Wednesday, 29 October 2014

စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို

Photo: စပိန်က ဆယ်လသား ကလေးငယ် အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို
Wednesday, october 29, 2014

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်း တစ်ခု ဝင်ရမှာမို့ ကလေးငယ် ရဲ့ မိဘ ဖြစ်သူ တို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီ အဟောင်း တစ်ထည် နဲ့ ဖိနပ် အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆို ပါတယ်။ ယင်း အင်္ကျီနဲ့ ဖိနပ်ကို ရောင်းချလို့ ရမှာ ကလေးငယ် အော်ပရေးရှင်း အတွက် ငွေရမှာ မို့ ဖြစ်ပါတယ်။ ကုသ စရိတ်က အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုး ရှိပါတယ်။

ဒါနဲ့ ရော်နယ်ဒိုဟာ ဂျာစီ တစ်ထည်နဲ့ ဖိနပ် တစ်ရံ အဖြစ် အမေရိကန်ဒေါ်လာ ၈၃၀၀၀ တန်ဖိုးရှိတဲ့ ငွေလက်မှတ် ကို ပေးပါတယ်။ ပြီးတော့ ကလေးငယ် ရဲ့ ဆေးကုသမှု အတွက်ကိုလည်း ကူညီ ထောက်ပံ့ ခဲ့ပါ သေးတယ်။ သူ့ရဲ့ ကူညီ ထောက်ပံ့မှုကြောင့် ကလေးငယ်ဟာ အသက်ရှင်သန် ခဲ့ ပါတယ်။

ရော်နယ်ဒိုဟာ ယခုလို ကူညီမှု အသေးစားပေါင်း များစွာကို ကူညီခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အစာရေစာ ရှားပါးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာလည်း ဦးဆောင် လုပ်ကိုင် ပေးလျက် ရှိကြောင်း သိရ ပါတယ်။

ရိုးရာလေး
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံ ရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ် ခဲ့ ပါတယ်။

အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်

Photo: အရည်အသွေးနိမ့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကို အရေးယူမည်
Wednesday, october 29, 2014

လျှပ် စစ်အန္တရာယ် ကင်းရှင်းစေရေးအ တွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊သုံးစွဲခြင်းများကိုတိကျသည့် အရေး ယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ် ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။

အောက်တိုဘာ ၂၈ရက်တွင်ကျင်း ပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ကွာလတီမမီသော လျှပ်စစ်ပစ္စည်းများကို မည်သူများ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့်သုံးစွဲခွင့် ပြုထားသည်ဟူသည့် မေးခွန်းနှင့်စပ် လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းအရင်း လေးမျိုးရှိ ပြီး ဓာတ်အားလိုင်းများ နိမ့်ကျပြတ် ကျမှု၊ သုံးစွဲသူများ သွယ်တန်းထား သည့် လျှစ်စစ်ကြိုးများ ပေါက်ပြဲ ပြတ်ကျမှု၊ အရည်အသွေးနိမ့်သည့် ပစ္စည်းများ သုံးစွဲမှု၊ လျှစ်စစ်အန္တရာယ် ကင်းရှင်းရေး ကာကွယ်ရေးအသိမရှိ မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည် ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဒုတိ ယဝန်ကြီး ဦးမော်သာထွေးက ပြော သည်။

ယင်းက ဆက်လက်ပြီး''သွယ် တန်းထားတဲ့ အိမ်ထဲမှာရှိတဲ့ပစ္စည်း တွေဟာ ကာလကြာရင်လည်း လဲဖို့ လိုသလို ဈေးပေါပေါနဲ့ ဖြစ်သလိုလုပ် ထားတဲ့ ပစ္စည်းတွေဆိုရင်လည်း ဝင် ရောက်စိစစ်ခြင်းတွေလုပ်တာတွေ ကို လျှပ်စစ်ဥပဒေနဲ့အညီ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်''ဟုဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဆွေးမြေ့လျှပ်စစ်ဓာတ် ကြိုးများ၊ ဟောင်းနွမ်းဓာတ်တိုင်များ၊ အန္တရာယ်ရှိလျှစ်စစ် သွယ်တန်းမှုများ နဲ့ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်း ခြင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဝေဖန်ထောက်ပြမှုများကို အကြိမ် ကြိမ်တိုက်တွန်းဆောင်ရွက်ခဲ့မှု အပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပြုပြင်ဆောင်ရွက်မှု ကတိ ကဝတ်များပြုခဲ့သော်လည်း လျှပ်စစ် ကြောင့်သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခိုင်မောင်ရည်က လွှတ်တော် အတွင်း ဝေဖန်ပြောကြားခဲ့သည်။

''ကွာလတီမမီတဲ့ ပစ္စည်းတွေ ကို ပြည်သူတွေက သုံးကြတယ်။ ဒီ ကွာလတီမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ဘယ်ကနေဘယ်လို ခွင့်ပြုချက် တွေနဲ့ တင်သွင်းဖို့ ခွင့်ပြုထားတာ လဲ။ ကွာလတီမီမမီကို တာဝန်ရှိတဲ့ သူတွေကနေ တိုင်းတာစစ်ဆေးရမှာ ဖြစ်ပါတယ်''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လွှတ်တော်အတွင်း မေးခွန်းထုတ်ပြော ဆိုသည်။

ယင်းအပေါ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော် သာထွေးက ''လျှပ်စစ်ပစ္စည်းတွေတင် သွင်းတာ သုံးစွဲတာဟာဥပဒေနဲ့ဆိုင် ပါတယ်။ ဒါကြောင့် လျှပ်စစ်ဥပဒေ ကို လွှတ်တော်အသီးသီးက အတည်ပြု ပြဋ္ဌာန်းပြီး နိုင်ငံတော်က မကြာခင် ထုတ်ပြန်တော့ မှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိကျတဲ့ အရေးယူမှု လုပ်ဆောင်ချက်တွေကို အတိကျဆုံး ဆောင်ရွက်နိုင်မယ့် နည်းဥပဒေတွေ ပါ ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါ တယ်''ဟု ပြောသည်။

YM, MP
Yangon Media Group
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးနိမ့်ကျသည့် လျှပ်စစ်ပစ္စည်းများ တင်သွင်းခြင်း၊ သုံးစွဲခြင်းများကိုတိကျသည့် အရေးယူမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောသည်။

မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်

Photo: မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်
Wednesday, october 29, 2014

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က“ကျွန် တော်တို့ ယူ-၁၉အသင်းဟာ နိုဝင်ဘာ (၁) ရက်နေ့ နံနက်ပိုင်း မှာမြို့တွင်းကို လှည့် လည်အောင် ပွဲခံ ဖို့စီစဉ် ထားပါတယ်။ ဒါ့အပြင်နိုင်ဝင်ဘာ (၂) ရက်နေ့ညနေပိုင်းမှာတော့ ဂီတဖျော်ဖြေပွဲတစ်ခုကျင်း ပသွားမှာပါ။ ပါဝင်မယ့် အဆိုတော်တွေနဲ့ ဘယ်တီးဝိုင်းတွေဖြစ်မလဲဆိုတာကိုတော့တိုင်ပင်နေတုန်းပါပဲ။

ဒီပွဲမှာ ပရိသတ်တွေဆီက ၀င်ကြေးကောက်ခံသွားမှာဖြစ်ပြီး ရရှိမယ့် ၀င်ငွေအားလုံးကို ယူ-၁၉အ သင်းကို ဂုဏ်ပြုဆုငွေ အဖြစ်ပေးအပ်သွားမှာပါ”ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင် ခဲ့သောကြောင့် လမည့်နှစ်တွင်နယူးဇီလန်နိုင်ငံ၌ကျင်းပမည့်ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့ညနေပိုင်းတွင်လည်း ယူ-၁၉ အသင်းကိုသီးသန့် ဂုဏ်ပြုပွဲ တစ်ပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘလ(၂) ရက်နေ့တွင်ကျင်းပမည့်ဂီတဖျော်ဖြေပွဲ၏လက်မှတ်ခများကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ဦးစိုးမိုးကျော်က ထပ်မံပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပါဝင်မည့် အဆိုတော်များကို အတည်မပြုနိုင်သော်လည်း TheTree Band နှင့်အတူလင်းလင်း၊ ဟန်ထွန်း၊ သအို၊ဂျီလတ်၊ ချစ်သုဝေ အစရှိသော အဆိုတော်များ ပါဝင်သီဆိုဖျော်ဖြေဖွယ် ရှိနေ သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပ သွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ထောင်ဒဏ် ထည့်ပေးရန် ဆန္ဒပြမည်

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်းပေးရန် ရန်ကုန် မြို့တော်ရှိ မြို့ တော်ခန်းမရှေ့တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) ဦးဆောင်ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း MTUF ၏ ပြန်ကြားရေး တာဝန်ခံ ဦးသက်နှင်းအောင် က ပြောကြားသည်။

အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း

Photo: အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း
Wednesday, october 29, 2014 

ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီ ရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

ပြည်တွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားစွာ ဝင်ရောက်လာခြင်းအပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်ပကုမ္ပဏီများ ချိတ်ဆက် ဆောင်ရွက်မှု များလာခြင်းကြောင့် အမေရိကန်ငွေဈေးမှာ ပိုမိုမြင့်တက် လာနိုင်သည်ဟု ၎င်းကဆိုသည်။
“ဒေါ်လာဈေးက ပြန်ကျမယ့် အလားအလာ သိပ်မရှိဘူး။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှု ပိုမိုများလာတဲ့အတွက် အမေရိကန်ငွေဈေးက တဖြည်းဖြည်း မြင့်တက်လာနိုင်တယ်” ဟု ဦးသန်းချိုက သုံးသပ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးသော်လည်း ယခုရက်ပိုင်း၌ ဈေးကွက်အတွင်း လိုအပ်သည့် ပမာဏကို ရောင်းပေးနိုင်ခြင်း မရှိသောကြောင့် အမေရိကန် ငွေလဲနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူ ဦးလှထွန်းခိုင်က ပြောကြားသည်။

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ဈေးကွက် လိုအပ်ချက်အတိုင်း မရောင်းချနိုင်ခြင်းမှာ ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ အမေရိကန် ဒေါ်လာပေါက်ဈေးများ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေးမှာ ၁၀၀၄ ကျပ် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ မြန်မာငွေ တစ်ထောင်ကျပ်ဝန်းကျင် ဖြစ်ပါက အသင့်လျော်ဆုံး ဖြစ်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာ ရှိသည့် ငွေလဲနှုန်း ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။

The Voice Weekly
ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာ ပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိ ခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ

Photo: လူကိုတိုက်မိပြီး ထွက်ပြေးသည့်ကား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်းမိ
Wednesday, october 29, 2014 

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက်သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ်ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး သိန်းဟန်ဦးဆောင်၍ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်လမ်းအတိုင်း ယင်းတော်၊ ပျော်ဘွယ်၊ ရမည်းသင်းရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ လူတိုက် ပြေးသော ကားနောက်ကို အဆက်မပြတ်လိုက်လံရှာဖွေရာ ရမည်းသင်းမြို့နယ် သဲကွဲဂိတ်တွင် လူတိုက်ပြေးသော ကားကို ည ၁ဝ နာရီတွင် ဖမ်းဆီးရမိ ခဲ့သည်။

ကားမှာ မန္တလေးမြို့ စက်မှု(၁)ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း စိုးမင်းဇော်(ခ)ရှမ်းလေး(၃၂ နှစ်)မောင်းနှင်သည့် ၈ှု။ ---- နီဆန်း ၁၂ ဘီး လိမ္မော်ရောင်ယာဉ်ဖြစ်ပြီး မြို့မရဲစခန်းက ယာဉ်မောင်း စိုးမင်းဇော်ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း အင်းကန်ကျေးရွာအနီး မိုင်တိုင် အမှတ်(၃၃၂/၆)တွင် အောက် တိုဘာ ၂၇ ရက် ည ၇ နာရီက ပန်းရန်လုပ်သား ဇင်ကိုချစ်ဦး (၂ဝ နှစ်)သည် တောင်မှမြောက်သို့ လော့ဂျာ ၁၁ဝ ဆိုင်ကယ်ကို စီးလာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်အမျိုးအစား နံပါတ်မမှတ်မိ၊ ကားကြီးတစ်စီးက ဝင်တိုက် သွားသဖြင့် ဇင်ကိုချစ်ဦးမှာ ဒဏ်ရာများရရှိသွားပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ် ရှေ့ပိုင်းမှာလည်း ကြေမွပျက်စီးသွား ခဲ့သည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်

Photo: တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်
Wednesday, october 29, 2014 

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

တန်ဆောင်တိုင် ပွဲတော်လုံခြုံရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာ ရဲမှူးကြီးမြင့်ထူးက အခုလိုပြောခဲ့ တာပါ။

"ကျင်းပတဲ့အချိန်မှာ လုံခြုံရေးကိုတော့ ကျနော်တို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်ချိန်မှာ ရှိနေတဲ့အင်အားအပြင် တောင်ကြီး တောင်းပိုင်းခရိုင်မှာရှိတဲ့ ၄ ခရိုင် အင်အားတွေကို ခေါ်ယူပြီးမှသာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့နေရာမှာလည်း ကျနော်တို့ လုံခြုံရေးကို အခြေ ၃ ခြေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အခြေ လုံခြုံရေး၊ အရေးကြီးတဲ့လုံခြုံရေး၊ အရေးပေါ်လုံခြုံရေးဆိုပြီးတော့မှ ၃ ပိုင်းခွဲပြီးတော့ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့နဲ့ လုံခြုံရေးမှာဆိုရင်လည်း ကျနော်တို့အင်အားအပြင် စွမ်းအားရှင်တွေအပါအဝင် အင်အား ၁ဝဝဝ ကျော်နဲ့ပါ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်"

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် ညပိုင်းက အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)နဲ့ မော်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

RFA Burmese
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင် ပွဲတော် လုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်ကို တာဝန် ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်

Photo: လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်
Wednesday, october 29, 2014

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်တွေ့ဆုံပြီး လူမှုကွန်ရက်မီဒီယာက ခိုတောင်ကျွန်းလူသတ်မှုမှာ သူ့မိသားစု ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေတဲ့အပေါ် ဆွေးနွေးတိုင်ကြားသွားမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းဖို့ ရှိတယ်လို့ လိပ်ကျွန်းသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် မှုခင်းဆေးပညာဆိုင်ရာအရာရှိတွေ၊ ဗြိတိန်သံရုံးတာဝန်ရှိသူတွေ၊ ရဲချုပ်တို့ရှေ့မှာ သားဖြစ်သူရဲ့ ဒီအန်အေကို စစ်ဆေးပြပြီး သံသယတွေ ရှင်းလင်းမယ်လို့ သူကဆက်ပြောပါတယ်။ 

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့မိဘတွေက သူတို့သားဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ရဲတွေက ရိုက်နှက် စစ်ဆေးတာ မခံနိုင်လို့ ၀န်ခံခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေး အတွက် အောက်တိုဘာ ၂၇ ရက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တောင်းဆိုချက်တွေ ပေးပို့ခဲ့အပြီး လိပ်ကျွန်းသူကြီးဘက်ကလည်း သတင်းစာရှင်းလင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု တရားခံအစစ် ဖမ်းဆီးရမိကြောင်း အမှုတွဲကို တည်ဆောက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ပြည်တွင်းနဲ့ ပြည်ပ လူမှုကွန်ရက် မီဒီယာ အများစုက ဒီအမှုပေါ် သံသယဖြစ်နေကြပါတယ်။ 

အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုအကြောင်း စပြီးတင်လိုက်ကတည်းက like လုပ်သူပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိသွားတဲ့ စီအက်စ်အိုင်အယ်လ်အေ (CSI LA) ဖေ့စ်ဘုတ်စာမျက်နှာhttps://www.facebook.com/CSILA90210 မှာ အဓိက တရားခံအဖြစ် ကျွန်းသူကြီးရဲ့ သားဖြစ်သူ နုမ်းဆွတ် ခေါ် နိုင်းဝါလ်လုတ့် တုဝီချဲနဲ့တကွ ကျွန်းပေါ်က မာဖီးယားတွေကို အထောက်အထားတွေနဲ့ ပစ်မှတ်ထားတင်ပြနေပါတယ်။

DVB
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင် လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

Photo: အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်
Wednesday, october 29, 2014

အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီး တွေနဲ့ သမီးတွေအပေါ် လိင်ပိုင်းရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။
ရှေ့နေတွေကတော့ နတ်ဘုရားတည်ရှိမှုအပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင် ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ်အပိုင်းလို့ ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် ခုခံလျှောက်လဲသူ ဂိုအယ် ရတ်ဇန်ကတော့ မဖွယ်မရာ လုပ်မှုနဲ့ မုဒိမ်းမှု စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ တဲလ်အဗစ်ခရိုင် တရားရုံး ကတော့ မြို့တလွှားက အိမ်အသီးသီးမှာ ပိတ်ထားတဲ့ ဇနီးသည် ၂၁ ယောက်နဲ့ သမီး ၃၈ ယောက်အပေါ် ကျွန်ပြုမှု သီးခြားအမှုတွဲတွေကနေ သူ့ကို တရားသေ လွှတ်ပေးခဲ့ဖူးပါတယ်။ 

ကိုယ်ပေါ်မှာ သူ့ရုပ်ပုံနဲ့ နာမည်ကို ဆေးမင်ကြောင်ထိုးထားတဲ့ ဇနီးသည် အများအပြားက သူတို့သဘောနဲ့ သူတို့ အတူနေခဲ့ကြတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

ဇနီးသည်တွေထဲက တယောက်ကတော့ အစ္စရေးစစ်တပ်ရေဒီယိုနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ခုတကြိမ် ပြစ်ဒဏ်စီရင်မှုကို ကြိုဆိုလိုက်ပါတယ်။ 

၂၀၁၀ ပြည့်နှစ်က အစ္စရေးရဲ့ချန်နယ်တန်း ရုပ်သံလိုင်းက တဲလ်အဗစ်မြို့က သူ့အိမ်တလုံးကို ချဉ်းကပ်ပြီး သူ့ဘဝကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။ 

သူကတော့ အမျိုးသမီးတွေရဲ့ လိုအင်ဆန္ဒအားလုံးနဲ့ တန်ဖိုးအားလုံးကို ဖြည့်စွမ်း ပေးနိုင်လို့ သူမှာ အရာရာပြည့်စုံနေတယ်လို့ ချန်နယ်တန်း သတင်းထောက်တွေ ကို ပြောခဲ့ပါ တယ်။

