ရည် မြင့်မားလာရင် ပြည်သူတွေ စိတ်ချမ်းသာရမယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်လာမယ်။ ဒီစာကို ကျွန်တော် ရေးမိတာဟာ ပြည်သူ တွေစိတ်ချမ်းသာဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ဖို့ဆိုတဲ့ အရိုးခံစေ  တနာသက်သက်ပါ။

ပြည်နယ်ရုံးများ ရုပ်သိမ်းခဲ့ရသဖြင့် ပါတီဝင်အင်အား လျော့ကျခဲ့ဟု တစညပြော

Photo: ပြည်နယ်ရုံးများ ရုပ်သိမ်းခဲ့ရသဖြင့် ပါတီဝင်အင်အား လျော့ကျခဲ့ဟု တစညပြော
Thursday, September 25, 2014

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည)သည် ပြည်နယ်အချို့တွင် ဖွင့်လှစ်ထား သော ပါတီရုံးအချို့ ပြန်ရုပ်သိမ်း ခဲ့ရသဖြင့် လေးနှစ်အတွင်း ပါတီ ဝင်အင်အားနှစ်သိန်းခွဲခန့် လျော့ ကျခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်အချို့အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ပြည်သူ့စစ်ဖွဲ့စည်း ထားသည့်နယ် မြေများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများရှိသည့် နယ်မြေများ စသည့်နယ်မြေဒေသ အချို့တွင် ပါတီစည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များလုပ်ဆောင်ရာ၌ အခက်အခဲများကြုံတွေ့ရသဖြင့် ၎င်းဒေသများရှိ ပါတီရုံးခွဲအချို့ကို ဖျက်သိမ်းခဲ့ရခြင်းသည် ပါတီဝင် အင်အားလျော့ကျခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း တစညပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ ပါတီ ဝင်အင်အားစာရင်းတွေကို ခြောက် လတစ်ကြိမ်စိစစ်ပါတယ်။ ပါတီ အနေနဲ့ ၂၀၁၀ မတိုင်မီက ပါတီ ဝင်ခုနစ်သိန်းကျော်ရှိပြီး ၂၀၁၄ ဇွန်လအထိ စိစစ်မှုအရ လက်ရှိ မှာ ပါတီဝင်အင်အားလေးသိန်း ငါးသောင်းခုနစ်ထောင်ကျော်ရှိပါ တယ်’’ဟု ၎င်းက ဆိုသည်။

ယခုလ ၂၄ ရက်တွင် ကျ ရောက်သည့် တစညပါတီ (၂၆) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမကျင်းပမီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဆောင်ရှင်းလင်းသူ ဦးဟန်ရွှေက မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီသည် မြန်မာနိုင်ငံ အား ၂၆ နှစ်တိုင် တစ်ပါတီစနစ် ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆို ရှယ်လစ် လမ်းစဉ်ပါတီအား အမွေခံဖွဲ့စည်းခဲ့သည့်အတွက် နိုင်ငံတော်နှင့် ဆက်နွှယ်သော ငွေကြေးများ၊ အဆောက်အအုံ၊ ပစ္စည်းများကို နဝတအစိုးရ တက်စတွင်ပင် ရှင်းလင်းထားခဲ့သဖြင့် လက်ရှိတွင် ပါတီအနေဖြင့် မည်သည့် စီးပွားရေးလုပ်ငန်းမှမရှိဘဲ ရှိသည့်ပစ္စည်းများကို ထုခွဲရောင်းချနေရသည့် အထည်ကြီးပျက်ပုံစံ မျိုးဖြစ်နေကြောင်း ဦးဟန်ရွှေက ပြောသည်။

၎င်းပါတီကို ၁၉၈၈ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ တစ်ခုတည်းသောပြိုင်ဘက် ပါတီအဖြစ် မဲဆန္ဒနယ်အများ အပြားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ကိုယ်စားလှယ်ဦးရေအားလုံး ၏ တစ်ရာခိုင်နှုန်းသာ အနိုင်ရရှိ ခဲ့သည်။

ထို့အတူ NLD မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ်အများစုတွင် ဝင် ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိအာဏာရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့ပြီး လွှတ်တော်အသီးသီးရှိ ကိုယ်စား လှယ်နေရာ ၄၀ ကျော်တွင်သာ အနိုင်ရရှိခဲ့သည်။

