ဒဂုံတက္ကသိုလ် နေ့ကျောင်းသူ ကျောင်းသားများ ကျောင်းဆင်းလာစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လာမည့် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည် အချင်းများသတ် မှတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို ၀င်ခွင့်လိုအပ်ချက် များအဖြစ် ထည့်သွင်းလိုက် သည်။
တက္ကသိုလ်ဝင်တန်း စာမေး ပွဲ အောင်မြင်ထားရုံဖြင့် အဝေး သင်တက္ကသိုလ်ရှိ အထူးပြုဘာ သာရပ် ၁၉ ခုလုံးကို လျှောက်ထား နိုင်ခဲ့သော်လည်း လာမည့်ပညာ သင်နှစ်တွင် ဘာသာရပ် ၁၁ ခုအတွက် အရည် အချင်း လိုအပ် ချက်များ သတ်မှတ်လိုက်ခြင်းဖြစ် သည်။လာမည့် ပညာသင်နှစ် အဝေးသင်တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည် အချင်းများသတ် မှတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို ၀င်ခွင့်လိုအပ်ချက် များအဖြစ် ထည့်သွင်းလိုက် သည်။
အဝေးသင်တက္ကသိုလ်ဝင် ခွင့်လျှောက်ထားလိုသူများအနေ ဖြင့် အင်္ဂလိပ်စာဘာသာရပ်အ တွက် တက္က သိုလ် ၀င် စာမေးပွဲ တွင် အင်္ဂလိပ်စာရမှတ် အနည်း ဆုံး ၅၀ မှတ်၊ ဥပဒေပညာရပ် အတွက် အင်္ဂလိပ်စာ ရမှတ် ၅၀ မှတ်နှင့် စုစုပေါင်းရမှတ် အနည်း ဆုံး ၃၀၀ မှတ်ရရှိထားရန် လို အပ်တော့ မည်ဖြစ်သည်။
စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာပညာ၊ အိမ်တွင်းစီးပွား ပညာ၊ စီးပွားစီမံပညာဘာသာ ရပ်များအတွက် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘောဂဗေဒဘာသာ ရပ်ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင် ထားပါ က ဘောဂဗေဒ ဘာသာရမှတ် ၆၀ မှတ်နှင့် စုစု ပေါင်းရမှတ် အနည်းဆုံး ၃၀၀ ရရှိထားရမည်ဖြစ် သည်။ ဘောဂ ဗေဒဘာသာရပ်မပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူ များသည် စုစုပေါင်း ရမှတ် အနည်းဆုံး ၃၂၀ ရရှိထားရန် သတ်မှတ်လိုက်သည်။
ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာဘာသာရပ်အတွက် တက္က သိုလ်ဝင်စာမေးပွဲတွင် သက်ဆိုင် ရာဘာသာရပ် ရမှတ် အနည်းဆုံး ၅၀ မှတ်နှင့် သတ္တဗေဒနှင့် ရုက္ခ ဘာသာရပ်အတွက် ဇီဝဗေဒ ဘာသာရပ် ရမှတ် အနည်း ဆုံး ၄၅ မှတ်ရရှိထားရန် လိုအပ်မည် ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွက် တက္က သိုလ်ဝင် စာမေးပွဲအောင်မြင်၍ အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသူ များသည် အဝေးသင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၄ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် တွင် ဖော်ပြထားခြင်းဖြစ်သည်။
‘‘အင်္ဂလိပ်စာကလွဲပြီး အဲဒီ ၀င်ခွင့်သတ်မှတ်လိုက်တဲ့ ဘာသာရပ်အများစုကကျောင်းသားအများစု မကြိုက် ကြပါဘူး။ အဝေး သင်မှာ ကျောင်းသားတွေက ဘာ သာရပ်၊ ပညာရပ်ထက် စာမေးပွဲ အောင်ဖို့ လွယ်တယ် လို့ ယူဆတဲ့ ဘာသာရပ်ကို ရွေးချယ်နေကြ တာပါ’’ဟု တက္ကသိုလ်ဆရာတစ် ဦးက သုံးသပ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် နိမ့်ကျ၍ အဝေးသင်တက္ကသိုလ်တက်ရောက်လိုသော ကျောင်းသားများ အနေဖြင့် မြန် မာစာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိ ကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်း ပညာ၊ မြန်မာမှုပညာနှင့် ရသစာပေအ ရေးအသားဘာသာရပ်များကို သာရွေးချယ်သင်ယူရန် အခွင့် အလမ်းရှိမည်ဖြစ်သည်။
7Day DAILY
No comments:
Post a Comment