DVB
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီး တွေနဲ့ သမီးတွေအပေါ် လိင် ပိုင်း ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ် လိုက်ပါတယ်။

နေပြည်တော်ကောင်စီဝင်များ စရိတ်နှင့် အဆောင်အယောင်အတွက် သန်း ၂၄၀ ကုန်ကျဟုဆို

နေပြည်တော် ကောင်စီဝင်များ၏ စရိတ်ချီးမြှင့်ငွေအတွက် ကျပ်သန်း ၂၄၀ အသုံးပြုထားကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ ကြမ်းတွင် နေပြည်တော် ကောင်စီအနေနှင့် ကျပ် ၇၁၅၁ သန်း တောင်းခံထားမှုအပေါ် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

KIA နှင့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ဆက်နွယ်မှုများအား အသိပေးရေးသားခြင်း

Photo: KIA နှင့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများ၏ နောက်ကွယ်မှဆက်နွယ်မှုများအား အသိပေးရေးသားခြင်း
Wednesday, october 29, 2014.

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ လိုင်ဇာမြို့တွင် တပ်စွဲထားသော ကချင်ပြည်နယ်လွတ်မြောက် ရေးတပ်မတော် (KIA) သည် မြန်မာအစိုးရတပ်များဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း အဆင်မပြေမှုများစွာဖြင့် ထပ်မံကြန့်ကြာနေကြောင်းကိုလဲ တွေ့မြင်ရသည်။
ကျွန်တော်သည် တရုတ်နိုင်ငံဖွား မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး China နိုင်ငံနှင့်အနောက်အင်အားကြီးနိုင်ငံတစ်ချို့၏ နိုင်ငံရေး မဟာဗျူဟာများကိုလည်း စိတ်ဝင်တစားလေ့လာနေသူတစ်ဦးဖြစ်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာအရ မြန်မာနိုင်ငံမြောက်ဖျားရှိ KIA တပ်ဖွဲ့အား ကူညီထောက်ပံ့ပေးမှုမှာ တရုတ်နိုင်ငံအတွက် ထိရောက်သော ကာကွယ်မှုတစ်ခုအဖြစ် ကျွန်ပ်သုံးသပ်မိပါသည်။ သို့သော် KIA အပေါ်တွင် ယုံကြည်စွာဆက်ဆံခြင်း မပြုရန် တရုတ်အစိုးရထံသို့ ကျွန်ပ်အနေဖြင့်တောင်းဆိုလိုပါသည်။ ယခုအခါတွင် KIA အနေဖြင့် တရုတ်အစိုးရ၏ အလုံးစုံသော ကူညီထောက်ပံ့မှုများကိုရယူထားသော်ငြားလည်း တရုတ်နိုင်ငံ၏ အင်အားစုတစ်ရပ်အဖြစ်ရပ်တည် နေခြင်းမဟုတ်ပေ။ ၄င်းတို့အဖွဲ့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် မည်သည့်အဖွဲ့စည်းနှင့်မဆို ပူးပေါင်းလျက်ရှိ နေကြောင်းကိုလည်း ကျွန်ပ်တွေ့မြင်သိရှိရသည်။ ယခုအခါတွင် KIA အနေဖြင့် မွတ်စလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့များနှင့်ပါဆက်သွယ်လှုပ်ရှားလျှက်ရှိနေခြင်းမှာ အနာဂတ်အတွက် ကောင်းမွန်သည့်အလားအလာတစ်ခုမဟုတ်ပေ။

KIA သည် ယခုဆိုလျှင်ဖြင့် မွတ်စလင်အဖွဲ့အစည်းပေါင်းစုံနှင့် တိုးတိုး၊ ကျယ်ကျယ် ဆက်ဆံလာသည်မှာခြေလှမ်း စိတ်လာပြီဖြစ်ပေသည်။ တစ်လောက ရိုဟင်ဂျာ အမျိုးသားလုံခြုံရေး ကော်မတီ (RNSC) အဖွဲ့မှ ယူနွတ်နှင့် တာဝန်ရှိသူ များသည် KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် တို့နှင့် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပေသည်။ ဆွေးနွေးခဲ့ကြသည်မှာ ကချင်ပြည်နယ်ရှိ KIA နယ်မြေဒေသ အတွင်းတွင် စစ်သင်တန်း ဖွင့်လှစ်ခွင့် ပေးရန်အတွက်သာဖြစ်ပေသည်။ မွတ်စလင်အဖွဲ့များသည် ယခုအကြိမ်မှ တောင်းဆိုခဲ့ကြသည် မဟုတ်ပေ ယခင်အခါ များကလည်း RSO အဖွဲ့ဝင်များ ဘဂါင်္လီသောင်းကျန်းသူများနှင့် KIA မှ ဗိုလ်မှူးကြီးဂျိမ်းစ်တို့ တွေ့ဆုံဆွေးနွေး ကာကချင်ပြည်နယ်အတွင်း မွတ်စလင်လက်နက်ကိုင် အဖွဲ့အစည်းများအား တပ်နေရာ ချထားပေးရန်တောင်းဆိုခဲ့သည့် သတင်းသည် အင်တာနက်သတင်းများပေါ်ပျံ့နှံ့ခဲ့သဖြင့် အားလုံးကမေးခွန်း ထုတ်စရာဖြစ်ခဲ့ရပေသည်။

KIA ခေါင်းဆောင်ပိုင်းများအနေဖြင့် ထိုအကြောင်းအရာများနှင့်ပက်သက်ပြီး မဟုတ်မှန်ကြောင်း တရုတ်အစိုးရထံသို့လာ ရောက်ဖြေရှင်းတင်ပြခဲ့ခြင်းမှာလည်းလိမ်လည်မှုတစ်ခုသာပေသည်။ ၄င်းတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် နောက်ကွယ်တွင်ဆက်နွယ်နေခြင်းမှာ ဖုံးမရဖိရသည့် အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပေသည်။ ထို့အတူ တစ်လောက ကြားသိခဲ့ရသည့်သတင်းအရ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်စစ်သွေးကြွ အဖွဲ့များဖွင့်လှစ်သင်ကြားသော သင်တန်းသို့ မြန်မာပြည်မှ ဘင်္ဂါလီစစ်သွေး ကြွများအားစေလွှတ်ခဲ့ရာ ထိုစစ်သည်များသည် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ ထွက်ခွာခဲ့ကြောင်းကိုလည်း သိရှိခဲ့ရသည်။

တရုတ်အစိုးရအနေဖြင့်လည်း တစ်ကမ္ဘာလုံးရှုံ့ချနေသည့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများအားလက်ခံနိုင်ခြင်း မရှိသည်မှာကောင်းမွန်ပေသည်။ သို့သော် KIA ဆိုသည်မှာ သာပေါင်းညာစားအဖွဲ့အစည်း တစ်ခုသာဖြစ်ပေသည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင် KIA ဒုဦးစီးချုပ် ဂွမ်မော်အနေဖြင့် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာလည်းသွေးရိုးသားရိုးမဟုတ်ခဲ့ပါ။
ယခုရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်သော ၈ ဦးပါအဖွဲ့ သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ ကစ်သလစ်ဘာသာဝင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှဓမ္မဆရာများ အစရှိသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စစ်ပွဲကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒုက္ခသည်ကိစ္စများကို မေးမြန်းဆွေးနွေး ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုအဖွဲ့အစည်းများအနက်အချို့အဖွဲ့များမှာ ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့နှင့် အဆက် အသွယ်ရှိသော အဖွဲ့အစည်းများသာဖြစ်ကြပေသည်။ အမေရိကန်အနေဖြင့် ယခုလိုရည်ရွယ်ချက်ရှိရှိဖြင့် ကချင်ပြည် နယ်သို့လာရောက်ကာဆွေးနွေးခဲ့ သည်မှာလည်း တရုတ်အစိုးရအတွက် ရင်လေးစရာတစ် ခုဖြစ်ပေသည်။

ထပ်မံကြားသိရသောသတင်းများအရ အာဖဂန်နစ္စတန်နိုင်ငံတွင် ဖမ်းဆီးရမိသော တရုတ်မွတ်စလင်အကြမ်းဖက်သမား များမှာလည်း KIA ၏ လိုင်ဇာနယ်မြေမှ အခြေပြုထွက်ခွာခဲ့သည်ဟုဆိုပေသည်။ထို့အပြင် ကမ္ဘာ့နိုင်ငံများကပါ ဆန့်ကျင် ၍တိုက်ခိုက်နေသော ISIS အဖွဲ့များအတွင်းတွင် လိုင်ဇာမှသွားရောက်သည့် မွတ်စလင် အဖွဲ့အစည်းများရောက်ရှိ နေခြင်းမှာလည်း တရုတ်အစိုးရအတွက်များစွာ စိုးရိန်ဖွယ်ရာဖြစ်ပေသည်။ ထို့အတူ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ တွင်မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများစွာရှိနေပြီး ထိုအဖွဲ့များသည် တရုတ်အစိုးရအား ဒုက္ခပေးနိုင်သောအဖွဲ့ အစည်းများဖြစ်သည်ကို သိရှိပြီးဖြစ်ပေလိမ့်မည်။ ၄င်းအဖွဲ့အများအနေဖြင့် ယခုအခါတွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်သို့ အ၀င်အထွက်စိတ်လာပြီး ၄င်းတို့၏ ဆက်ဆံရေးမှာလည်းပိုမို တိုးတက်လာသည်ကိုသိရှိရသည်။

ထို့အပြင် KIA တပ်ဖွဲ့အနေဖြင့် Xingiang ဒေသရှိ Uighurs မွတ်စလင် လူမျိုးစုများနှင့် ဆက်စပ်လျက်ရှိသည် ဟူသော သတင်းမှာလည်း တရုတ်အစိုးရအတွက်များစွာအန္တရာယ်ကြီးမားပေသည်။ Uighurs အကြမ်းဖက်သမား ခွဲထွက်ရေး မွတ်စလင်များအနေဖြင့် KIA နှင့်ဆွေးနွေးမှုများရှိလာခဲ့ခြင်းမှာသံသယဖြစ်ဖွယ်ရှိပြီး အခြေအနေပေးပါက KIA နှင့် ပူးပေါင်းကာ တရုတ်အစိုးရအပေါ်အချိန်မရွေး ဒုက္ခပေးလာနိုင်ကြောင်းကိုလဲ သတိပြုစေချင်ပါသည်။

ထို့ကြောင့် KIA အဖွဲ့အစည်းမှာ အရေးကြုံလာလျှင် မည်သည့်ကျေးဇူးမျက်နှာကိုမျှမထောက်ဘဲ ၄င်းတို့ကိုယ်ကျိုးကို သာကြည့်ရှုမည့် အဖွဲ့ဖြစ်ကြောင်းတွေ့မြင်ရပေသည်။ တရုတ်အစိုးရ၏ အထောက်အပံ့များကိုရယူထားသော်လည်း တရုတ်အားဆန့်ကျင်သည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းနေခြင်း၊ ကမ္ဘာအနှံ့ရှိ မွတ်စလင်အကြမ်းဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းနေခြင်းမှာ တရုတ်နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသောအန္တရာယ်ပေးနိုင်သည့်အဖွဲ့အစည်း တစ်ခုဖြစ်လာကြောင်းကို သတိပေးရေးသားလိုက်ရပါသည်။

Credit>>အောင်ထွန်းဝင်း (ချောင်မစ်)
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ လိုင်ဇာမြို့တွင် တပ်စွဲထားသော ကချင်ပြည်နယ် လွတ်မြောက် ရေးတပ်မတော် (KIA) သည် မြန်မာအစိုးရတပ်များဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း အဆင်မပြေမှုများစွာဖြင့် ထပ်မံကြန့်ကြာနေကြောင်းကိုလဲ တွေ့မြင်ရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအလံတင် အစည်းအဝေးတွင် RSO များနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိ

မောင်တောနယ်စပ် ၌ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပပြုလုပ်မည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အလံတင်အစည်း အဝေး၌ ဖမ်းဆီးရမိထားသည့် RSO များနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ရွေးကောက်ခံများ ခန့်အပ်နိုင်လျှင် ပြုပြင်ပြောင်းလဲရေး အောက်ခြေအထိ ရောက်နိုင်

အခြေခံဥပဒေပြင်ဆင် ရေးအကြံပြုချက်တွင် ထည့်သွင်း ထားသည့် ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးအား  ပြည်သူ့ရွေးကောက်ခံများနှင့် ဖွဲ့စည်းဆောင်ရွက်နိုင် ရေးသို့ ပြင်ဆင်နိုင်ပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အောက်ခြေအထိ ပိုမိုထိရောက်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် တွေ့ရှိ

Photo: မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် တွေ့ရှိ
Wednesday, october 29, 2014.

တစ်ကမ္ဘာလုံးတွင် အ ကောင်ရေတစ်သောင်းအောက် သာရှိတော့သည့် မျိုးသုဉ်းပျောက် ကွယ်လုနီးပါးအန္တရာယ်နှင့် ရင် ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် (သိပ္ပံအမည် Ailurusfulgens) ကို မြန်မာနိုင်ငံတွင် ကချင်ပြည် နယ် အီမောဘွန်းတောင်ဒေသ၌ တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေ စိုက် FFI အဖွဲ့မှ ဇီဝဗေဒပညာရှင် များက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။

ကင်မရာ ထောက်ချောက် များဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စဉ် ခြောက်နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ် ကချင် ပြည်နယ် အီမောဘွန်းတောင် ဒေသတွင် ပန်ဒါနီအထီး၊ အမနှစ် ကောင်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ယင်း အဖွဲ့က ဆိုသည်။

နီပေါနိုင်ငံအနောက်ပိုင်းမှ တရုတ်နိုင်ငံအထိ တည်ရှိနေ သော သမပိုင်းတောင်တန်းသစ် တောများတွင် ပန်ဒါနီများကျက် စားလျက်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ တောင်တန်းများတွင် ကျက်စားလျက်ရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

‘‘ပန်ဒါနီနှစ်ကောင်ကို  ပက် ပင်းတွေ့လိုက်တဲ့အခါ တစ်ချိန် တည်းမှာ စိတ်ခံစားမှုနှစ်မျိုးကို ခံစား ရပါတယ်။ မျက်မြင်တွေ့လိုက်ရ တာရယ်၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဗီဒီယိုမှတ်တမ်းတို့ကို ရတာရယ်ကြောင့် မယုံနိုင် လောက်အောင်ပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကျက်စားတဲ့ နေရာ ရဲ့ အခြေအနေနဲ့ ရှင်သန်ရပ်တည် မှုကို ခြိမ်းခြောက်ခံရတာတွေ့ရ၊ မြင်ရတော့ အလွန်ဝမ်းနည်းမိပါ တယ်’’ဟု အဆိုပါပန်ဒါနီ အထီး၊ အမတစ်စုံကို မှတ်တမ်းတင်ခဲ့ သည့် FFI မှ ကွင်းဆင်းဇီဝဗေဒပညာရှင် ကိုစောမိုးအောင်က ပြော သည်။

အမဲလိုက်ခြင်း၊ တောရိုင်း တိရစ္ဆာန်ရောင်းဝယ်ဖောက်ကား ခြင်းနှင့်အတူ တရားမ၀င်သစ် ထုတ်လုပ်မှုကြောင့် ပန်ဒါနီကျက် စားသည် ဒေသများရှိ သစ်တော များမှာ ပျက်စီးနေသည်ကို တွေ့ရှိရပြီး ယင်းပြဿနာများသည် မြန်မာနိုင်ငံရှိ ပန်ဒါနီများအသက် ရှင်ရပ်တည်ရေးအတွက် အဓိက ခြိမ်းခြောက်မှုများအဖြစ် မြင်တွေ့ နေရကြောင်း FFI ကဆိုသည်။

‘‘မြန်မာနိုင်ငံမှာ မကြာခင်ကပြည်ပကို သစ်အလုံးလိုက်တင်ပို့ မှု ရပ်တန့်လိုက်တာနဲ့ အဲဒီကို အမျိုးသားဥယျာဉ်လုပ်ဖို့အစီအ စဉ်တွေရှိတာကြောင့် တရုတ် အစိုးရက မြန်မာနိုင်ငံအတွင်းကို စွန့်စွန့်စားစား သစ်လာရောက် ထုတ်ယူနေတာတွေ ရပ်တန့်စေ တဲ့နေရာမှာ တွန်းအားပေးနိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်’’ ဟု FFI၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီအစဉ်ညွှန်ကြားရေး မှူး ဖရန့်မွန်ဘာ(ခ်)က ပြော ကြားသည်။

ဗြိတိန်အခြေစိုက် FFI အဖွဲ့ အနေဖြင့် ပန်ဒါနီများကျက်စား သည် ကချင်ပြည်နယ်၊ အီမော ဘွန်းတောင်တန်းဒေသတွင် ကင် မရာထောင်ချောက်များဖြင့်မှတ် တမ်းတင်မှုကို ၂၀၀၉ က စတင် ပြုလုပ်ခဲ့ပြီး ထိန်းသိမ်းရေးလုပ် ငန်းများကို ၂၀၁၂ တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

အီမောဘွန်းတောင်ဒေသတွင် ကျက်စားနေသော ပန်ဒါနီနှစ်ကောင်ကို ခြောက် နှစ် အတွင်း ပထမဆုံးအကြိမ်တွေ့ရှိမှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − FFI)

အီမောဘွန်းတောင်ဒေသတွင် ကျက်စားနေသော ပန်ဒါနီနှစ်ကောင်ကို ခြောက်နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ရှိမှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − FFI)

တစ်ကမ္ဘာလုံးတွင် အကောင်ရေတစ်သောင်းအောက် သာရှိတော့သည့် မျိုးသုဉ်းပျောက် ကွယ်လုနီးပါး အန္တရာယ်နှင့် ရင် ဆိုင်နေရသော ပန်ဒါနီနှစ်ကောင် (သိပ္ပံအမည် Ailurusfulgens) ကို မြန်မာနိုင်ငံတွင် ကချင်ပြည် နယ် အီမောဘွန်းတောင်ဒေသ၌ တွေ့ရှိခဲ့ကြောင်း ဗြိတိန်အခြေ စိုက် FFI အဖွဲ့မှ ဇီဝဗေဒ ပညာရှင် များက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။

