Monday 3 November 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုများအား နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် သူရဦးရွှေမန်း ညွှန်ကြား

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုများအား နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် သူရဦးရွှေမန်း ညွှန်ကြား
Monday, November 3, 2014

ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးမှုကို နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်းဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်အတွင်း အပြီးသတ်ဆွေးနွေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာ၌ ပြင်ဆင်ရန်စဉ်းစားသင့်ကြောင်း အကြံပြုသည့်ပုဒ်မများ ခေါင်းစဉ်အောက်တွင် ပုဒ်မ ၅၉ (စ) အား ထည့်သွင်းထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၅၉(စ) အား ပယ်ဖျက်ရန် NLD ပါတီက အကြံပြုထားသည်။ ပြည်ထောင်စုကြံခိုင်ရေးပါတီမှ အခြေအနေ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မဖြစ်ကြောင်း အကြံပြုသည်။ ရခိုင်အမျိုးသားပါတီက “နိုင်ငံခြားသားအိမ်ထောင်ဖက် သက်ရှိထင်ရှားရှိနေလျှင်” ဟု အစားထိုးသင့်ကြောင်း အကြံပြုသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက “မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း” ဟူသော စာသားဖြုတ်ပယ်ရန် အကြံပြုထားသည်။ သူရဦးအောင်ကိုက ဤပုဒ်မခွဲကို စဉ်းစားရန် အကြံပြုသည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း လက်ရှိအချိန်တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု ပြင်ဆင်ရန် အကြံပြုထားသည်။

ထို့ပြင် ပြည်သူများ စိတ်ဝင်စားနေသည့် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) ကိုလည်း ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ကော်မတီမှ အကြံပြုထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၄၃၆ (က) အား NLD ပါတီမှ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် (သို့) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်ကပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်” ဟု အကြံပြုထားသည်။

ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အကြံပြုရာတွင် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်” ဟု သုံးသပ်ထားသည်။ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆(က)အား မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ပုဒ်မ ၄၃၆(ခ)နှင့်ပတ်သက်၍ NLD ပါတီက အကြံပြုရာတွင် “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ(သို့)ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရန်” တင်ပြထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အများအပြားရှိနေပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးပြီးနောက် အစီရင်ခံစာအပေါ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ဆက်လက်ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးမှုကို နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်း ဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်အတွင်း အပြီးသတ်ဆွေးနွေးရန် ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာ၌ ပြင်ဆင်ရန်စဉ်းစားသင့်ကြောင်း အကြံပြုသည့်ပုဒ်မများ ခေါင်းစဉ်အောက်တွင် ပုဒ်မ ၅၉ (စ) အား ထည့်သွင်းထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၅၉(စ) အား ပယ်ဖျက်ရန် NLD ပါတီက အကြံပြုထားသည်။ ပြည်ထောင်စုကြံခိုင်ရေးပါတီမှ အခြေအနေ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မဖြစ်ကြောင်း အကြံပြုသည်။ ရခိုင်အမျိုးသားပါတီက “နိုင်ငံခြားသားအိမ်ထောင်ဖက် သက်ရှိထင်ရှားရှိနေလျှင်” ဟု အစားထိုးသင့်ကြောင်း အကြံပြုသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက “မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း” ဟူသော စာသားဖြုတ် ပယ်ရန် အကြံပြုထားသည်။ သူရဦးအောင်ကိုက ဤပုဒ်မခွဲကို စဉ်းစားရန် အကြံပြုသည်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း လက်ရှိအချိန်တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု ပြင်ဆင်ရန် အကြံပြု ထားသည်။

ထို့ပြင် ပြည်သူများ စိတ်ဝင်စားနေသည့် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) ကိုလည်း ပြင်ဆင်ရန် စဉ်းစားသင့် ကြောင်း ကော်မတီမှ အကြံပြုထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၄၃၆ (က) အား NLD ပါတီမှ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် (သို့) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော်ကပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်” ဟု အကြံပြုထား သည်။

ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အကြံပြုရာတွင် “နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်” ဟု သုံးသပ်ထားသည်။ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များက ပုဒ်မ ၄၃၆(က)အား မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ပုဒ်မ ၄၃၆(ခ)နှင့်ပတ်သက်၍ NLD ပါတီက အကြံပြုရာတွင် “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက် တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ(သို့)ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရန်” တင်ပြထားပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အများအပြားရှိနေပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးပြီးနောက် အစီရင်ခံစာအပေါ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ဆက်လက်ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment