ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းလိုင်စင်ရယူလျက်ရှိသော ဟိုတယ်များအနေဖြင့် ဟိုတယ်နှင့် ခရီး သွားလာရေး ၀န်ကြီး ဌာန၏ ဟိုတယ်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ထောက်ခံချက်နှင့် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း၏ ထောက်ခံချက်ပါရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်တွင် အမျိုးသားလွှတ်တော် ၌ ပြောကြားခဲ့သည်။
‘‘ချပေးနေတယ်လို့ ပြောထားပေမယ့် အခုမယကကို သွားတင်တဲ့အခါမှာ ဟိုတယ်ဝန်ကြီးဌာနက ကန့်ကွက် ရန်မရှိဘူး။ ပါတယ်ဆိုရုံတင်မရဘူး။ ရဲချုပ်ရုံးက ထောက်ခံချက်ပါပါမှရမယ်ဆိုပြီး ပြောလို့ အခုထိလိုင် စင်မရသေးဘူး’’ဟု City Star ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဟို တယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနမှ ဟိုတယ်ဖွင့်လှစ်ခွင့်လိုင်စင် ရယူထားသော ဟို တယ်ပေါင်း ၉၃၁ လုံးရှိသော်လည်း ဟိုတယ် ၂၁၃ လုံးသာ ယစ်မျိုးလိုင်စင်ရယူ ထားသည်။ ကျန်ဟိုတယ်ပေါင်း ၇၀၀ ကျော် မှာ လိုင်စင်ယူထားခြင်းမရှိ ကြောင်း သိရသည်။
‘‘အစ်မတို့ ဟိုတယ်မှာဆို ဘားတွေလည်း မထားတော့ ဟိုတယ်ကကို ယစ်မျိုးမယူတာ။ နောက်ပိုင်းမဖြစ် မနေတင်ဖို့ လို လာမှပဲ တင်မယ်’’ဟု ဟိုတယ် မန်နေဂျာ တစ်ဦးကပြောသည်။
တိုးပွားလာသော ဟိုတယ်များကို အထက်ပါထောက်ခံချက်များဖြင့် ယစ်မျိုးလိုင်စင်များချ ထားပေးနေသော် လည်း အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနအ နေဖြင့် ယစ်မျိုးလိုင်စင်အရေ အတွက်များကို တစ်နှစ်ထက် တစ်နှစ်လျှော့ချပေးနေသည်ဟု ဒုတိ ယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံ မြင့်ကပြောသည်။
အထွေထွေအုပ်ချုပ်ရေးမှူး ဌာနအနေဖြင့် ယစ်မျိုးလိုင်စင်များ ကို လျှော့ချပေးနေသည်ဟု ဆို သော်လည်း မြန်မာနိုင်ငံ၏ မြို့ကြီးအသီးသီးတွင် ဘီယာဆိုင်အရေ အတွက်မှာ တစ်နှစ်ထက် တစ်နှစ် တိုးလာနေကြောင်း သတင်းရရှိ သည်။
မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သော ကမ္ဘာ့လှည့်ခရီး သွားများ တိုးတက်များပြားလာမှု နှင့် အညီ ဟိုတယ်များ များလာပြီး ဧည့်သည်များအား ၀န်ဆောင်မှု ပေးရန် ယမကာကောင်တာများ ထားရှိမှုလည်း များလာကြောင်း သတင်းရရှိသည်။
7Day DAILY
No comments:
Post a Comment