တူရကီအစိုးရက ဆီးရီးယားနဲ့ နယ်စပ်တလျှောက် အောက်တိုဘာ ၂၈ ရက်နေ့က တင့်ကားတွေ တပ်ချပြီး နယ်စပ် လုံခြုံရေး တိုးမြှင့်နေပါတယ်။
Turkishအစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက တူရကီရှေ့တန်းစည်း ပေါ်က နယ်စပ် စခန်းကို သိမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ က တွန်းလှန်ခဲ့ပါတယ်။ တပ်စခန်း ဟာ ဆီးရီးယားနိုင်ငံတွင်းက ခိုဘာနီနဲ့ တူရကီနိုင်ငံတွင်းက မာစစစ်ပီနာတို့ကြား ချိတ်ဆက် ထားတာပါ။
ဒါဟာ တိုက်ခိုက်ရေးသမားတွေအတွက် နယ်စပ်မြို့ကနေ တူရကီကို ဖြတ်သန်းနိုင်တဲ့ တခုတည်းသော တရားဝင်လမ်းကြောင်းလည်း ဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ ချီတဲ့ အိုင်အက်စ် တိုက်ခိုက်ရေး သမားတွေ သေဆုံးခဲ့ပေမယ့် ခိုဘာနီကို သိမ်းပိုက်ရေး လက်မလွှတ်ဘဲ ၁ လကျော်ကြာ ကြိုးစားနေပါ တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတော့ တူရကီရဲတွေက တောင်ကုန်းတွေပေါ်ကနေ ခိုဘာနီကို လှမ်းကြည့်နေတဲ့ မီဒီယာသမားတွေနဲ့ လေ့လာသူတွေကို လူစုခွဲခဲ့တယ်လို့ ရိုက်တာစ် သတင်းဌာနမျက်မြင်သက်သေက ပြောပါတယ်။
၃ နှစ်ခွဲကြာ ဆီးရီးယားပြည်တွင်းစစ်ကို စောင့်ကြည့်လေ့လာနေတဲ့ ဆီးရီးယား လေ့လာရေးအဖွဲ့ကတော့ ခိုဘာနီမြို့ ရက် ၄၀ တိုက်ပွဲအတွင်း သေဆုံးသူ ၈၁၅ ယောက်ရှိပြီလို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment