Thursday 14 August 2014

အမဲသတ်ခွင့်လိုင်စင်ရ ဇီဝိတဒါနအဖွဲ့နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆက်ဆွေးနွေးမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမဲသတ်ခွင့်လိုင်စင် ရရှိထားသော ဇီဝိတဒါနအဖွဲ့၏ လုပ်ကိုင်ခွင့် များကြောင့် အခွင့် အရေး ဆုံးရှုံးမှုများဖြစ်နေသောကြောင့် အကောင်းဆုံး အစီအစဉ်တစ်ခု ချမှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို တိုင်းလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ ထောက်ခံ လိုက်သည်။
သြဂုတ်လ ၁၃ ရက်က ကျင်းပခဲ့သော ပထမအကြိမ် ဧရာဝတီတိုင်းလွှတ်တော် ဒသမပုံမှန်အစည်းအဝေး တွင် ညောင်တုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိသဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည်။

အဆိုတင်သွင်းရခြင်းနှင့် ပတ်သက်၍ ဒေါက်တာလှမင်းက ဇီဝိတဒါနအဖွဲ့များ နှင့် ပတ်သက်ပြီး တရားဝင် လုပ်ကိုင်ရမည့် စည်းကမ်းသတ်မှတ်ချက်များ မရှိသည့်အတွက် အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေးအပိုင်း တို့ကို အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေခြင်းနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ လယ်သမား များ နိုင်ငံ သား တစ်ဦး ရပိုင်ခွင့်အခွင့်အရေးများ ဆုံးရှုံးနေရခြင်းများ ဆက်လက်မဖြစ်ပေါ်စေရေး အတွက် တင်သွင်း ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဇီဝိတဒါနအဖွဲ့များမှာ ဧရာဝတီတိုင်းအတွင်းရှိ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ကျိုက်လတ်၊ ညောင်တုန်း၊ မအူပင်၊ ကျောင်းကုန်းစသည့် မြို့နယ်အချို့တွင်ရှိပြီး အမဲသတ်လိုင်စင်များ လုပ်ကိုင်ခွင့်ယူထားသည်။

ယင်းအပြင် နယ်ကျော်၍ ကျွဲ၊ နွား ရောင်းဝယ်မှုများအတွက်လည်း အရေးယူမှုများ ပြုလုပ်နေသဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရန် အဆိုတင်သွင်းခြင်းဖြစ်သည်။

“အသားကိုတောင်မှ ဥပဒေနှင့်အညီသာ ဖမ်းဆီးနိုင်ခွင့်ရှိပေမယ့် တရားစွဲဆိုပိုင်ခွင့် မရှိပါဘူး။ နွားတွေကို တစ်နေရာက တစ်နေရာကူးရာမှာ အရေးကြီးကုန်စည် ပုဒ်မ ၅ နှင့်ဖမ်းဖို့ သတင်းပေးခွင့်ရှိပါတယ်။ ဒါပေမဲ့ တရားဝင်ထောက်ခံချက်စုံရင် ဖြတ်သန်းခွင့်ပြုရပါတယ်”ဟု ဒေါက်တာလှမင်းက လွှတ်တော်တွင် ပြော သည်။

Mizzima - News in Burmese

No comments:

Post a Comment