မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် တိုင်းဒေသကြီးတာဝန်ရှိသူများလိုက်လံ စစ်ဆေးနေစဉ် ဓာတ်ပုံ−သန့်ဇင်
ပဲခူးမြို့တွင် သံဃာအ တုအယောင်များက အရက် သောက်ပိုက်ဆံတောင်းမှု များ ပြု လုပ်နေသောကြောင့် မြို့နယ်သံ ဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့က ပဲခူးမြို့နေရာအ များအပြားတွင် လိုက်လံစစ်ဆေး မှုများပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
‘‘မြို့အကုန်လိုက်စစ်ဆေး တယ်။ သံဃာအတုအယောင်တွေ တော့ မတွေ့ဘူး။ လိုက်ပြီးအလှူ ခံနေတဲ့ ဘုန်းကြီးတွေတွေ့တယ်။ သူတို့ကို ဘယ်ကျောင်းတိုက်က လဲ မေးတယ်။ ကျောင်းတိုက်ဆရာတော်ကို လှမ်းခေါ်ပြီး သူ့ကျောင်း က ဟုတ်၊မဟုတ်မေးတယ်။ သူ့ ကျောင်းက ဟုတ်တယ်၊ သံဃာ ဟုတ်တယ်ဆို ရင် ခေါ်သွားခိုင်းပါ တယ်’’ဟု ဆရာတော်ဦးဝံဏ္ဍိတ က မိန့်သည်။
အဆိုပါသံဃာအတုအ ယောင်များ စစ်ဆေးဖမ်းဆီးခြင်းများကို ယခုနှစ် ဇန်န၀ါရီလအတွင်း စတင်ပြုလုပ် ခဲ့ခြင်းဖြစ် ပြီး သံဃာအတုအယောင် ၁၀ ပါး ဖမ်းဆီးရမိကာ အရေးယူဆောင်ရွက်ထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြား သည်။
7Day DAILY
No comments:
Post a Comment