7Day DAILY 

အစည်းအဝေးတစ်ခုတွင်တွေ့ရသည့် တစညပါတီဝင်များ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ)
အစည်းအဝေးတစ်ခုတွင်တွေ့ရသည့် တစညပါတီဝင်များ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ)
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)သည် ပြည်နယ်အချို့တွင် ဖွင့်လှစ်ထား သော ပါတီရုံး အချို့ ပြန်ရုပ်သိမ်း ခဲ့ရသဖြင့် လေးနှစ်အတွင်း ပါတီ ဝင်အင်အားနှစ်သိန်းခွဲခန့် လျော့ ကျခဲ့ကြောင်း သတင်း ရရှိသည်။

တစ်လခန့် အနားယူရမည့် ဂျွန်နီအီဗန်စ်ကြောင့် ယူနိုက်တက် အခက်ကြုံနေ

Photo: တစ်လခန့် အနားယူရမည့် ဂျွန်နီအီဗန်စ်ကြောင့် ယူနိုက်တက် အခက်ကြုံနေ
Thursday, September 25, 2014

လက်ဆက်စတာကို ၅-၃ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဂျွန်နီအီဗန်စ်သည် တစ်လခန့် အနားယူရဖွယ်ရှိသည်။
 
ယခင်ကတည်းက ခြေချင်းဝတ် ဒဏ်ရာဖြင့် ရုန်းကန်နေခဲ့ရသည့် အီဗန်စ်သည် ကင်းပါဝါကွင်းတွင် ပထမပိုင်း၌ လူစားလဲခဲ့ရသည်။ မြောက်အိုင်ယာလန် နောက်ခံ ကစားသမား၏ ဒဏ်ရာကို တနင်္လာနေ့က scan ဖတ်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ကစားသမားအနေဖြင့် လေးပတ်ခန့် အနားယူရမည်ဟု ယူနိုက်တက် ဆေးအဖွဲ့မှ ပြောကြားခဲ့သည်။
 
တံကောက်ကြော ဒဏ်ရာရရှိထားသည့် ဖီးလ်ဂျုံးစ်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း လက်ဆက်စတာနှင့် ပွဲတွင် တိုင်လာ ဘလက်ကတ် အနီကတ်ထိခဲ့သောကြောင့် ယူနိုက်တက် အနေဖြင့် စနေနေ့တွင် အိုးထရတ်ဖို့ဒ်၌ ကစားရမည့် ဝက်စ်ဟမ်းနှင့် ပွဲစဉ်အတွက် ခံစစ်ပိုင်းအတွက် အခက်ကြုံနေရသည်။ သို့ရာတွင် ဝက်စ်ဟမ်းနှင့် ပွဲစဉ်တွင် အင်္ဂလန် ဘယ်နောက်ခံ ကစားသမား လုခ်ရှောကို ပွဲထွက် ကစားစေဖွယ်ရှိကြောင်း ဗန်ဂါးလ်က ပြောကြားခဲ့သောကြောင့် ယူနိုက်တက်၏ ဗဟိုခံစစ်ပိုင်း၌ မာကို့စ်ရိုဟိုနှင့် ခရစ္စစမောလင်းတို့ တွဲဖက် ကစားရဖွယ်ရှိသည်။
 
မန်ချက်စတာယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က “ရှောအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေလိမ့်မယ်လို့ ထင်ပါတယ်။ ရိုဟိုနဲ့ စမောလင်းတို့က ခံစစ်ပိုင်းမှာ ကစားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ အများကြီး မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Soccer Myanmar
လက်ဆက်စတာကို ၅-၃ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဂျွန်နီအီဗန်စ်သည် တစ်လခန့် အနားယူရဖွယ်ရှိသည်။

နေပြည်တော်အသင်း လစာကိစ္စ အဖွဲ့ချုပ်ကြားဝင်ဖြေရှင်း

နေပြည်တော်အသင်းသည် ဖူဆယ်အသင်းမှ ကစားသမားနှင့် အုပ်ချုပ်သူများအား လစာရှင်းပေးရန် ရှစ်လ စာကျန်ရှိပြီး ပြဿနာဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြားဝင်ဖြေ ရှင်းပေးခဲ့သဖြင့် ပြေ လည်သွားကြောင်းနှင့် ယခုလအတွင်း အပြီးသတ် ပေးချေသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်

Photo: ကမ္ဘာ့ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းပေါ်သို့ အိန္ဒိယအောင်မြစ်စွာလွှတ်တင်
Thursday, September 25, 2014

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ် သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ယင်းကြောင့် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ ဥရောပအေဂျင်စီနှင့် ဆိုဗီယက် ရုရှားတို့၏ နောက်တွင် အင်္ဂါဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ ဂြိုလ်တုလွှတ်တင် နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း သိရ သည်။ 

အိန္ဒိယ၏ အင်္ဂါဂြိုဟ်စေလွှတ်ရေး မစ်ရှင်သည် ဂြိုဟ်တစ်ခုမှ တစ်ခုသို့ စေလွှတ် သည့်မစ်ရှင်များတွင် ဈေးအသက်သာဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၄ သန်းသာ ကုန်ကျခဲ့သည်။ မကြာမီတွင် မန်ဂယ်လ်ယန်း အာကာသစူးစမ်းရေး ယာဉ်အနေဖြင့် ဂြိုဟ်နီကြီးဟု တင်စားခေါ်ကြသည့် အင်္ဂါဂြိုဟ်၏ လေထုကို စတင်လေ့လာတော့မည်ဖြစ်သည်။

"အခုဆိုရင် အခြေအနေတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာမှာ မစ်ရှင်ပေါင်း ၅၁ တစ်ခု ပြုလုပ်ခဲ့ပေမယ့် မစ်ရှင် ၂၁ ခုပဲ အောင်မြင်မှုရခဲ့ တာပါ။ အမေရိကန်၊ ဥရောပနဲ့ ရုရှားတို့ကပဲ အင်္ဂါဂြိုဟ်ဆီကို ဂြိုဟ်တုတွေ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယကတော့ ပထမဆုံးပို့တဲ့ အချိန်မှာပဲ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။ "ဟူ၍ ၀န်ကြီးချုပ်မိုဒီက တောင်ပိုင်း ဘင်္ဂလောမြို့ရှိ အာကာသ ထိန်းချုပ်ရေးစခန်းတွင် ပြောဆိုခဲ့သည်။ 

မကြာသေးမီက နာဆာမှ စေလွှတ်ခဲ့သော Maven မစ်ရှစ်သည် ကုန်ကျစရိတ် ဒေါ်လာ ၆၇၁ သန်းရှိခဲ့သည်။ 

Mars Orbiter Mission (MOM) ဟုလည်း ထင်ရှားသည့် မန်ဂယ်လ်ယန်း(Mangalyaan) အာကာသယာဉ်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း ဘင်္ဂလာပင်လယ်အော် ကမ်းရိုးတန်းပေါ်ရှိ ဆရီဟာရီခိုတာ အာကာသ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အိန္ဒိယနိုင်ငံသည် ဂြိုဟ်တုတစ်လုံးကို အင်္ဂါဂြိုလ်၏ ဂြိုဟ်တုပတ် လမ်းကြောင်းပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ဂျူဗင်တပ်၏ဝင်ငွေ ယူရိုသန်း ၃၀၀ ကျော်သလို ကြွေးမြီ သန်း ၂၀၀ ကျော် တင်ရှိ

အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်သည် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘောလုံး ရာသီတွင် ဝင်ငွေ ယူရိုသန်း ၃၀၀ ရခဲ့သော်လည်း စုစုပေါင်း ကြွေးမြီမှာ ယူရိုသန်း ၂၀၀ ကျော်ခဲ့ပြီဖြစ်သည်။

မန္တလေး ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသသည့် ကလေးငယ် နှစ်ဆခန့်မြင့်တက်

မန္တလေးမြို့ရှိ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် ယခုရက်ပိုင်းအတွင်း တက်ရောက် ကုသသည့် ကလေးလူနာအရေအ တွက်  ပုံမှန်ထက်နှစ်ဆခန့် မြင့် တက်နေကြောင်း သတင်းရရှိ သည်။