Monday 15 December 2014

KNU ၏ စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရန် အတွက် တပ်မဟာ အလိုက် စီးပွားရေး တာဝန်ခံများ ယနေ့ တွေ့ဆုံ ဆွေးနွေးမည်

ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ စီးပွားရေး လုပ်ငန်းများ တိုးချဲ့နိုင်ရန် အတွက် တပ် အလိုက် စီးပွားရေး တာဝန်ခံ များသည် ဌာနချုပ် ရှိရာ လေးဝါးတွင် ယနေ့ တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း KNU တပ်မဟာ (၇) စီးပွားရေး ဌာနမှ သတင်း ရရှိသည်။ KNU တွင် တပ်မဟာ (၇) ခုရှိရာ တပ်မဟာ အလိုက် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် နေပြီး တပ်မဟာ (၆) နှင့် တပ်မဟာ (၇)မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များကို ပိုမို လုပ်ဆောင်ရကြောင်း KNU တပ်မဟာ (၇) ထံမှ သိရသည်။

ကျွန်တော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်မယ် ဆိုတဲ့ မူဝါဒတွေကို စီးပွားရေးဌာန အလိုက် စည်းဝေး သွားမယ်။ တချို့ တပ်မဟာ တွေက ခနောက်စိမ်းတူး ကြတယ်။ တချို့တွေက ကျောက်မီးသွေး တူးကြတယ်။ တပ်မဟာ (၃) တို့ တပ်မဟာ (၅) တို့ ကျတော့ ရွှေတွင်းတွေ ရှိတယ်၊ ရွှေတူး ကြတယ်။ တပ်မဟာ (၇) ကျတော့ ဂေါ်ဒန် ကျောက်တူးတဲ့ လုပ်ငန်းပဲ ရှိတယ်။ ကျွန်တော် တို့မှာက တခြား သယံဇာတတွေ မထွက်ဘူး။ ဂေါ်ဒန် ကျောက်ကနေ ဘိလပ်မြေ စက်ရုံကို ပေးသွင်းတဲ့ ဟာပဲ ရှိပါတယ်။ စီးပွားရေး လုပ်ငန်း တွေကို ဘယ်လို တိုးချဲ့မယ် ဘယ်လို မူဝါဒနဲ့ သွားမယ် ဆိုတာ ဆွေးနွေးပြီး ဗဟိုဌာနကို တင်ပြရ မှာပါ ဟု KNU တပ်မဟာ (၇) စီးပွားရေး တာဝန်ခံ ဗိုလ်မှူး စောမိုးဇက် က The Messenger Media သို့ ပြောသည်။

Messenger News Journal 

No comments:

Post a Comment