Monday 15 September 2014

ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်

Photo: ပရိသတ်ကို တောင်းပန်တဲ့အနေနဲ့ သီချင်းသုံးပုဒ် အွန်လိုင်းတင်ပေးမယ့် လင်းနစ်
Monday, September 15, 2014

တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေးသွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။

‘‘တတိယတစ်ကိုယ်တော် ခွေကို ဇူလိုင်လောက် ထွက်မယ် လို့ ပြောထားတာ။ ဒါပေမဲ့ ကျန်း မာရေး မကောင်းတာနဲ့ ကောင်း ပြန်တော့လည်း ဆိုတာ အားမရ လို့ ခုမှ ဆိုရတာဆိုတော့ ပြော ထားတာနဲ့ အချိန်နဲ့ ဟနေလို့ ပရိသတ်ကိုတောင်းပန်တဲ့အနေနဲ့ တင်ပေးဖြစ်တာ’’ဟု ၎င်းက ပြော သည်။

အွန်လိုင်း   တင်ပေးမည့် သီချင်းသုံးပုဒ်မှ တစ်ပုဒ်ကို စက် တင်ဘာလဆန်းတွင်   တင်ပေး ထားပြီး    ကျန်သည့်နှစ်ပုဒ်ကိုမူ ဆယ့်ငါးရက်ခန့်စီခြား၍ တင်ပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘လောလောဆယ် အတိတ် ရဲ့ အရိပ်ဆိုတဲ့ သီချင်းတင်ထား တယ်။ အဲဒီသီချင်းက ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ တတိယတစ်ကိုယ်တော်ခွေရဲ့ နာမည်ကိုလည်း ဒီသီချင်းထဲမှာ ပါတဲ့ အနှေးပြကွက်ဆိုတဲ့ စကား လုံးလေးကို ကြိုက်လို့ သုံးထား တယ်’’ဟု လင်းနစ်က ပြောသည်။

ယင်းအခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး ၎င်းကိုယ် တိုင်ရေးထားသည့် သီချင်းရှစ်ပုဒ် ပါဝင်ကာ ကိုယ်ပိုင်သံစဉ်သီချင်း များသာ ပါဝင်မည်ဟု ၎င်းက ပြောသည်။

‘‘ဒီအခွေမှာ သီချင်းဟောင်း တစ်ပုဒ်ပြန်ဆိုချင်တယ်ဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ဆိုနေကျ    ဆရာစောဘွဲ့မှူးရဲ့ သုခုမ၏ သီးသန့်ပိုင်ရှင်သီချင်း ကို သူငယ်ချင်းတွေ ရွေးပေးလို့ ဆိုထားတယ်’’ ဟု    ၎င်းက ပြော သည်။

ယင်းသီချင်းခွေအတွက် သီချင်းနှစ်ပုဒ် အသံသွင်းရန် ကျန် ရှိနေပြီး အောက်တိုဘာလကုန် တွင် ထွက်ရှိနိုင်ရန် ကြိုးစားသွား မည်ဟု ၎င်းက ဆိုသည်။

7Day DAILY
တတိယတစ်ကိုယ်တော် ခွေတွင် ပါဝင်မည့် သီချင်းသုံးပုဒ် ကို အခွေမဖြန့်ချိမီ အွန်လိုင်းတွင် တင်ပေး သွားမည်ဖြစ်ကြောင်း လင်းနစ်က ပြောသည်။
‘‘တတိယတစ်ကိုယ်တော် ခွေကို ဇူလိုင်လောက် ထွက်မယ် လို့ ပြောထားတာ။ ဒါပေမဲ့ ကျန်း မာရေး မကောင်း တာနဲ့ ကောင်း ပြန်တော့လည်း ဆိုတာ အားမရ လို့ ခုမှ ဆိုရတာဆိုတော့ ပြော ထားတာနဲ့ အချိန်နဲ့ ဟနေလို့ ပရိသတ်ကိုတောင်းပန်တဲ့အနေနဲ့ တင်ပေးဖြစ်တာ’’ဟု ၎င်းက ပြော သည်။

အွန်လိုင်း   တင်ပေးမည့် သီချင်းသုံးပုဒ်မှ တစ်ပုဒ်ကို စက် တင်ဘာလဆန်းတွင်   တင်ပေး ထားပြီး ကျန် သည့်နှစ်ပုဒ်ကို မူ ဆယ့်ငါးရက်ခန့်စီခြား၍ တင်ပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘လောလောဆယ် အတိတ် ရဲ့ အရိပ်ဆိုတဲ့ သီချင်းတင်ထား တယ်။ အဲဒီသီချင်းက ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ တတိယတစ်ကိုယ်တော်ခွေရဲ့ နာမည်ကိုလည်း ဒီသီချင်းထဲမှာ ပါတဲ့ အနှေးပြကွက်ဆိုတဲ့ စကား လုံးလေးကို ကြိုက်လို့ သုံးထား တယ်’’ဟု လင်းနစ်က ပြောသည်။

ယင်းအခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး ၎င်းကိုယ် တိုင်ရေးထားသည့် သီချင်းရှစ်ပုဒ် ပါဝင်ကာ ကိုယ်ပိုင်သံစဉ်သီချင်း များသာ ပါဝင်မည်ဟု ၎င်းက ပြောသည်။

‘‘ဒီအခွေမှာ သီချင်းဟောင်း တစ်ပုဒ်ပြန်ဆိုချင်တယ်ဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ဆိုနေကျ    ဆရာစောဘွဲ့မှူးရဲ့ သုခုမ၏ သီးသန့်ပိုင်ရှင်သီချင်း ကို သူငယ်ချင်းတွေ ရွေးပေးလို့ ဆိုထားတယ်’’ ဟု    ၎င်းက ပြော သည်။

ယင်းသီချင်းခွေအတွက် သီချင်းနှစ်ပုဒ် အသံသွင်းရန် ကျန် ရှိနေပြီး အောက်တိုဘာလကုန် တွင် ထွက်ရှိနိုင် ရန် ကြိုးစားသွား မည်ဟု ၎င်းက ဆိုသည်။

7Day DAILY

No comments:

Post a Comment