တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေ တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။
ဗီယက်နမ် အမျိုးသမီးတွေဟာ တရုတ်ပြည်မြောက်ပိုင်း ဟီဘိုင်ပြည်နယ်ထဲက ဒေသသုံးခုမှာနေတဲ့ လယ် သမားတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တချိန်တည်းနီးပါး လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလို လက်ထပ်ဖို့အတွက် တရုတ် သတို့သားတွေက သတို့သမီးတယောက်စာအတွက် ဗီယက်နမ် အမျိုး သမီးပွဲစားကို တရုတ်ယွမ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုတော့ သတို့သမီးတွေလည်း ပျောက်နေသလို၊ ပွဲစားလည်း အစပျောက်နေတယ်လို့ ပူပူနွေးနွေး ဇနီး သည် ပျောက်နေတဲ့ ဇူဇောင်ဆိုတဲ့ အမျိုးသားပြောပါတယ်။
ပွဲစားက ခေါ်သွားတဲ့ သတို့သမီးတွေထဲက ပြန်လွတ်လာတဲ့တယောက်က သူအိပ်ရာကနိုးတဲ့အချိန်မှာ အလင်းရောင်မရှိတဲ့အခန်းထဲမှာ ရောက်နေတယ်လို့ ပြောပြပါတယ်။
ပွဲစားက သူ့ကိုနောက်တယောက်နဲ့ လက်ထပ်ဖို့ စည်းရုံးတာကို သူကငြင်းခဲ့ပြီး ထွက်ပြေးလွတ်မြောက် လာတယ်လို့ ဆိုပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း တရုတ်ပြည်ကျေးလက်ဒေသက အမျိုးသားတွေဟာ ဗီယက်နမ်က သတို့သမီးတွေကို ရဖို့ ပွဲစားခအကုန်အကျခံပြီး ကြိုးစားလာကြပါတယ်။
လူကုန်ကူးမှု၊ လိမ်လည် လှည့်ဖြားမှုတွေ ရှိပေမယ့် ဒီလုပ်ငန်းဟာ လျှော့မသွားဘဲ ပိုကျယ်ပြန့်နေပါတယ်။
တရုတ်ပြည်မှာ အမျိုးသားဦးရေနဲ့ အမျိုးးသမီးဦးရေမညီမျှတာဟာ နောက်ကွယ်ကအကြောင်းရင်း တရပ် ဖြစ်သလို၊ တရုတ်သတို့သမီးအတွက် ကုန်ကျစရိတ်က ယွမ်ငွေ သိန်းပေါင်းများစွာ ရှိတာကြောင့် ဆင်းရဲတဲ့ လယ်သမားတွေဟာ အကုန်အကျ သက်သာတဲ့လမ်းကို လိုက်တာလည်း ပါတယ်လို့ ဒီလုပ်ငန်းကို နားလည် သူတွေက ဆိုကြပါတယ်။
လေလောဆယ် ဗီယက်နမ် အမျိုးသမီးတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ရဲက ရှာဖွေနေတဲ့ အချိန်မှာတော့ တရုတ်လယ်သမားတွေဟာ ပူပူနွေးနွေး သတို့သမီးတွေ ပျောက်နေသလို၊ မိန်းမရဖို့ စုဆောင်းပြီး ပွဲစားကို ပေးရတဲ့ ငွေပါ ရှုံးနေကြပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment