Monday, 25 May 2015

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသူ တစ်ထောင်ကျော် ရှိဟုဆို


မြန်မာနိုင်ငံတွင် ၁၀ နှစ်အတွင်း လူကုန်ကူးမှုဖြင့် ထွက်ပြေးနေသည့် တရားခံပြေးပေါင်း ၁၀၂၁ ဦးရှိပြီး တရားခံပြေးအနက် အမျိုးသမီးဦးရေမှာ ပိုမိုများပြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ပြောကြားသည်။

ဖုန်းပြောခအခွန်နှင့်ပြည်သူ့အသံ

ဓာတ်ပုံ−ကျော်ဇင်သန်း 
အခွန်ဥပဒေသစ်အရ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးထံမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ်ဝယ်ယူသူများ ဇွန် လ ၁ ရက်မှစ၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ် ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါအခွန်ဥပဒေအရ မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် ငွေဖြည့်ကတ်ဝယ်ယူဖြည့်တင်းလျှင် ငွေဖြည့်ကတ်တန်ဖိုး အပြည့်အ၀သုံးစွဲရမည်မဟုတ်ဘဲ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် အစိုးရသို့ ပေးဆောင်ရမည်ဖြစ်သည်။ ဖုန်းဘီလ်အပေါ် အခွန်ကောက်ခံမည့် အစိုးရ၏ အစီအစဉ်ကို ပြည်သူများကဝေဖန်ခဲ့ကြသဖြင့် ပြည်သူ့လွှတ်တော်တွင် တစ်နှစ်ကင်းလွတ်ခွင့်ပြုရန် အဆိုတင်သွင်းရသည်အထိဖြစ်ခဲ့၍ ဖုန်းဘီလ်အပေါ်အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ပြည်သူများကြား ဖြစ်ပေါ်နေသည့် အသံများကို စုစည်းတင်ပြလိုက်ပါသည်။

အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပ ပေးမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်တွင်း အပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်ရွေးကောက်ပွဲထက် အရေ အတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။

လှေစီးဒုက္ခသည်အများစုသည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်လုပ်သားများဖြစ်ဟု သြစတြေးလျ ပြောကြား


ဓာတ်ပုံ − အေအက်ဖ်ပီ 
ပင်လယ်တွင်းရှိ လှေပေါ်တွင်တွေ့ရသည့် ဒုက္ခသည်များ အနက် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံမှ လာသော ဘင်္ဂါလီများဖြစ်ပြီး ကျန်ဒုက္ခသည်များမှာ မလေးရှားနိုင်ငံသို့ အလုပ်လာရှာသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သ မားများဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်သည်။

လှေစီးဒုက္ခသည်နှင့် ရခိုင်ပြည်နယ်အရေး တစ်ဖက်သတ်အမြင်ဖြင့် မဆုံး ဖြတ်ရန် ကုလကိုယ်စားလှယ်ကို အလိုတော်ပြည့်ဆရာတော် တိုက်တွန်း

အလိုတော်ပြည့်ဆရာတော်အား လာရောက်တွေ့ဆုံသည့် မစ္စတာနမ်ဘီးယားကို မေလ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-alodawpyei.org)
လှေစီးဒုက္ခသည်များ အပါအ၀င် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဖက် သတ်အမြင်ဖြင့် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ် ဘီးယား ကို အလိုတော်ပြည့်ဆရာတော်က မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတ၏ အနီးကပ်လုံခြုံရေး ခေါင်းဆောင်နေရာ အစားထိုးခန့်အပ်

နိုင်ငံတော်သမ္မတ၏ အနီးကပ်လုံခြုံရေး အထူးရဲတပ်ဖွဲ့မှူး  ကွယ်လွန်သွားပြီးနောက် သမ္မတလုံခြုံရေး အတွက် အထူးတာဝန်ရဲတပ်ဖွဲ့မှ   ရဲမှူးကြီးသန်းဝင်းအား အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက နေရပ်အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း နေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခ သည် များအား ဘင်္ဂလားဒေ့ရှ် သံအမတ်က တွေ့ဆုံမေးမြန်းနေစဉ်
မြန်မာနိုင်ငံအစိုးရမှ ကူညီကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက မိမိတို့၏နေရပ်သို့ အမြန်ဆုံးပြန်လိုကြောင်း ပြောကြားထားပြီး ရက်ပိုင်းအတွင်း အမြန်ဆုံးနေရပ်ပြန်ပို့မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံအမြင်မှားအောင်လုပ်နေသူတွေလို့ လှေစီးပြေးတွေကို ဘင်္ဂလားဒေ့ရှ်အပြစ်တင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုကနေ ထွက်ပြေးသွားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အမြင်မှားအောင် လုပ်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ ဝန်ကြီး ချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များ ရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် အခွင့်အရေးသမားများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် ခမ်းတီလုန် ၀ိပဿနာ အောင်မင်္ဂလာ ကျောင်းတိုက်သို့ သွားရောက်ရာတွင် ဒေသခံကလေးငယ်များက ကြိုဆိုနေကြစဉ်
ပြည်သူလူထုနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေမည့် အဖွဲ့ချုပ်ဝင်များရှိပါက ထုတ်ပစ်မည်ဖြစ်ပြီး အဖွဲ့ ချုပ်တွင် အခွင့်အရေး သမားများရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တောင်သမန်အင်းအား သဘာဝအတိုင်း သုံးပန်လှအင်းတစ်ခု ပြန်လည် ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် တင်ပြထား

