အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်းမှူးတွေကြားမှာ ဂါဇာဒေသ တိုက်ပွဲတွေကို နောက်ထပ်၅ရက် အပစ်အခတ် ရပ်စဲဖို့ သဘောတူ လိုက်ကြပါတယ်။ ဂါဇာကမ်းမြောင် ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ အီဂျစ်နိုင်ငံ မှာ အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေဟာ ကြားခံညှိနှိုင်းမှု ကတဆင့် ဆွေးနွေးနြေ က တာ ဖြစ်ပါတယ်။ ပထမတော့ ပါလက်စတိုင်းနဲ့ အီဂျစ်အရာရှိတွေက သဘောတူညီချက် ရပြီလို့ပြောခဲ့ ပါတယ်။
တချိန်ထဲမှာဘဲ ဂျေရုဆလမ်က လာတဲ့သတင်းတွေအရ အစ္စရေး ဘက်ကလည်းနောက်ထပ် ၅ရက်အပစ် ရပ်ဖို့ သက်တမ်းတိုးတာ သဘောတူတယ်လို့ အစ္စရေး အဆင့်မြင့် တပ်ဘက် အရာရှိတယောက်က ဘီဘီစီကိုပြောပါတယ်။
ဒေသစံတော်ချိန် ညသန်းခေါင်မှာမူလ ၃ရက်အပစ်ရပ်တာ မပြီးဆုံးမီ နောက်ထပ် အပစ်ရပ်စဲရေး ထပ်တိုး လိုက်တာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ အဖြေမရမဲ့ပုံ ပေါ်နေရာကနေ အခုလိုသဘောတူချက် ရလာတာလို့ ဂါဇာရှိ ဘီဘီစီ သတင်းထောက် ကယ်ဗင် ကော်နယ်လီက ပြောပါတယ်။
ဒါပေမယ့် ရှေ့ဆက် ညှိနှိုင်းရမယ့် ဆွေးနွေးပွဲတွေ အတော်လေး ခက်ခက်ခဲခဲ ဖြစ်လိမ့်မယ် လို့လည်း သူကပြောသွားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment