Monday 15 September 2014

ဟိုတယ်အသစ်ဆောက်လိုသူများ တိုင်းအစိုးရခွင့်ပြုချက်ရယူရန်မလိုတော့

မန္တလေးတိုင်းဒေသကြီး အတွင်း ဟိုတယ်အသစ်ဆောက် လုပ်လိုသူများအနေဖြင့် တိုင်းဒေ သကြီးအစိုးရ ခွင့်ပြုချက် ရယူရန် မလိုအပ်တော့ကြောင်း သတင်း ရရှိသည်။
ယခင်က ဟိုတယ်အသစ် တည်ဆောက်လိုသူများသည် ရဲစခန်း၊ ရပ်ကွက် စသည်တို့မှ ထောက်ခံချက်   ရယူပြီးနောက် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တောင်းခံကာ အဆင့်ဆင့်တင်ပြရသည့်စနစ်မှ ယခုအချိန်တွင် ပြည်ထောင်စုအဆင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့သာ တည်ဆောက်ခွင့်    တိုက်ရိုက်လျှောက်ထားရတော့မည်ဟု တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူကပြောသည်။

‘‘လျှောက်တဲ့အခါမှာလည်း မလိုအပ်တဲ့ထောက်ခံချက်တွေ မလိုတော့ဘူး။ ဒီလသုံးရက်နေ့မှာ ပဲ ပြည်ထောင်စု အစိုးရက အ ကြောင်းကြားစာရောက်လာတာ ပါ’’ဟု ဒေါက်တာမြင့်ကြူကပြော သည်။ ဟို တယ်ဆောက်လုပ်ရန် လျှောက်ထားရာတွင် မြေပိုင်ဆိုင် မှုမှန်ကန်ကြောင်း ထောက်ခံချက်၊ အငှားမြေဖြစ် ပါကလည်း ငှားရမ်းမြေဖြစ်ကြောင်း ထောက်ခံချက်၊ ဟိုတယ်ဆောက်လုပ်မည့် နေရာပတ်ဝန်းကျင်ရှိ အနည်းဆုံး ဆယ်အိမ်၏   ထောက်ခံချက်၊ ဟိုတယ်တည်နေရာမြေပုံ၊ အ ဆောက်အအုံအမျိုးအစား၊ ပါဝင် မည့်အခန်းအရေအတွက်၊ ကုန်ကျတန်ဖိုးနှင့် တည်ဆောက်မည့် ငွေအရင်းအနှီးအစရှိသည့် အချက် များဖြင့်   တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ဟိုတယ်တည် ဆောက်ခွင့်လိုင်စင်ရရှိပါကလည်း စည်ပင်သာ ယာ ခွင့်ပြုမိန့် ဆက်လက်တောင်းခံပြီး  စတင် ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခင်က ဟိုတယ်ဆောက်လုပ်ခွင့်ပြုမိန့်ရရန် အချိန်တစ်လစောင့်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ တစ်ပတ် အတွင်း ဟိုတယ်တည်ဆောက်ခွင့်    ကျလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှ င့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးမှုဦးစီးဌာန   ညွှန်ကြားရေး မှူးဦးညီညီဆွေကပြောသည်။

ယခုနှစ်   သြဂုတ်လအထိ  မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ် ၂၇ လုံးရှိနေကြောင်း မန္တလေး တိုင်းဒေသကြီးဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဦးစီး ဌာနမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment