‘‘နိုင်ငံရေးပါတီလူပုဂ္ဂိုလ်အ ဖွဲ့အစည်းများအနေနဲ့ မိမိရဲ့အယူ အဆကိုသာ ရှေ့တန်းမတင်ဘဲ မတူကွဲပြား မှုများကို ချန်ထားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင် ပြည်သူများမျှော်မှန်းထားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို စည်းကမ်းတကျ တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။
ထို့အပြင် နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စေရန် ၂၀၀၈အခြေခံ ဥပဒေ သည် အဓိကဖြစ်ပြီးအဆိုပါဥပဒေအား တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာ၊ အတတ်ပညာရှင် များနှင့် စနစ်တကျ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထ၀ီဝင်အနေအထား၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ စရိုက်တို့ကိုပါ ထည့်သွင်းရေးဆွဲ ထားကြောင်း ကာကွယ်ရေးဦးစီး ချုပ်ကဆိုသည်။
သို့သော် မည်သည့်နိုင်ငံ၏ အခြေခံဥပဒေကမှ ရာနှုန်းပြည့်ပြီး ပြည့်စုံသည်မရှိဘဲ လိုအပ်ချက် များလည်း ရှိနိုင်ခြင်းကြောင့် တပ်မတော်အနေနှင့် ပြင်ဆင်သင့် သည့်အချက်များ ပြင်ဆင်နိုင်ရန် ပြဋ္ဌာန်းချက်များ အတိုင်း လွှတ်တော်အတွင်းမှ ဆွေးနွေးလျက်ရှိ ပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးတို့ ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို တပ်မ တော်က လက်ကမ်းကြိုဆိုသွား မည်ဖြစ်ကြောင်း ထပ်မံပြောကြား ခဲ့သည်။
7Day DAILY
No comments:
Post a Comment