၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံရေးပါတီများလိုက်နာရမည့် ကျင့်ဝတ်ရေးရာဆိုင်ရာဆွေးနွေးပွဲကို ယနေ့မနက်ပိုင်းက ပန်ဒါဟော်တယ်တွင် ကျင်းပနေရာ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များနှင့် နိုငံတကာရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများတက်ရောက်ကြ သည်။
ယခင်ရွေးကောက်ပွဲကို နအဖခေတ်အမိန့်အာဏာအောက်တွင် လုပ်ဆောင်ခဲ့ရသောကြောင့် အားနည်း ချက်များရှိခဲ့ ကာ ယခု လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ကျင်းပနိုင်ရေးအတွက် ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကိုနိုင်ရေးပါတီများအကြား ဆွေးနွေးထားဖို့လိုကြောင်း အဖွင့်မိန့်ခွန်းတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်းပြောကြားသွားသည်။
ယနေ့ဆွေးနွေးပွဲတွင် လိုက်နာရမည့်ကျင့်ဝတ်များ ဆန္ဒမဲစာရင်း အချိန်ဇယား တို့ကိုဆွေးနွေးမည်ဖြစ်ကာ International Foundation for Electoral Systems , USAID , The international Institute တို့မှ ပံ့ပိုးကူညီနေသည်။
Popular Myanmar News Journal
No comments:
Post a Comment