မလေးရှားနိုင်ငံ ကလန်းကားဂိတ်တွင် မြန်မာနိုင်ငံသားများဖမ်းဆီးခံရစဉ် (ဓာတ်ပုံ -မလေးရှားရောက် မြန်မာများ)
ဗီဇာအတုကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရား ရုံးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းခွင့်ပေးခဲ့ပြီးနောက် လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ မြန်မာ နိုင်ငံ ပြန်ကြမယ်လို့ မလေးရှား မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြန်မာ့လေကြောင်း MAI- 502 နဲ့ပြန်မှာပါ။ KL ကနေ ညနေ ၇ နာရီထွက်မှာ မြန်မာနိုင်ငံကို ၈ နာရီ ရောက်မယ်။”
ထောင်ကနေ ပြန်လွတ်က တည်းက ဒီမြန်မာနိုင်ငံသားတွေကို မလေးရှား လ၀က ထိန်းသိန်းရေးစခန်းမှာပဲ သူတို့ကို နေရာချထားပေး တယ်လို့လည်း ပြောပါတယ်။
မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှု ကြည့်ကြပ်ရေးဌာနက ဖမ်းဆီးပြီး လ၀ကဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ် ခဲ့တာ ဖြစ်ပါတယ်။
ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။
ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦး ကတော့ မြန်မာသံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့် စက်တင်ဘာလဆန်းပိုင်းက မြန်မာပြည် ပြန်ခွင့် ရခဲ့ပြီး ဖြစ်ပါတယ်။
DVB
No comments:
Post a Comment