မန္တလေးမြို့အနီးရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့အား ဝေဟင်မှတွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအား ယခင်လို သဘာဝအတိုင်း သုံးပန်လှ အင်းတစ်ခု ပြန်လည်ဖြစ်တည်ရေးအတွက် လွှတ်တော်၌ ဆွေးနွေးနိုင်ရန် မန္တလေးမြို့ခံ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Sunday, 24 May 2015

လှေစီးဒုက္ခသည်များအား စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် သဘောတူဟု ရခိုင်ဝန်ကြီးချုပ်ဆို


ရန်ကုန်(မဇ္ဈိမ) ။ ။ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီမှု ရရှိထားသည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မေ ၂၄ရက်တွင် မဇ္ဈိမကို တယ်လီးဖုန်းမှ တစ်ဆင့် ပြောသည်။
"သူတို့နိုင်ငံသား ဟုတ်မဟုတ်စိစစ်ပြီးတာနဲ့ တစ်ခါတည်း စွဲသိမ်းမယ့် သဘောပေါ့ အမြန်ဆုံး လွှဲပြောင်းပေး နိုင်အောင် လုပ်နေတယ်။ ဟိုဖက်ကလည်း လက်ခံမယ့် အနေအထားရှိတယ်။ စစ်ပြီးမှ လက်ခံမယ့် အနေအထားလို့ ပြောပါတယ်။" ဟု ၎င်းကဆိုသည်။

NDF ကရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးတွင် အမျိုးသမီး ၃၀ရာခိုင်နှုန်းထိ ရွေးချယ်ထားဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ရွေးကောက်ပွဲသို့ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးကို ရွေးချယ်ထားပြီး ၃၀ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ၂ ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။
"ဦးခင်မောင်ဆွေကတော့ မ၀င်ဘူး၊ ကချင်မှာတော့ ဒေါ်ဘောက်ဂျာဝင်မယ်။ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်းထိပါတယ် အသက်က ၂၅နှစ်ကနေ ၄၅ကြားက အများဆုံးပဲ အခုရွေးထားတာ ကယား၊ ချင်း၊ ရခိုင်က မပါသေးဘူး၊ အရင် နေရာရထားသူတွေ အားလုံးနီးပါး ပြန်ဝင်ကြမယ်" ဟု ၎င်းကဆိုသည်။
NDF ပါတီက ၀င်ရောက်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်လောင်းများကို မေလ ၁၆ရက်နှင့် ၁၇ရက်တွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ်ရွေးချယ်ခဲ့သည်ဟု ဦးနေမင်းကျော်က ပြောသည်။

မိုးဦးရာသီ သို့မဟုတ် မျှော်လင့်ချက်များ ကြဲပက်ချိန် (အောင်သူငြိမ်း)


မြန်မာနိုင်ငံ၏ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ မကွေးတိုင်းအတွင်း ၂၀၁၅ ခုနှစ်အတွက် မိုးဦးကျမိုးသည် မေ ၁၉ ရက်က ရွာသွန်းလာခဲ့သည်။ နေ့ခင်းပိုင်းမှ အစပြုကာ တစ်ညလုံးစိမ့်၍ ရွာသွန်းခဲ့သော ထိုမိုးက မတ်လပိုင်းမှ အစပြု နေ့နေ့ညည လောင်မြိုက်ခဲ့သော အပူဓာတ်ကို ငြှိမ်းသတ်ပေးခဲ့သည်။ နေပူရှိန်ပြင်းပြင်းအား အာခံ၍ ပွင့်နေသော စိန်ပန်းနှင့် ငုတို့ကို စိတ်ဓာတ်ခွန်အား မြင့်တက်စေခဲ့သည်။ နွေနှင့်ဆောင်းရာသီက မြေအောင်း၍ မြုံနေခဲ့သော ဖားနှင့်ပုရစ်တို့၏ အသံကို အကျယ်လောင်ဆုံး နှိုးဆွပေးခဲ့သည်။ နွေရာသီတစ်ခွင်လုံး သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော အညာတောင်သူများ၏ ခြောက်ခန်းနေသော ရေမျှော်လင့်ချက်ကို စိုစွတ်စေခဲ့သည်။ ထို့အပြင် သဘာဝမိုးရေကို အဓိကအားထား၍ စိုက်ပျိုးလုပ်ကိုင်ကြရသည့် အညာတောင်သူများအတွက် ထိုမိုးက မိုးဦးသီးနှံ စိုက်ပျိုးရန် အထောက်အပံ့ကောင်း ဖြစ်ခဲ့သည်။ မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့သော မိုးကြိုနှမ်းများအတွက်လည်း ထိုမိုးက ခါတော်မီ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဘင်ဂျီနာကျွန်းက အပြန် . . . (နန်းစုနှင်းထွေး)


ညိုမည်းသော အသားအရေပေါ်တွင် အဖြူ ရောင် အမာရွတ်တို့က ဟိုတစ်ကွက်၊ ဒီတစ်ကွက် ရှိနေသည်ကို တွေ့ရသည်။ တကယ်တော့ ထိုအမာရွတ်များသည် ငါးလိပ်ကျောက်မီးနှင့် ရိုက်နှက်ခံခဲ့ရပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်ခဲ့သော ဒဏ်ရာများပင်ဖြစ်သည်။ ယင်းဒဏ်ရာဒဏ်ချက်များက သူ့ဘ၀အတွက် ဘယ်သောအခါမှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်သည့် အမာရွတ်တို့အဖြစ် ကိုယ်ပေါ် ထင်ကျန်ရစ်နေမှာက အသေအချာပဲ ဖြစ်သည်။

အမျိုးသားချင်း လိင်တူဆက်ဆံခြင်း၏ ဆိုးကျိုးများ


လိင်ပညာပေး , လိင်တူဆက်ဆံခြင်း , ကျန်းမာရေး , ကူးစက်ရောဂါ
စအိုကို အသုံးပြုပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်နိုင်တဲ့ ရောဂါနဲ့ ပိုးတွေကတော့ စအို ကင်ဆာ၊ လိင် အင်္ဂါတွင် အနာဖြစ်ခြင်း၊ ၀မ်းပျက်၊ ၀မ်းလျှောခြင်း ရေယုန် ဗိုင်းရပ်စ်တွေကြောင့် အစာဟောင်းအိမ် ရောင်ရမ်းခြင်း၊ စအိုလမ်းကြောင်းပိုးဝင်ခြင်း အပါအ၀င် ရောဂါတွေ အများအပြား ဖြစ်နိုင်ပါတယ်။
အမျိုးသားချင်းလိင်တူဆက်ဆံမှု၊ အမျိုးသားချင်း လက်ထပ်အတူနေခွင့်တွေကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေ၊ ယာဉ်ကျေးမှု လူမှု ပတ်ဝန်းကျင်သစ်တွေ တနေ့တခြားပိုမိုများပြားလာနေပါပြီ။

လူကြိုက်နည်းမည့် မှတ်ချက်များ

(၂/၁) မညီမမျှ ဒိုင်ယာလော့များ

လက်ရှိအခြေအနေမှာ မြန်မာအစိုးရခေါင်းဆောင်များ ကိုယ်တိုင်က ‘‘တွေ့ဆုံဆွေးနွေး အဖြေရှာရေးယဉ်ကျေးမှုတစ်ရပ် ’’ကို အုတ်မြစ်ချနေပါတယ်ဆိုပြီး ပြည်တွင်းဒီမိုကရေစီအင်အားစု များနဲ့ တွေ့ဆုံဆွေးနွေးနေပါ တယ်။ ဒါပေမဲ့ အဲဒီဒိုင်ယာလော့ တွေက ဘက်နှစ်ဖက် တန်းတူညီ မျှဆွေးနွေးကြတဲ့ ဒိုင်ယာလော့ မဟုတ်ပါ။ အာဏာရပါတီကို ကိုယ်စားပြုတဲ့ ဘက်တစ်ဖက်က အခြားတစ်ဖက်မှာ သင်းကွဲအုပ်စု များကို သီးခြားစီခွဲခြားတွေ့ဆုံတဲ့ ဒိုင်ယာလော့များဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ဒုတိယအကြိမ် ရှေ့ပြေး မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မည်

ရန်ကုန်တိုင်းဒေသကြီး တွင် ဒုတိယအကြိမ် အခြေခံမဲဆ န္ဒရှင်စာရင်းကို မေလ ၂၅ ရက်မှ စတင်ကာ ၁၄ ရက်တိုင် ကပ်ထား ပေးမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။
ယခုလ ၂၅ ရက်မှ ဇွန်လ ၇ ရက်အထိ ၁၄ ရက်တိုင် ရန်ကုန် တိုင်းဒေသကြီး ၁၄ မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းကပ်ထား ပေးမည်ဖြစ်၍ ယင်းမြို့နယ်များရှိ ပြည်သူများ မဲစာရင်း၌ မိမိတို့အမည်များ ပါဝင်မှု ရှိ၊မရှိနှင့် ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ သွားရောက်ကြည့်ရှုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားသည်။
ဒုတိယအကြိမ်မြောက် မဲစာ ရင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္က လာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊အင်း စိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင် သာယာ၊ ထန်းတပင်မြို့နယ်များ ၌ ကပ်ထားမည်ဖြစ်သည်။

ဘာလုပ်လုပ်နိုင်ရင်ပြီးရောလား

ရွေးကောက်ပွဲတွေ နီး လာတော့ ဖတ်ဖူးတဲ့ဟာသလေး တစ်ခု ကို မကြာခဏသတိရမိတယ်။ သားလုပ်သူက ‘‘မေမေ့ပုံပြင်တွေ က ဟိုးရှေးရှေုးတုန်းကနဲ့ စတယ် နော်’’လို့ မေးလိုက်တဲ့အခါ အမေ ဖြစ်သူက ‘‘အခုပုံပြင်တွေက အဲဒီ လိုမစတော့ဘူးသားရဲ့၊ကျွန်တော် သာအမတ်ဖြစ်လာခဲ့သော်နဲ့ စ တာကွယ့်’’ဟု ပြန်ဖြေလိုက်ပါသ တဲ့။ ပုံပြောကောင်းသူတွေထဲမှာ အမတ်တွေလည်းပါတယ်။ အ မတ်တွေ ရွေးချယ်မခံရခင်တုန်း ကတော့ ဘာလုပ်ပေးမယ်၊ ညာ လုပ်ပေးမယ်ဆိုပြီး စကားရွှန်းရွှန်း ဝေအောင်ပြောပြီး တကယ်အ မတ်ဖြစ်လာတော့ သူ့စကားသူမေ့ သွားတတ်တဲ့အကြောင်းကို ဟာ သလုပ်ထားတာလို့ထင်ပါတယ်။

မိုးသည်းထန်သဖြင့် မြို့တွင်းလမ်းမများ ရေမြုပ်

ရန်ကုန်မြို့တွင် မေလ ၂၃ ရက်က မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်အများစု၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။မိုးမကျမီကတည်းက ရန်ကုန်မြို့ ရေကြီး၊ ရေလျှံ လျော့ပါး စေရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း မိုးစတင်ရွာသွန်းပြီး မကြာမီမှာပင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ရန်ကုန်မြို့နေ ပြည်သူများကပြောသည်။မေလ ၂၃ ရက် နံနက် ၈ နာရီခန့်က စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့နေရာများတွင် ရေမှာ လမ်းမပေါ်နှစ်ပေကျော်ထိ ရောက်ရှိခဲ့ပြီး ယာဉ်များအရှိန်လျှော့မောင်းနှင်ခဲ့ရသည်။

လူဆိုရင် ဘယ်သူမှ ၀င်မလာစေနဲ့


(တစ်)

ထုံးစံအတိုင်း လူတစ်ယောက် မြေခွေးနဲ့အဖွဲ့ဝင်များရဲ့ ရှေ့မှောက်သို့ ရောက်ရှိလို့လာကြ ပြန်ချေပေါ့။ လက်ထဲမှာကလည်း ငှက်ပျောသီး သုံးလေးလုံးနဲ့။ ငှက် ပျောသီးတွေကအမျိုးအစားတော့ မတူဘူး။ တစ်လုံးကဖီးကြမ်း၊ တစ်လုံးက ရခိုင်၊ တစ်လုံးက သီး မွှေး။ ရွှေငှက်ပျောသီး ကလေး တောင်မှ တစ်လုံးပါသေး။