မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် ခက်ခဲစွာ သွားလာနေကြ ရသည်(ဓာတ်ပုံ − ကိုစိုင်း)
မိုးရာသီကာလဖြစ် သော လေးလတာအတွင်း မိုးများ ချိန်တွင် ဒေသခံ တိုင်းရင်း သားများ အနေဖြင့် ပြည် နယ် အတွင်းတစ် နေရာနှင့်တစ်နေရာသွားလာရာတွင် ဆိုင်ကယ်များကိုသာ အဓိကအားထား၍ သွား လာနေ ရကြောင်း ဒေသခံပြည်သူ များထံမှ သတင်းရရှိသည်။
‘‘ဆိုင်ကယ်နဲ့ဆိုတော့တော် ရုံလမ်းပိတ်တာလောက်တော့ ဖြတ်ကျော် သွားလာလို့ ရတယ်။ ပျက်ရင် လည်း ပြင်ရ တာလွယ် တယ်။ တောင်ယာ ထွက်သီးနှံကုန် စည်တွေအပါအ၀င် ကဏ္ဍစုံအ တွက် အသုံးပြု သွား လာရတာ လွယ်တဲ့အတွက်ကြောင့် ဆိုင် ကယ်နဲ့ပဲ မိုးရာသီကာလမှာအဓိ ကထားသွားလာနေရ တယ်’’ဟု ချင်းတိုင်းရင်းသားတစ်ဦးကပြော သည်။
တရုတ်နိုင်ငံထုတ် Kenbo တံဆိပ် 125အင်ဂျင်ပါဝါရှိဆိုင် ကယ်တစ်စီးလျှင် ကျပ်ခြောက် သိန်းဝန်းကျင် သာရှိပြီး ချင်းတောင်တန်းပေါ်တွင် ဆိုင်ကယ် များက သွားလာရေးအတွက်အသုံးဝင်ဆုံးဖြစ်ကာ အခြား ဆိုင်ကယ်များမှာ သွားလာရမလွယ်ကူဘဲပျက်စီးမှုလွယ်ကူသောကြောင့် ယင်းဆိုယ်ကယ်များကိုသာ အားထား သွားလာနေရခြင်းဖြစ်သည်။
7Day DAILY
No comments:
Post a Comment