ရေမဆေးကျောက် ရှာဖွေနေကြသူများ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။
လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာက တောက်ပကြယ်ကုမ္ပဏီပိုင် မြေစာသယ်ကား ၁ စီးဟာ အဲဒီနေ့က မြေစာတွေ လာသွန်ချတဲ့ အခါမှာ လူရွယ်တဦးရဲ့ အလောင်းကို တွေ့ ရှိကြောင်း ဒေသခံတွေက ပါတီကို အကြောင်းကြားခဲ့တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။
ဦးဒါရှီလာဆိုင်းက “မနေ့က တောက်ပကြယ် ဆိုတဲ့ ကုမ္ပဏီက မြေစာစွန့်ပစ်တဲ့ အချိန်မှာ ရေမဆေး ကျောက်ရှာတဲ့ လူတွေက အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်းကို တွေ့တာပေါ့နော်။ လူငယ်က အသက် ၂၀ ကျော် ခန္ဓာကိုယ် ၃ ပိုင်းပြတ်သွားတာ၊ ကုမ္ပဏီဝင်းထဲမှာဘဲ သူတို့က ကျောက်သွားတူးတာ ခြေထောက်တခြား၊ လက်တခြာ၊ ကိုယ်တခြား ခေါင်းကတော့ ညနေပိုင်းမှဘဲ တွေ့တယ်။” လို့ ပြောပါတယ်။
သေဆုံးသူဟာ မဆွတ်ယန်ရွာသာား လမုန်းဂွန်ဂျားအောင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းက ပျောက်ဆုံးခဲ့ကြောင်းနဲ့ ဇနီးသည်နဲ့ ကလေးတဦးကျန်ရစ်ကြောင်းသူက ဖြည့်စွက်ပြောပါတယ်။
အဲဒီလူရွယ် ဒေီကနေ့ထိတော့ ဘာကြောင့် သေဆုံးပြီး မြေစာကားနဲ့ ပါလာလဲဆိုတာကိုတော့ မသိနိုင်သေး ဘဲ ရဲက သေမှုသေခင်းဖွင့်လှစ် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
လူရွယ်ရဲ့ အလောင်းကိုတော့ မနေ့ညနေကဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း၊ အခင်းဖြစ်ရာကို ရဲတပ်ဖွဲ့တွေက လာရောက်ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြပေ မယ့် အရေး တယူ မေးမြန်း စုံစမ်း စစ်ဆေးတာတွေ မတွေ့ရလို့ ဒေသခံတွေ အားမလိုအားမရ ဖြစ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။
သူတို့ ပါတီအနေနဲ့တော့ ဖြစ်ပွားပုံကို ဆက်လက်မေးမြန်းပြီး မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်း တာဝန်ရှိသူ တွေကို ဆက်လက်တိုင်ကြားပေးမယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသမှာ အရင်းအနှီးမဲ့သူ လူများစုက ရေမဆေးကျောက်တူးခြင်းကိုဘဲ အဓိကထား လုပ်ကိုင် နေရပြီး ရဲနဲ့ စစ်တပ်ရဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေးဖမ်းဆီးခြင်း၊ တွင်းပြိုကျခြင်း၊ မြေစာပုံပြိုကျခြင်း စတဲ့ အန္တရာယ်တွေလည်း မကြာခဏ ရင်ဆိုင်နေရတယ်လို့ ဦးဒါရှီလာဆိုင်း က ပြောသွားပါတယ်။
DVB
No comments:
Post a Comment