မြန်မာနိုင်ငံတွင် ဆည်ပေါင်း ၃၀၀ ခန့် တည်ဆောက်မှုကြောင့် သစ်တောဧကပေါင်း တစ်သန်းကျော် ပျက်စီး ခဲ့ပြီး လက်ရှိတွင် ဆည်များအနီးရှိ ရေဝေရေလဲ ဧရိယာပေါင်း ဧက ၁၈၇ သိန်းကျော်ကို ထိန်းသိမ်း ရန် လိုအပ်နေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တောဦးစီး ဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်အေးက ပြောကြားသည်။
ဆည်များ တည်ဆောက်ရာတွင် သစ်ခုတ်မှုများ ရှိခဲ့သည့်အပြင် ဆည်တည်ဆောက်သည့် ရေစီးကြောင်းမှ တစ်ဆင့် သစ်တောကြိုးဝိုင်း အပြင်ဘက်သို့ ထုတ်ယူမှုများလည်း ဖြစ်ပေါ်ခဲ့ရကြောင်း ဦးတင်အေးက ပြောကြားသည်။
ဆည်များ တည်ဆောက်ရာတွင် ဆည်များရေရှည် လုပ်ဆောင်နိုင်မှုအတွက် ရေဝေရေလဲဒေသမှာ အလွန် အရေးပါနေပြီး မြန်မာနိုင်ငံရှိ ဆည်များ၏ ရေဝေရေလဲ ဒေသကို ကာကွယ်ရန် လုပ်ဆောင် နေပါသလားဟု မေးမြန်းမည်ဆိုပါက လုပ်ဆောင်နေသည်ဟုသာ ဖြေကြားနိုင်ရုံ အဆင့်သာ ရှိနေပြီး အမှန်တကယ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု မရှိသလောက် ဖြစ်နေကြောင်း ဦးတင်အေးက ဆိုသည်။ မြန်မာနိုင်ငံ၏ သစ်တောများကို ပြန်လည်ထူထောင်မည်ဆိုပါက ရေဝေရေလဲ ဒေသကို ပြန်လည်ထူထောင်နိုင်ရန်မှာ အလွန် အရေးပါနေကြောင်း ယင်းက ထပ်ဆင့်ပြောကြားသည်။
မြန်မာနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခိုတင်ပို့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံနှင့် အမြတ်ရ လွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြှုပ်နှံမှုများအကြောင်း ဖော်ပြထားသော နယ်သာလန်အခြေစိုက် (Transnational Institute-TNI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား . . . . .
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ သစ်တောများ၊ ပဲခူးရိုးမ တစ်လျှောက်တွင် လည်းကောင်း၊ ရှမ်းကုန်းပြင်မြင့် စသည်တို့တွင်လည်း သစ်တောပြုန်းတီးမှုများနှင့် ကြုံတွေ့နေရပြီး နေရာအချို့တွင်သာ သစ်တောဖုံးလွှမ်းမှု အချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု အနေအထားမှာ ၁၈၅၆ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀၊ ၁၉၂၅ ခုနှစ် ၆၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၅၇ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခိုတင်ပို့မှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံနှင့် အမြတ်ရလွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြှုပ်နှံမှုများအကြောင်း ဖော်ပြထားသော နယ်သာလန်အခြေစိုက် (Transnational Institute-TNI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Global Witness ၏ ခန့်မှန်းချက်အရ ၂၀၀၆ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ တရားမ၀င် လမ်းကြောင်းမှ တင်သွင်းသောသစ်ပမာဏ နှစ်စဉ်တန်ချိန် တစ်သန်းခန့် ရှိကြောင်း၊ ၂၀၀၆ ခုနှစ်မှာမူ နယ်စပ်ဖြတ်ကျော် သစ်မှောင်ခို ခိုးထုတ်မှု တားဆီးရေးအတွက် နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးလိုက်သောကြောင့် နယ်စပ်မှ ခိုးထုတ်မှု အထိုက်အလျောက် ကျဆင်းခဲ့သော်လည်း ရန်ကုန် ဆိပ်ကမ်းမှ တင်ပို့မှု မြင့်တက်ခဲ့သောကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်နေကြောင်း၊ ၂၀၀၆ ခုနှစ် နောက်ပိုင်း နယ်စပ်မှ ခိုးထုတ်မှု အနည်းငယ် ကျဆင်းသွားသော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
အလားတူ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လေးနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့်ပေးခဲ့ကြောင်း၊ မြန်မာ့သစ်လုပ်ငန်းမှ ရရှိသော သတင်းများအရ သိရသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာတန်ချိန်ပေါင်း ၂၃ သိန်းကျော်ကို လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာတန်ချိန်ပေါင်း ၁၇ သိန်းနီးပါးကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန်ပေါင်း ၁၀ သိန်းနီးပါးကို လည်းကောင်း၊ ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကို လည်းကောင်း ထုတ်ယူခွင့်ပေးခဲ့ပြီး လေးနှစ်အတွင်း စုစုပေါင်းတန်ချိန် ၅၇ သိန်းကျော် ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် ပတ်သက်သည့် FAO Report တွင် မြန်မာနိုင်ငံ၏ သစ်တောကောင်း (Close Forest) ကျန်ရှိမှုနှုန်းမှာ ယခင် ၂၀၁၀ ပြည့်နှစ်က ခန့်မှန်း ထားသည့် ရာခိုင်နှုန်း ၂၀ နီးပါးထက် လျော့နည်းနိုင်ကြောင်း ဦးတင်အေးက ဆက်လက်ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment