Monday, 3 November 2014

လွှတ်တော်ချန်နယ်လိုင်း ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေဟုဆို

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ယူထုတ်လွှင့်နေသော လွှတ်တော်ချန်နယ်လိုင်းကို အများပြည်သူ ပိုမိုစိတ်ဝင်စား စေမည့် ရုပ်သံလိုင်းအဖြစ် ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

‘‘လက်ရှိ လွှတ်တော်ချန်နယ်က လူကြည့်နည်းနေတယ်။ စိတ်ဝင်စားမှုသိပ်မရှိဘူး။ ဒါကြောင့် အင်တာဗျူး တွေ၊ လူထုအသံတွေ ထည့်ပြီး ပြောင်းလဲမှုတွေ လုပ် မယ်’’ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းကဲ့သို့ ပြောင်းလဲမှု ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်နာယကနှင့် လည်း တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။

 အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မည်ကဲ့သို့ ပြောင်းလဲမှု ပြုလုပ်မည်ဆိုသည့် လုပ်ငန်းစဉ်ကို သေချာမသိရှိ ရသည့်အတွက် မှတ်ချက်မပေးလိုသော်လည်း ယခုထက် ပိုမိုစိတ်ဝင်စားကာ ပြည်သူအကျိုးပြုစေမည့် ကဏ္ဍများကိုပြောင်းလဲစေလိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောသည်။

‘‘ကျွန်တော်တို့က Channel 5 စက်တပ်ထားတော့ အဲဒီလိုင်း က လာတယ်။ တစ်ခါတစ်ခါ တော့ ကြည့်ဖြစ် ပါတယ်။ လွှတ် တော်ထဲမှာ ဆွေးနွေးတာတွေပဲ ပြနေတော့ ပျင်းဖို့တော့ကောင်းတယ်။ လူတွေက လွှတ်တော်ကို ဘာလုပ်ပေးစေချင်လည်း ဆို တဲ့ ကဏ္ဍတွေပါပါရင် ပိုကြည့် ကောင်းမှာပေါ့’’ဟု တာမွေမြို့ နယ်တွင် နေထိုင်သူ ဦးဝင်းမောင် တင်က ပြောသည်။

လက်ရှိ အဆိုပါ ရုပ်သံလိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ သီးသန့် ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်ပြသလျက်ရှိပြီး ယင်းလိုင်းတွင်လွှတ်တော်၌ ဆွေးနွေးချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မေးမြန်းမှုများ ထုတ်လွှင့်ပြသလျက်ရှိသည်။

7Day DAILY

No comments:

Post a Comment