Monday 18 August 2014

ကျေးလက်ဒေသမှ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်မည်

ကျေးလက်ဒေသတွင် နေထိုင်သူများအား အသက်မွေး ၀မ်းကျောင်း အထောက်အကူပြု သင်တန်းများကို    လာမည့် အောက်တိုဘာမှစ၍ ကျေးလက် ဒေသဖွံ့ဖြိုးရေး   ဦးစီးဌာနက သင်ကြားပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လက်သမားပညာ၊ ပန်းရန် ပညာ၊ သဘာဝမြေသြဇာထုတ် လုပ်နည်းပညာ    အစရှိသည့် ပညာရပ်များအား သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံး ပါက လုပ်ငန်းသုံးပစ္စည်းများကို လည်း ထောက်ပံ့ပေး မည်ဖြစ် ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဦးစီးဌာန   ဒုတိယညွှန်ကြား ရေးမှူးဦးမျိုးက ပြောသည်။

အုတ်စီနည်း၊ အင်္ဂတေဖျော် နည်းအစရှိသည့် ပညာရပ်များအ တွက် ၀ါရင့်လက်သမားဆရာများ နှင့် နည်းပညာတက္ကသိုလ်မှ ဆရာများက သင်ကြားပေးမည်ဖြစ် ကြောင်း၊ ကျေးရွာအတွက် လိုအပ်သည့် စာကြည့် တိုက်နှင့် အခြား အဆောက်အအုံများ လက်တွေ့ တည်ဆောက်စေမည်     ဖြစ် ကြောင်း ၎င်းကပြော သည်။

‘‘အလုပ်အကိုင် အခွင့်အ လမ်း ရှားပါးပြီး တောင်သူလုပ် ငန်းလည်း လုပ်လို့မရတဲ့ ရွာတွေ ကို ရွေးချယ်ပြီး သင်ကြားပေးမှာ ပါ’’ဟု ဒုတိယညွှန်ကြားရေးမှူး က ပြောသည်။ အဆိုပါ သင်တန်း များအပြင် စိုက်ပျိုးရေး၊ မွေးမြူ ရေးအစရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆွေးနွေးပွဲများလည်း ကျင်းပပေး မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ယခုနှစ် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင် တန်းများအတွက် ကျပ် ၈၄ သန်း အသုံးပြုသွား မည်ဖြစ်ကြောင်း ယမန်နှစ်က   မိတ္ထီလာမြို့နယ် ကြွယ်ဂန်ရွာနှင့် ၀မ်းတွင်းမြို့နယ် ပင်းတလဲရွာများတွင် ကျပ်သိန်း ၁၂၀ အသုံးပြုကာ လက်သမား၊ ပန်းရန်  အတတ်ပညာများ လက်တွေ့   သင်ကြားပေး ခဲ့ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment