Saturday 13 December 2014

အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး

Photo: အစိုးရဝန်ထမ်းများ အထက်အမိန့် စောင့်ရသည့် ခေါက်ရိုးကျိုးစိတ်ဓတ် ပြင်ရန် သူရဦးရွှေမန်းသတိပေး
Saturday, December 13, 2014

အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

အလုပ်သမား သမဂ္ဂအဖွဲ့များ၏ ဥပဒေတွင် ဖော်ပြထားသည့် အနည်းဆုံးလုပ်ခလစာအား မည်သည့်အချိန်တွင် ခံစားရရှိနိုင်မလဲ မေးခွန်းနှင့် ပက်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြန်လည်ဖြေကြားမှုအပေါ် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးကြီး ပြောသွားတာတွေဟာ အထက်က ပြောတာတွေကို ပြန်ပြောတာလို့ပဲယုံကြည်တယ်၊ အရင်ကဒီလိုပွဲမျိုးတွေ မရှိခဲ့သလို တင်ပြရင်လည်း နားမထောင်ခဲ့ဘူး။ အခုခေတ်ပြောင်းနေပြီ တာဝန်ရှိသူတွေရဲ့စိတ်က ခေတ်စကားအရ ခါက်ရိုးကျိုးနေတယ်။ ဒီစိတ်တွေကို ပြင်ရမယ်၊ ပြည်သူ့အသံကို နားထောင်ပြီး တင်ပြချက်တွေ ကောင်းရင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ဆိုသည်။

ဗဟိုအစိုးရ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအဆင့် တိုင်း၊ ခရိုင်ရုံများနှင့်သက်ဆိုင်သည့် ဆောင်ရွက်ဖွယ်ရာများအား အလျှင်အမြန် လုပ်ကိုင်နိုင်ရန် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန် လိုအပ်နေပြီဟုလည်း ယင်းက ထည့်သွင်းပြောဆိုသွားသည်။

Mizzima - News in Burmese
အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အထက်အမိန့် ညွှန်ကြားချက် စောင့်ဆိုင်းလုပ်ကိုင်တတ်သည့် ခေါက်ရိုးကျိုး စိတ်ဓတ်အား ပြင်ဆင်ရန်လိုအပ်ပြီဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေကော်မတီရုံးတွင် ပြုလုပ်သည့် လူထူတွေ့ဆုံပွဲတွင် သတိပေးပြောဆိုသည်။

အလုပ်သမား သမဂ္ဂအဖွဲ့များ၏ ဥပဒေတွင် ဖော်ပြထားသည့် အနည်းဆုံးလုပ်ခလစာအား မည်သည့် အချိန်တွင် ခံစားရရှိနိုင်မလဲ မေးခွန်းနှင့် ပက်သက်၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦး ၏ ပြန်လည်ဖြေကြားမှုအပေါ် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသွားခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးကြီး ပြောသွားတာတွေဟာ အထက်က ပြောတာတွေကို ပြန်ပြောတာလို့ပဲယုံကြည်တယ်၊ အရင်ကဒီလိုပွဲမျိုးတွေ မရှိခဲ့သလို တင်ပြရင်လည်း နားမထောင်ခဲ့ဘူး။ အခုခေတ်ပြောင်းနေပြီ တာဝန်ရှိသူတွေရဲ့စိတ်က ခေတ် စကားအရ ခါက်ရိုးကျိုးနေတယ်။ ဒီစိတ်တွေကို ပြင်ရမယ်၊ ပြည်သူ့အသံကို နားထောင်ပြီး တင်ပြချက်တွေ ကောင်းရင် ချက်ချင်းဆောင်ရွက်ရမယ်” ဟု ဆိုသည်။

ဗဟိုအစိုးရ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအဆင့် တိုင်း၊ ခရိုင်ရုံများနှင့်သက်ဆိုင်သည့် ဆောင်ရွက် ဖွယ်ရာများအား အလျှင်အမြန် လုပ်ကိုင်နိုင်ရန် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရန် လိုအပ်နေပြီဟုလည်း ယင်းက ထည့်သွင်းပြောဆိုသွားသည်။

Mizzima - News in Burmese

No comments:

Post a Comment