Monday 15 September 2014

ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား

Photo: ရီးရဲလ်မှ ရော်နယ်ဒိုကိုပြန်မခေါ်မီ မန်ယူနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ သဘောတူထား
Monday, September 15, 2014

လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေးခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ယေဘုယျသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အား မန်ယူအသင်းဘုတ် အဖွဲ့က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန်ညွှန်ကြားထားပြီး အမှန်တကယ် အထမြောက်နိုင်ရန် ငွေစိတ်ကြိုက် အသုံးခွင့်ပြုထားကြောင်းသိရသည်။

 မန်ယူက ရော်နယ်ဒိုကို ၂၀၀၉ ခုနှစ် နွေရာသီက ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ် သို့ ရောင်းချခဲ့သည်။ လာမည့် ဇန်န၀ါရီအပြောင်း အရွှေ့ကာလတွင် ဖြစ်နိုင်ခြေ ရှိသောခေါ်ယူမှုအတွက် ပေါ်တူဂီလက်ရွေးစင်ရော်နယ်ဒိုကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်း မည်ဖြစ်သည်။ ယင်းအချိန်တွင် ရော်နယ်ဒိုမှာ အသက် (၃၀)နှစ် ရှိမည်ဖြစ်ပြီး ကမ်းလှမ်းမည့်ငွေပမာဏကိုရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က လက်ခံဖွယ်ရှိသည်။

ရော်နယ်ဒိုကလည်း အသင်းဟောင်းမန်ယူသို့ တစ်နေ့ပြန်လာ လိုကြောင်း ပြော ကြားထားသည်။ ရီးရဲလ်အတွက် ပွဲပေါင်း ၂၅၀ ကစားပေးထားပြီး ၂၅၅ ဂိုး သွင်းယူ ထားသော ရော်နယ်ဒိုသည် ရီးရဲလ်အသင်းကို ဂါရက်ဘေးလ်နှင့် ရိုဒရီဂွတ်ဇ် တို့ ရောက်ရှိလာ ခြင်းကြောင့် အသင်းအပေါ် ၎င်း၏ လွှမ်းမိုးမှု အရှိန်အ၀ါ လျော့ပါး သွားခဲ့သည်။ ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ဥက္ကဋ္ဌပီရက်ဇ်က ချယ်လ် စီးအသင်းမှ ဟားဇက်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Ref: AFP
7Day DAILY
လန်ဒန်-မန်ယူနှင့် ရီးရဲလ်မှ ဘောလုံးကြယ်ပွင့်ရော်နယ်ဒို၏ အေးဂျင့်ဂျော့ခ်ျမန် ဒက်စ် တို့ကြား ဆွေးနွေး ခဲ့ပြီးနောက် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် မန်ယူနှင့် ပုဂ္ဂိုလ်ရေးအချက်အလက် များ ယေဘုယျ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။
မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်အား မန်ယူအသင်းဘုတ် အဖွဲ့က ရော်နယ်ဒို ကို ပြန်လည်ခေါ်ယူရန်ညွှန်ကြားထားပြီး အမှန်တကယ် အထမြောက်နိုင်ရန် ငွေစိတ်ကြိုက် အသုံးခွင့်ပြု ထားကြောင်းသိရသည်။

 မန်ယူက ရော်နယ်ဒိုကို ၂၀၀၉ ခုနှစ် နွေရာသီက ပေါင်သန်း ၈၀ ဖြင့် ရီးရဲလ် သို့ ရောင်းချခဲ့သည်။ လာမည့် ဇန်န၀ါရီအပြောင်း အရွှေ့ကာလတွင် ဖြစ်နိုင်ခြေ ရှိသောခေါ်ယူမှု အတွက် ပေါ်တူဂီလက်ရွေးစင်ရော်နယ်ဒို ကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်း မည်ဖြစ်သည်။ ယင်းအချိန်တွင် ရော်နယ်ဒိုမှာ အသက် (၃၀)နှစ် ရှိမည်ဖြစ်ပြီး ကမ်းလှမ်းမည့်ငွေပမာဏကိုရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် က လက်ခံဖွယ် ရှိသည်။

ရော်နယ်ဒိုကလည်း အသင်းဟောင်းမန်ယူသို့ တစ်နေ့ပြန်လာ လိုကြောင်း ပြော ကြားထားသည်။ ရီးရဲလ် အတွက် ပွဲပေါင်း ၂၅၀ ကစားပေးထားပြီး ၂၅၅ ဂိုး သွင်းယူ ထားသော ရော်နယ်ဒိုသည် ရီးရဲလ်အသင်းကို ဂါရက်ဘေးလ်နှင့် ရိုဒရီဂွတ်ဇ် တို့ ရောက်ရှိလာ ခြင်းကြောင့် အသင်းအပေါ် ၎င်း၏ လွှမ်းမိုးမှု အရှိန် အ၀ါ လျော့ပါး သွားခဲ့သည်။ ရော်နယ်ဒိုနေရာတွင် အစားထိုးရန် ဥက္ကဋ္ဌပီရက်ဇ်က ချယ်လ် စီးအသင်းမှ ဟားဇက်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Ref: AFP
7Day DAILY

No comments:

Post a Comment