Wednesday 29 October 2014

အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း

Photo: အမေရိကန်ဒေါ်လာဈေး ဆက်လက်မြင့်တက်မည်ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများ ခန့်မှန်း
Wednesday, october 29, 2014 

ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီ ရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

ပြည်တွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားစွာ ဝင်ရောက်လာခြင်းအပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်ပကုမ္ပဏီများ ချိတ်ဆက် ဆောင်ရွက်မှု များလာခြင်းကြောင့် အမေရိကန်ငွေဈေးမှာ ပိုမိုမြင့်တက် လာနိုင်သည်ဟု ၎င်းကဆိုသည်။
“ဒေါ်လာဈေးက ပြန်ကျမယ့် အလားအလာ သိပ်မရှိဘူး။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှု ပိုမိုများလာတဲ့အတွက် အမေရိကန်ငွေဈေးက တဖြည်းဖြည်း မြင့်တက်လာနိုင်တယ်” ဟု ဦးသန်းချိုက သုံးသပ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးသော်လည်း ယခုရက်ပိုင်း၌ ဈေးကွက်အတွင်း လိုအပ်သည့် ပမာဏကို ရောင်းပေးနိုင်ခြင်း မရှိသောကြောင့် အမေရိကန် ငွေလဲနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူ ဦးလှထွန်းခိုင်က ပြောကြားသည်။

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ဈေးကွက် လိုအပ်ချက်အတိုင်း မရောင်းချနိုင်ခြင်းမှာ ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ အမေရိကန် ဒေါ်လာပေါက်ဈေးများ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေးမှာ ၁၀၀၄ ကျပ် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ မြန်မာငွေ တစ်ထောင်ကျပ်ဝန်းကျင် ဖြစ်ပါက အသင့်လျော်ဆုံး ဖြစ်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာ ရှိသည့် ငွေလဲနှုန်း ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။

The Voice Weekly
ပြည်တွင်း ငွေလဲကောင်တာများတွင် ပွင့်လင်းရာသီရောက်ပါက တည်ငြိမ်လေ့ရှိသော အမေရိကန် ဒေါ်လာ ပေါက်ဈေးသည် လေးရက်အတွင်း ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၉၉၈ ကျပ်မှ ၁၀၁၀ ထိ ရောက်ရှိ ခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

ပြည်တွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားစွာ ဝင်ရောက် လာခြင်းအပြင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်ပကုမ္ပဏီများ ချိတ်ဆက် ဆောင်ရွက်မှု များလာခြင်းကြောင့် အမေရိကန်ငွေဈေးမှာ ပိုမိုမြင့်တက် လာနိုင်သည်ဟု ၎င်းကဆိုသည်။

“ဒေါ်လာဈေးက ပြန်ကျမယ့် အလားအလာ သိပ်မရှိဘူး။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှု ပိုမိုများလာတဲ့အတွက် အမေရိကန်ငွေဈေးက တဖြည်းဖြည်း မြင့်တက်လာနိုင်တယ်” ဟု ဦးသန်းချိုက သုံးသပ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးသော်လည်း ယခု ရက်ပိုင်း၌ ဈေးကွက်အတွင်း လိုအပ်သည့် ပမာဏကို ရောင်းပေးနိုင်ခြင်း မရှိသောကြောင့် အမေရိကန် ငွေလဲနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူ ဦးလှထွန်းခိုင်က ပြောကြားသည်။

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ဈေးကွက် လိုအပ်ချက်အတိုင်း မရောင်းချနိုင်ခြင်းမှာ ပြည်တွင်းဘဏ် များက အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ အမေရိကန် ဒေါ်လာပေါက်ဈေးများ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် ဗဟိုဘဏ် သတ်မှတ်သည့် အမေရိကန် တစ်ဒေါ်လာ ပေါက်ဈေးမှာ ၁၀၀၄ ကျပ် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာ မြန်မာငွေ တစ်ထောင်ကျပ်ဝန်းကျင် ဖြစ်ပါက အသင့်လျော်ဆုံး ဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာရှိသည့် ငွေလဲနှုန်းဖြစ်သည်ဟု အဆိုပါ လုပ်ငန်း ရှင် များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment