ပြီးခဲ့သည့် မေနှင့် ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင်အမှတ် ၅၂ နှင့် ၅၄ တွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများမှာ RSOလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ကို ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ၎င်းတို့နိုင်ငံတွင် RSO များမရှိကြောင်း ငြင်းဆိုခဲ့သည်။
ယင်းသို့ ငြင်းဆိုထားသော် လည်း မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့က စက်တင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်မှ သင်တန်းတက် ရောက်ပြီး ပြန်လာသည့် RSO အဖွဲ့ဝင်တစ်ဦးနှင့် ဆက်နွှယ်နေ သူ သုံးဆယ်ကျော်ကို ဖမ်းဆီးရ မိခဲ့ကာ ၎င်းတို့ ဖမ်းဆီးရမိခြင်း နှင့် ထွက်ဆိုချက်များကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထား ကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်က မြန်မာနယ်စပ်လုံခြုံရေး နယ်ခြား စောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဒေသမှူးများအဖွဲ့ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခေါင်းတုံး ဒေသတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်မှ တာဝန် ရှိသူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
7Day Daily
No comments:
Post a Comment