ကရင်ဒုက္ခသည်များ ပြန်လည်ထူထောင်ရန် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင်အသုံးပြုရန် KNU / KNLA လျာထား

ကရင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ တွင် ကျပ်သိန်းပေါင်း သုံးသောင်းဝန်းကျင် အသုံးပြုရန် လျာထားကြောင်း KNU/KNLA တပ်မဟာ (၇)စီးပွားရေးရုံးမှ သတင်းရရှိသည်။

အမျိုးသမီး သီးသန့်ပါတီ ဖွဲ့စည်းပုံရေးဆွဲရန်နှင့် စည်းရုံးရေးလုပ်ငန်းများတွင် အခက်တွေ့

အမျိုးသမီးများ နိုင်ငံ ရေးတွင် ပါဝင်လာစေရန် အမျိုးသမီးပါတီတစ်ခုကို တည် ထောင်လိုက်အပြီး ပါတီ၏ဖွဲ့ စည်းပုံဆိုင်ရာ လုပ်ငန်းစဉ်များ ရေးဆွဲခြင်းနှင့် စည်းရုံးရေး လုပ်ငန်းများအတွက် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

နှစ်ဆယ့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့သွားမည်

Photo: နှစ်ဆယ့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့သွားမည်
Wednesday, october 29, 2014.

၂၅ နှစ်ကျော်ကာလအ တွင်း ပထမဆုံးအကြိမ်အဖြစ် က ယားပြည်နယ်သို့ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ အတွင်း ကယားပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီးနောက် ၂၅ နှစ်ကျော်ကြာကာလ ပထမဆုံးအကြိမ် ခရီးစဉ်သည် နိုဝင်ဘာ ၈ ရက် မှ ၁၁ ရက်အထိ လေးရက် ကြာမြင့်မည်ဖြစ်ကြောင်း ကယားပြည်နယ်အတွင်းရှိ  အင်န်အယ်လ်ဒီ ပါတီဝင်များက ပြောသည်။

‘‘လွိုင်ကော်က ကယားဒေး ကွင်းမှာ နိုဝင်ဘာ ၈ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်လာပြီး ဟောပြောပွဲလုပ်မယ်လို့ ကြေညာ ထားတယ်’’ဟု ကယားပြည်နယ် အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီ ၀င် တစ်ဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီဝင်အင်အား အနည်းဆုံးသော ဒေသများ ထဲမှ တစ်ခုဖြစ်ပြီး အင်န်အယ်လ်ဒီ ပါတီဝင်များ ဖိနှိပ်မှုအများဆုံးခံခဲ့ရသည့်ဒေသအဖြစ်လည်း ထင်ရှားသည်။‘‘၂၀၁၁ လောက်မှာ ဒေါ်စု လွတ်ပြီး အဖွဲ့ချုပ်က ဦးအုန်းကြိုင်လာတာတောင် ဧည့်စာရင်းမရဘူး။ဘုန်းကြီးကျောင်းလည်း တည်းခွင့် မပေးဘူး။ ဒါဆိုရဲစခန်းမှာ ညအိပ်မယ်ဆိုလည်း အိပ်လို့မရဘူးပြောတယ်။ နောက်ဆုံး လွိုင်ကော်က အဝေးပြေးဝင်းနားမှာ ညအိပ်ခဲ့ရတယ်’’ဟု ကယားပြည်နယ် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

တပ်မတော်အစိုးရလက် ထက်တွင် ကယားပြည်နယ်ကို အင်န်အယ်လ်ဒီ ကင်းစင်နယ်မြေအဖြစ် ပုံဖော်ခဲ့ပြီး အင်န်အယ်လ်ဒီ ၏ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ဖိ အားပေးမှုများ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြောင်းဒေါက် တာ ဒေါ်ခင်စည်သူက ပြောသည်။‘‘ရှင်းရှင်းပြောရရင် ကြက်ဆူပင်စိုက်တာတောင် တစ်နိုင်ငံလုံးမှာ  အအောင်မြင်ဆုံးပြည်နယ်လေ။ အကြောက်တရားအများဆုံး၊ ဖိနှိပ်မှုအများဆုံးပဲ’’ဟု  ဒေါက်တာ ဒေါ်ခင်စည်သူက ပြောသည်။ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်သို့ သွားရောက် မည့် ခရီးစဉ်ကို ပြည်နယ်အင်န် အယ်လ်ဒီဘက်က အတည်ပြုခဲ့သော်လည်း ခရီးစဉ်အသေးစိတ် ကို ဖြေ ကြားရန် ငြင်းဆန်ခဲ့သည်။

7Day DAILY 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဟိုတယ် ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်သော ဟိုတယ်ဘာသာရပ်ဆိုင်ရာ သင်တန်း ကျောင်းဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၂၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်သို့ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်း စုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အမြန်လမ်းအသုံးပြုသော ကားများကို ကားအမျိုးအစားခွဲ၍ အမြန်နှုန်း သတ်မှတ်ရန် စီစဉ်


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မောင်းနှင်မည့် ယာဉ်များကို အုပ်စုလိုက်ခွဲခြားပြီး  မောင်းနှင့်သင့်သည့် မိုင်နှုန်းများသတ်မှတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဟိုတယ်များ ယစ်မျိုးလိုင်စင် လျှောက်ရာတွင် ရဲချုပ်ရုံး ထောက်ခံချက်တောင်း၍ အခက်တွေ့

ဟိုတယ်များ ယစ်မျိုး လိုင်စင်များရယူလိုပါက သက်ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့တို့ ၏ ထောက်ခံချက် နှစ်ခုရယူရုံဖြင့်  လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက လွှတ်တော်တွင် အောက်တိုဘာ ၂၈ ရက်၌  ဖြေဆိုသော်လည်း ဟိုတယ်များက လျှောက်ထားရာတွင် ရဲချုပ် ရုံး၏ ထောက်ခံချက်ကိုပါ တောင်းနေ၍ ကြန့်ကြာနေ ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ ကဆိုသည်။

မြန်မာလုပ်သားနှစ်ဦး၏ ထွက်ဆိုချက်စာကို ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေးကောင်စီသို့ ပေးအပ်

Photo: မြန်မာလုပ်သားနှစ်ဦး၏ ထွက်ဆိုချက်စာကို ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေးကောင်စီသို့ ပေးအပ်
Wednesday, october 29, 2014

 ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးက ပြစ်မှုကျူးလွန် ခဲ့ခြင်း မရှိဟု ထွက်ဆိုခဲ့သည့် စာ ကို ၎င်း၏မိဘများနှင့် မြန်မာသံရုံး အထူးအဖွဲ့က ထိုင်းနိုင်ငံအစိုးရ ရှေ့နေ ချုပ်ရုံးနှင့် လူ့အခွင့်အရေး ကောင်စီရုံးသို့ အောက်တိုဘာ ၂၈ ရက်က ပေးပို့ခဲ့ သည်။

 ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် အောက်တိုဘာ ၂၄ ရက်က ၎င်း၏ မိဘများ နှင့် တွေ့ ဆုံစကားပြောရာတွင် ဗြိတိန်စုံတွဲ အား  ၎င်းတို့ သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊  ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက်ဝန်ခံ ခိုင်းသော ကြောင့် သာ  ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း လာရောက်တွေ့ဆုံသော မိဘ များထံ ၀န်ခံထားသည်။

 ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည်  ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့အား  စကားပြန်လုပ် ပေးသူ နှစ်ဦးက ၎င်းတို့ကို အတင်းအကျပ်ဝန်ခံခိုင်းခြင်းဖြစ်ပြီး ၀န်ခံခြင်းမရှိပါက လက်ဖြတ်မည်၊  တာယာကွင်းဖြင့် မီးရှို့သတ်မည်၊ ပင်လယ် ထဲ မျှောပစ်မည်ဟု ပြောဆိုဝန်ခံခိုင်းကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ပြောသည်။

ထိုသို့ ပြောဆိုသော စာကို ထိုင်းနိုင်ငံအစိုးရရှေ့နေချုပ်ရုံး နှင့် လူ့အခွင့်အရေး ကောင်စီရုံး သို့ အောက်တိုဘာ ၂၈ ရက်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

 ထိုင်းနိုင်ငံအစိုးရ ရှေ့နေ ဥက္ကဋ္ဌက တင်ပြစာကို လက်ခံရယူပြီး အမှုမှန် အတိုင်းဖြစ်စေရမည်ဟု ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများအား ကတိပေးခဲ့သည်။

 ထိုင်းနိုင်ငံ အစိုးရရှေ့နေ ချုပ်ရုံးချုပ်သို့ တင်ပြစာပေးပို့အ ပြီးတွင် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ရာ ကောင်စီထံ သွားရောက်၍ တင်ပြစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုတင်ပြစာကို လူ့အခွင့်အရေးရာ ကောင်စီအတွင်းရေးမှူးက လက် ခံရယူခဲ့သည်။

‘‘ဒီအမှုမှာ သံသယဖြစ်စရာ တွေ ရှိတယ်။ ဒီမြန်မာနှစ်ယောက် ကျ DNA တူတာလေးနဲ့ တရားခံ လို့ စွပ်စွဲထားတယ်။ လူအများ ပြောနေတဲ့ သူဌေးသား ဆိုတဲ့သူ ကို DNA စစ်ဆေးဖို့ ရဲတပ်ဖွဲ့နှစ်ခါချိန်းဆိုတာနှစ်ခါစလုံးမလာဘူး’’ဟု လူ့အခွင့်အရေးရာကောင်စီ အတွင်းရေးမှူးက ပြောသည်။

‘‘ဒီနေ့ စာတင်ပြခဲ့တာကို ကျေနပ်မှုရှိပါတယ်။ အားလုံးက အမှုမှန်အတွက် ၀ိုင်းဝန်းလုပ်ပေး ကြမယ်ဆိုရင် အမှုမှန်ပေါ်ပေါက် မှာပါ။ အခုက ကျွန်တော့် သားက တရားခံမဟုတ်ဘဲ ခံနေရတာကို တော့ လက်မခံပါဘူး’’ ဟု ဖမ်း ဆီးခံထားရသော ၀င်းဇော်ထွန်း ၏ဖခင်ဦးထွန်းထွန်းထိုက်က ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ အမှုတွဲကို ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံ အမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံသို့ အောက်တို ဘာ ၂၉ ရက်(ယနေ့)တွင် တရားဝင်ပေးအပ်သွားမည်ဖြစ်သည်။

 ဗြိတိန်စုံတွဲ အသတ်ခံရမှု ကြောင့် အမှုမှန်အတိုင်း ဖြစ်စေ ရန် ဗြိတိန်စုံထောက် အဖွဲ့သည်အောက်တိုဘာ ၂၅ ရက်တွင် အခင်းဖြစ်ပွားရာ လိပ်ကျွန်းသို့ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် တိတ်တဆိတ် လာရောက်စစ်ဆေးနေသည်။ ထိုင်းရဲတပ်ဖွဲ့ သည် ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲထားသည့် မြန်မာလုပ်သားနှစ်ဦး၏ အမှုတွဲကို တရားရုံးသို့တင်ရန် ကြိုးစားနေဆဲဖြစ်ပြီး တရားရုံးသို့ တင်နိုင်ခြင်း မရှိသေးပေ။

7Day DAILY 

မြန်မာသံရုံးအထူးအဖွဲ့က လုပ်သားနှစ်ဦး၏ထွက်ဆိုချက်ကို ထိုင်းလူ့အခွင့်အရေး ကောင်စီမှ တာဝန်ရှိသူသို့ ပေးအပ်ပြီးနောက် တွေ့ဆုံစဉ်(ဓာတ်ပုံ - ငြိမ်းချမ်း)

မြန်မာသံရုံးအထူးအဖွဲ့က လုပ်သားနှစ်ဦး၏ထွက်ဆိုချက်ကို ထိုင်းလူ့အခွင့်အရေး ကောင်စီမှ တာဝန်ရှိသူသို့ ပေးအပ်ပြီးနောက် တွေ့ဆုံစဉ်(ဓာတ်ပုံ - ငြိမ်းချမ်း)

ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့သည့်စာကို ၎င်း၏မိဘများနှင့် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းနိုင်ငံအစိုးရ ရှေ့နေချုပ်ရုံးနှင့် လူ့အခွင့်အရေး ကောင်စီရုံးသို့ အောက်တို ဘာ ၂၈ ရက်က ပေးပို့ခဲ့ သည်။