Wednesday 29 October 2014

အထည်ချုပ်ကျွမ်းကျင် လုပ်သားနည်း၍ အပ်ထည်နောက်ကျ

Photo: အထည်ချုပ်ကျွမ်းကျင် လုပ်သားနည်း၍ အပ်ထည်နောက်ကျ
Wednesday, october 29, 2014

အထည်ချုပ်လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက် ပိုမိုကျယ်ပြန့်လာသော်လည်း ပြည်တွင်းလုပ်သား မကျွမ်းကျင်မှုနှင့် အမှာစာလွဲချော်မှုများကြောင့် အထည်ပြန် အပ်ချိန် နောက်ကျနေရကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင် အသင်း က ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ဈေးကွက် ပိုကျယ် လာပေမယ့် လုပ်သား ကျွမ်းကျင်မှုတွေ၊ အမှာစာတွေ ပေးပို့တဲ့အပိုင်း မှာ လွဲချော်မှုလေးတွေ ရှိနေတဲ့အတွက် အပ်ထည်ပြန်အပ်ချိန် နောက်ကျတာပါ”ဟု ဆိုသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းအတွင်း ယခင်မှာယူနေကျနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်ဈေး ကွက်အပြင် အနောက် ဥရောပမှ ဂျာမနီ၊ အင်္ဂလန်နှင့် စပိန်ဈေးကွက်များကိုလည်း တင်ပို့မှုများ ပိုမိုတိုး တက်လာသော်လည်း အထည်ပြန်အပ်ချိန် နောက်ကျ မှုကြောင့် ဈေးကွက်ထိခိုက်မှု အနည်းငယ် ရှိလာ သည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ဦးမြင့်စိုးက “အထည်ချုပ်လုပ်ငန်းက အခုနောက်ပိုင်း ပြိုင်ဆိုင်မှု ပိုပြင်းထန် လာတယ်။ နိုင်ငံတကာလုပ်ငန်း ကြီးတွေ ၀င်လုပ်လာတာဆိုတော့ အချိန်တိုတိုနဲ့ အပ်ထည်လိုချင်တယ်။ ဒီမှာကလည်း လုပ်သားကျွမ်းကျင်မှုနဲ့ တရုတ်နိုင်ငံက ကုန်ကြမ်းကို စောင့်ရတာတွေရှိတော့ အပ်ထည်နောက်ကျတော့ ၀ယ်လက်တွေက မကြိုက်ဘူး”ဟု ဆိုသည်။

လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ဂျပန်၊ အနောက်ဥရောပနိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်သင်တန်းများ၊ စက်ပြင်သင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောသည်။

လုပ်သားပေါများမှုနှင့် လုပ်ခလစာပေါများမှုကြောင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များ ပိုမိုဝင်ရောက်လာပြီး ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ခဲ့ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ပြည်တွင်းအထည်ချုပ်ထုတ်လုပ်မှု ၆၅ ရာခိုင်နှုန်းကို အာရှဈေးကွက်သို့ တင်ပို့ နေပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ဥရောပနှင့် လက်တင်အမေရိက ဈေးကွက်သို့ တင်ပို့နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြော သည်။

Mizzima - News in Burmese  

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထည် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ထားသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
 ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထည် ကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ထားသည်။
အထည်ချုပ်လုပ်ငန်းများ နိုင်ငံတကာ ဈေးကွက် ပိုမိုကျယ်ပြန့်လာသော်လည်း ပြည်တွင်းလုပ်သား မကျွမ်း ကျင်မှုနှင့် အမှာစာလွဲချော်မှုများကြောင့် အထည်ပြန် အပ်ချိန် နောက်ကျနေရကြောင်း မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင် အသင်း က ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ဈေးကွက် ပိုကျယ် လာပေမယ့် လုပ်သား ကျွမ်းကျင်မှုတွေ၊ အမှာစာတွေ ပေးပို့တဲ့အပိုင်း မှာ လွဲချော်မှုလေးတွေ ရှိနေတဲ့အတွက် အပ်ထည်ပြန်အပ် ချိန် နောက်ကျတာပါ”ဟု ဆိုသည်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းအတွင်း ယခင်မှာယူနေကျနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်ဈေး ကွက်အပြင် အနောက် ဥရောပမှ ဂျာမနီ၊ အင်္ဂလန်နှင့် စပိန်ဈေးကွက်များကိုလည်း တင်ပို့မှုများ ပိုမိုတိုး တက်လာသော်လည်း အထည်ပြန်အပ်ချိန် နောက်ကျ မှုကြောင့် ဈေးကွက်ထိခိုက်မှု အနည်းငယ် ရှိလာ သည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ဦးမြင့်စိုးက “အထည်ချုပ်လုပ်ငန်းက အခုနောက်ပိုင်း ပြိုင်ဆိုင်မှု ပိုပြင်းထန် လာတယ်။ နိုင်ငံတကာလုပ်ငန်း ကြီးတွေ ၀င်လုပ်လာတာဆိုတော့ အချိန်တိုတိုနဲ့ အပ်ထည်လိုချင်တယ်။ ဒီမှာကလည်း လုပ်သားကျွမ်းကျင် မှုနဲ့ တရုတ်နိုင်ငံက ကုန်ကြမ်းကို စောင့်ရတာတွေရှိတော့ အပ်ထည်နောက်ကျတော့ ၀ယ်လက်တွေက မကြိုက်ဘူး”ဟု ဆိုသည်။

လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ဂျပန်၊ အနောက်ဥရောပနိုင်ငံတို့မှ အထည်ချုပ်လုပ်ငန်းရှင် အသင်းနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်သင်တန်းများ၊ စက်ပြင်သင်တန်းများ ဖွင့်လှစ်လုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောသည်။

လုပ်သားပေါများမှုနှင့် လုပ်ခလစာပေါများမှုကြောင့် အထည်ချုပ်လုပ်ငန်းအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များ ပိုမိုဝင်ရောက်လာပြီး ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တင်ပို့ခဲ့ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြောသည်။

ပြည်တွင်းအထည်ချုပ်ထုတ်လုပ်မှု ၆၅ ရာခိုင်နှုန်းကို အာရှဈေးကွက်သို့ တင်ပို့ နေပြီး ကျန် ၃၅ ရာခိုင်နှုန်း ကို ဥရောပနှင့် လက်တင်အမေရိက ဈေးကွက်သို့ တင်ပို့နေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်းက ပြော သည်။

Mizzima - News in Burmese

No comments:

Post a Comment