(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။
အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကိုတော့ တိုက်ခန်း၏ ဝရံတာရှိ လက်ဆွဲသေတ္တာထဲမှာ ဝှက် ထားတာကိုတွေ့ခဲ့ရပြီး အသက်(၂၅)နှင့်(၃၀)ကြား နောက်ထပ် အမျိုးသမီး တစ်ဦးကိုတော့ ၄င်း၏ လည်ပင်း နှင့် တင်ပါးများမှာ ဒဏ်ရာများနှင့် တိုက်ခန်းအတွင်းမှာ လဲနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါသည်။
အမျိုးသမီးများ၏ ဒဏ်ရာများအား အနီးကပ် ရိုက်ယူခြင်း အပါအဝင် သေဆုံးပြီးနောက် ဗီဒီယိုများနှင့် ဓာတ်ပုံပေါင်း (နှစ်ထောင်ခန့်)ကို ရိုက်ယူခဲ့ကြောင်း ဟောင်ကောင်၏ အက်ပဲလ်နေ့စဉ်ထုတ် သတင်းစာက ပြောကြားခဲ့ပါသည်။
ယခုလို ပြင်းထန်သည့် ဖြစ်ရပ်မျိုးသည် ဟောင်ကောင်မှာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်ပြီး မြို့၏ လူသတ်မှုနှုန်းသည် ကမ္ဘာမှာ အနည်းဆုံး စာရင်းဝင်ကြောင်း သိရှိရပါသည်။
MRTV
No comments:
Post a Comment